Realme ကနေ မကြာသေးခင်က Realme 3 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာတော့ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Realme 3 Pro ကို မကြာခင်မိတ်ဆက်ပေးသွားတော့မှာပါ။ အခုအချိန်မှာတော့ Realme ရဲ့ CEO ဖြစ်တဲ့ Madhav Sheth ကိုယ်တိုင်က Realme 3 Pro ရဲ့ Performance က ဘယ်လောက်ရှိမလဲဆိုတာကို ကြွားလုံးထုတ်ခဲ့ပါတယ်။

Realme 3

အခု Twitter မှာတင်ခဲ့တဲ့ ဓါတ်ပုံကတော့ Realme 3 Pro ဖုန်းနဲ့ Fortnite ကို 60fps နဲ့ ဆော့ကစားနိုင်တယ်ဆိုတဲ့ ဓါတ်ပုံပဲဖြစ်ပြီးတော့ Post Caption ကိုလည်း တခြားသော Pro ဖုန်းတွေက ဒီ Realme 3 Pro ဖုန်းလိုမျိုး Game အကောင်းစားတွေကို မဆော့နိုင်ဘူးဆိုပြီးရေးသားခဲ့တာဖြစ်ပါတယ်။ ဒီ Realme 3 Pro ဖုန်းရဲ့ ဘေးမှာ Xiaomi Redmi Note 7 Pro ကို ဘေးမှာထားထားတဲ့အတွက် တခြား Pro ဖုန်းဆိုတာက Redmi Note 7 Pro ကို ရည်ရွယ်တာဖြစ်နိုင်ပါတယ်။

အဲ့ဒီအတွက် Realme 3 Pro ရဲ့ Performance က စိတ်ဝင်စားစရာဖြစ်လာပြီးတော့ ဒီ Redmi Note 7 Pro ဖုန်းက Snapdragon 675 ကို အသုံးပြုထားတဲ့အတွက် Snapdragon 675 ထက်ပိုကောင်းတဲ့ Processor ကို အသုံးပြုလာမှာတော့ ကျိန်းသေသွားပြီဖြစ်ပါတယ်။

Realme

ဘာပဲဖြစ်ဖြစ် လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ မိတ်ဆက်တော့မယ့် Realme 3 Pro က စွမ်းဆောင်ရည်ကောင်းကောင်း စမတ်ဖုန်းတစ်ခုကို လိုချင်တဲ့သူတွေအတွက် စောင့်ကြည့်သင့်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာမှာပါ။

Ref : GSMArena