Realme ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Madhav Sheth ကနေ အခုအချိန်မှာ ကိုယ်ပိုင် OS ကို ထုတ်ပြဖို့အတွက်ဆောင်ရွက်နေပြီဆိုတာ အတည်ပြုလိုက်ပါပြီ။ Realme ဟာ လက်ရှိအချိန်အထိ မိခင်ကုမ္ပဏီဖြစ်တဲ့ OPPO ရဲ့ ColorOS ကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။

အခုလိုမျိုး Realme ရဲ့ CEO ကနေ Realme ရဲ့ ကိုယ်ပိုင် OS ကို ပြုလုပ်နေပြီဆိုတာ အတည်ပြုသွားခဲ့ပေမယ့် ဘယ်လို Feature တွေ အဓိကပါဝင်မလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီလတုန်းမှာ ပြုလုပ်ခဲ့တဲ့ Interview တစ်ခုအရတော့ Realme ရဲ့ CEO က Stock Android က အသုံးပြုသူတွေအတွက် အဆင်ပြေတဲ့ User Experience မဟုတ်ဘူးလို့ ပြောခဲ့ဖူးတဲ့အတွက် လက်ရှိ ColorOS လိုမျိုးပဲ Customized တော်တော်လေးကို လုပ်ထားတဲ့ UI တစ်ခုဖြစ်လာနိုင်ပါတယ်။

Realme ရဲ့ အခု ကိုယ်ပိုင် OS အသစ်က အဓိကအနေနဲ့ Performance ပိုင်းမှာ ကောင်းမွန်ဖို့ကို ရည်ရွယ်သွားမှာဖြစ်ပြီး ရေရှည် Update ရရှိဖို့ကိုလည်း ထည့်သွင်းစဉ်းစားထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Value-added Feature တွေကိုလည်း ထည့်သွင်းထားဖို့ရှိနေပါတယ်။

Realme just announced 64MP Camera

Realme just announced 64MP Camera

အခု Realme ရဲ့ ကိုယ်ပိုင် OS အကြောင်းအသေးစိတ်ကို လာမယ့် သြဂုတ်လ ၂၀ ရက်နေ့မှာ မိတ်ဆက်မယ့် 64MP Sensor နဲ့ Quad Camera ပါဝင်မယ့် Realme 5 Launch Event မှာ ထပ်ပြီး သိရှိရဖို့များနေပါတယ်။

Ref : GSM Arena