နှင်းစက်ပုံစံမျက်နှာပြင်၊ ကြီးမားတဲ့ဘက်ထရီနဲ့ အရောင်ပြေးဒီဇိုင်းတို့ပါဝင်တဲ့ Realme 3 စမတ်ဖုန်းသစ်ကို အထူးဈေးနှုန်း ၂ဝ၉,ဝဝဝ ကျပ်နဲ့ စတင်ရောင်းချပေးနေပြီလို့သိရပါတယ်။ RAM 3GB+ ROM 32GB ကို Standard Version အနေနဲ့ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် နောက်ထပ် Version တစ်ခုဖြစ်တဲ့ RAM 4GB+ROM 64GB အမျိုးအစားကိုတော့ ၂၅၉,ဝဝဝ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

အနက်နဲ့ အပြာပေါင်းစပ်ထားတဲ့ Dynamic Black အရောင်ပြေးဒီဇိုင်းနဲ့အတူ Limited Edition အနေနဲ့ရောင်းချပေးမယ့် အနက်ရောင်သီးသန့် Classic Black တို့ကိုရွေးချယ်နိုင်ဦးမှာဖြစ်တယ်လို့သိရပါတယ်။ Realme 3 ရဲ့မျက်နှာပြင်ဟာ ကြီးမားကျယ်ပြန့်တဲ့ 6.22” HD ရုပ်ထွက်အရည်အသွေးနဲ့ နှင်းစက်ပုံစံမျက်နှာပြင်ဒီဇိုင်းကိုအသုံးပြုပေးထားပြီး Multimedia အသုံးပြုဖို့အတွက် မြင်ကွင်းကျယ်ကျယ်ကို ရရှိစေမှာဖြစ်တယ်လို့သိရပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ Helio P60 Chipset က ဂိမ်းကစားဖို့အတွက် မြန်ဆန်ချောမွေ့မှုရှိစေပြီး 4230 mAh ဘက်ထရီက ဖုန်းကြာရှည်ခံဖို့ကို ကောင်းမွန်စွာ ထောက်ပံ့ပေးမယ်လို့ဆိုပါတယ်။ ဓာတ်ပုံရိုက်ကူးမှုအပိုင်းမှာလည်း ပိုမိုကောင်းမွန်တဲ့ 13MP+2MP AI Dual Camera နဲ့ 13MP AI Selfie Camera တို့ကိုတပ်ဆင်ပေးထားတာမလို့ စိတ်တိုင်းကျစေမယ့်ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံတွေကိုပါရရှိစေမယ်လို့သိရပါတယ်။ အထူးသဖြင့် Nightscape Mode နဲ့ Chroma Boost လို Feature တွေကိုပါ စမ်းသပ်အသုံးပြုနိုင်ပြီး အလင်းရောင်အားနည်းချိန်နဲ့ အရောင်မှိန်တဲ့ပြဿနာတွေကိုဖြေရှင်းပေးထားတယ်လို့ဆိုပါတယ်။

Software ပိုင်းမှာလည်း အရင်နဲ့လုံးဝကွဲပြားသွားစေမယ့် User Interface ဒီဇိုင်းကိုထိတွေ့အသုံးပြုရမှာဖြစ်ပြီး Android P ကိုအခြေခံထားတဲ့ နောက်ဆုံးပေါ် ColorOS 6.0 ကိုအသုံးပြုပေးထားတာပဲဖြစ်ပါတယ်။ 4G ကွန်ရက်အသုံးပြုနိုင်မယ့် SIM ကဒ်၂ကဒ်နဲ့အတူ 256GB အထိထပ်တိုးသုံးနိုင်စေမယ့် SD ကဒ်တို့ထည့်သွင်း နိုင်တဲ့ Triple-slot Tray ကိုအသုံးပြုပေးထားတယ်လို့သိရပါတယ်။ နောက်ပိုင်းမှာလည်း အရောင်သစ်တစ်မျိုးဖြစ်တဲ့ အပြာနဲ့ အစိမ်းပေါင်းစပ်အရောင် Radiant Blue ကိုရောင်းချပေးသွားဖို့ရှိနေတယ်လို့လည်းထုတ်ပြန်ထားပါတယ်။