[Zawgyi] 


Full Screen Display


Dual Camera


AI Selfie




Ref: OPPO

Min Than Htike (Akhayar)

www.akhayar.com


[Uicode] 

OPPO ရဲ့နောက်ထပ် Realme ဖုန်းဖြစ်တဲ့ Realme 2 ထွက်လာပြီ

Realme 1 ကို OPPO က မိတ်ဆက်ပြီးတာ ၃ လလောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် OPPO က Realme 2 ကို ဆက်ပြီးမိတ်ဆက်လာပါပြီ။ Realme 2 ကတော့ Realme 1 ရဲ့နေရာကိုဆက်ခံသူလို့ပြောလို့ရပါတယ်။ Realme ဆိုတာကတော့ OPPO ရဲ့ Brand အခွဲဖြစ်ပြီးတော့ Xiaomi ရဲ့ POCO နဲ့ သဘောတရားအတူတူပါပဲ။ 

Full Screen Display

Realme 2 မှာတော့ 720×1520 Resolution ရှိတဲ့ 6.2Inch Display ကို Notch Design နဲ့တွေ့ရမှာပါ။ 4230mAh Battery ပါဝင်မှာဖြစ်ပေမယ့် Fast Charging တော့ ပါဝင်မှာမဟုတ်ပါဘူး။ OPPO ကတော့ Battery အတွက် AI Power Master ဆိုတာနဲ့ မသုံးတဲ့ App တွေကို ပိတ်ပေးရင်း Battery အသုံးခံအောင်လုပ်ပေးထားတယ်လို့ ကြော်ငြာထားပါတယ်။ Battery ကို အားသွင်းဖို့အတွက်တော့ Micro USB ပါဝင်မှာသလို 3.5mm Headphone Port ကိုလည်း ထည့်ထားပေးပါသေးတယ်။ ဘူးထဲမှာတော့ 5V-2A ထွက်တဲ့ Adapter ကို ထည့်ပေးထားတာကြောင့် အားသွင်းတဲ့အခါ Fast Charging လောက်မမြန်ပေမယ့် သိပ်ပြီးတော့ ကြာမှာတော့မဟုတ်ပါဘူး။ 

Dual Camera

Camera တွေအနေနဲ့တော့ နောက်ကျောဖက်မှာ 13MP နဲ့ 2MP တွဲပေးထားတဲ့ Dual Camera နဲ့ Selfie အတွက်တော့ 8MP f/2.2 Camera ကို တပ်ပေးထားပါတယ်။ Software ပိုင်းမှာတော့ OPPO ရဲ့ ဖုန်းဖြစ်တာနဲ့အညီ ColorOS 5.1 ကိုထည့်ပေးထားပြီး Android 8.1 နဲ့ပဲဖြစ်ပါတယ်။ Selfie အတွက်လည်း AI Feature တွေထည့်ပေးထားသေးတာကြောင့် Selfie ဦးစားပေးထားတယ်လို့လည်းပြောလို့ရပါတယ်။ 

AI Selfie

Performance ပိုင်းအတွက်တော့ Qualcomm Snapdragon 450 Processor ကို ထည့်ပေးထားပါတယ်။ RAM 3GB+Storage 32GB ဒါမှမဟုတ် RAM 4G+Storage 64GB ဆိုပြီး နှစ်မျိုးထုတ်ထားပါတယ်။ Dual SIM Slot ပါဝင်ပြီး microSD Card အတွက်လည်း သီးသန့် Slot ပါဝင်ပါတယ်။ microSD Card ကိုတော့ 256GB အထိ ထည့်လို့ရတယ်လို့ သိရပါတယ်။ 

Fingerprint Scanner on the Back

Security ပိုင်းမှာတော့ Fingerprint Scanner ကိုနောက်ကျောမှာ တပ်ပေးထားသလို Face Unlock လို Feature ကိုလည်း ထည့်ပေးထားပါသေးတယ်။ အရောင်တွေအနေနဲ့လည်း OPPO ရဲ့ Diamond Pattern သုံးပြီး Diamond Black ၊ Diamond Red နဲ့ Diamond Blue ဆိုပြီး သုံးမျိုးထုတ်ထားပါတယ်။ ဈေးကတော့ ခန့်မှန်းမြန်မာငွေ ၂ သိန်းကျော်ဝန်းကျင်ကနေ စတင်ရောင်းချမှာဖြစ်ပြီး မြန်မာနိုင်ငံဈေးကွက်ကို ဝင်ရောက်လာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ 

Ref: OPPO

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။