Xiaomi ရဲ့ Brand အခွဲဖြစ်တဲ့ Redmi က အခုအချိန်မှာ India နိုင်ငံမှာ Redmi K20 နဲ့ K20 Pro စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi ကနေ ဒီ Redmi K20 Series ဖုန်းတွေကို မိတ်ဆက်လိုက်တဲ့ဈေးတွေက တရုတ်နိုင်ငံနဲ့ယှဉ်ရင် ပိုများနေတယ်လို့တောင် ပြောလို့ရပါတယ်။

အခု Redmi K20 ဖုန်းက India မှာ India Rupees (INR) 21,999 နဲ့ ရောင်းချနေတာဖြစ်ပြီးတော့ ဒီဈေးက ဒေါ်လာနဲ့ ပြန်တွက်ကြည့်ရင် ဒေါ်လာ ၃၁၀ ကျော်လောက်အထိ ဖြစ်နေတာပါ။ အဲ့ဒါကြောင့် India မှာ ဖြစ်သင့်တဲ့ဈေးထက်ပိုများနေတာလည်းဖြစ်ပါတယ်။

ဒီလို Redmi K20 ဖုန်းရဲ့ Pricing ကိုလည်း တော်တော်များများက မကျေနပ်ကြသလို Redmi ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Realme ကလည်း အခွင့်ကောင်းယူပြီး Redmi K20 ကို လှောင်ပြောင်လိုက်ပါသေးတယ်။

ဒါကတော့ မကြာသေးခင်ကမှ Realme ကနေ မိတ်ဆက်ထားခဲ့တဲ့ Realme X စမတ်ဖုန်းကလည်း Notch မပါတဲ့အပြင် 6.53″ Full HD+ Super AMOLED Display ကို Redmi K20 ထက် အများကြီးသက်သာတဲ့ဈေးနဲ့ ရနိုင်တယ်ဆိုပြီး “#WhyPayMore” ဆိုပြီး လှောင်ပြောင်သွားတာပါ။ ဒါ့အပြင် “Kill The Hype, Let’s be Real” ဆိုပြီးလည်း Realme K20 ကို မျှော်လင့်နေတာတွေကို သတ်ပစ်ဖို့ပြောသွားပါသေးတယ်။

Realme X ဟာ အနည်းငယ်စွမ်းဆောင်ရည်ပိုနိမ့်တဲ့ Snapdragon 710 Processor ၊ RAM 4GB နဲ့ Dual Camera ပဲပါဝင်နေတယ်ဆိုပေမယ့် Redmi K20 ထက် ဈေးက INR 5,000 ဒါမှမဟုတ် ဒေါ်လာ ၇၀ ကျော်ပိုသက်သာနေတော့ ကြည့်ရတာ Redmi အနေနဲ့ Price-to-Performance မှာ Realme ကို မယှဉ်နိုင်တော့တဲ့ပုံစံပါပဲ။

Ref : GSMArena