Realme ကနေ အခုအချိန်မှာ Premium အဆန်ဆုံးသော Realme X စမတ်ဖုန်းတစ်ခုကို မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Realme X စမတ်ဖုန်းက ယခင်က သတင်းတွေပေါက်ကြားနေသလို Snapdragon 855 Processor နဲ့ Flagship Killer ဖုန်းမဟုတ်ဘဲ Mid Range Level ဖုန်းအနေနဲ့ပဲ ထွက်ရှိလာတာပါ။

Realme X စမတ်ဖုန်းက ကြီးမားတဲ့ 6.5″ AMOLED Full HD+ Display ကို အသုံးပြုထားပြီးတော့ ပုံမှန် စမတ်ဖုန်းတွေထက် ပိုမိုမြန်ဆန်တဲ့ Under-Display Fingerprint Sensor ကိုပါ ထည့်သွင်းထားဦးမှာဖြစ်ပါတယ်။ Screen က Notch ပါဝင်တော့မှာမဟုတ်ဘဲ Selfie Camera ကို Pop-up အနေနဲ့ အသုံးပြုထားမှာပါ။

Processor ပိုင်းအနေနဲ့ကတော့ Snapdragon 710 Processor အသုံးပြုထားပြီးတော့ RAM အနေနဲ့ 4GB ၊ 6GB နဲ့ 8GB ပါဝင်မှာဖြစ်ပြီး Storage အနေနဲ့ဆိုရင်တော့ 64GB နဲ့ 128GB ပါဝင်မှာပါ။

Camera အနေနဲ့ဆိုရင်တော့ 48MP Primary Sensor နဲ့ 5MP Depth Sensor ပါဝင်တဲ့ Dual Camera စနစ်ကို တပ်ဆင်ပေးထားပြီးတော့ Selfie Camera အနေနဲ့တော့ 16MP Pop-up Selfie Camera ပါဝင်မှာပါ။ Back Primary Sensor အနေနဲ့ Sony IMX586 Sensor ကို သုံးထားတဲ့အတွက် တော်တော်လေးကိုမဆိုးဘူးလို့ ပြောလို့ရပါတယ်။

Battery ပိုင်းအနေနဲ့တော့ 3765mAh Battery ပါဝင်ပြီးတော့ 0-55% ကို မိနစ် ၃၀ အတွင်းအားပြန်သွင်းနိုင်တဲ့ VOOC Flash Charge 3.0 ကိုထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Battery ပိုင်းကလည်း အားရစရာဖြစ်နေပါတယ်။

Realme X စမတ်ဖုန်းက ဈေးနှုန်းအနေနဲ့တော့ RAM 4GB/64GB Version ကို ဒေါ်လာ ၂၂၀ ဝန်းကျင်၊ RAM 6GB/64GB ကိုတော့ ဒေါ်လာ ၂၃၀ ဝန်းကျင်နဲ့ RAM 8GB/128GB Version ကို ဒေါ်လာ ၂၆၀ ဝန်းကျင်ပဲရှိမှာဖြစ်တဲ့အတွက် ဈေးအနေနဲ့ကတော့ တော်တော်လေးကို တန်တဲ့ဖုန်းတစ်ခုလို့ ပြောရမှာပါ။

Ref : GSMArena