[Zawgyi]

အမ်ိဳးသမီးေတြအသက္ (၃၀) ေက်ာ္လာတဲ့အခါ

အသက္တစ္ႏွစ္ၿပီးတစ္ႏွစ္ ႀကီးရင့္လာတာနဲ႔အမွ် ကိုယ္ခႏၶာနဲ႔ စိတ္တြင္းေျပာင္းလဲမႈေတြ အဆက္မျပတ္ျဖစ္ေပၚေနပါတယ္။ အေစာပိုင္းမွာ သိပ္ၿပီးမသိသာေပမယ့္လည္း မိန္းကေလးေတြအေနနဲ႔ အသက္ (၃၀) ျပည့္လို႔ ေက်ာ္လာၿပီဆိုရင္ေတာ့ ထူးျခားတဲ့ေျပာင္းလဲမႈေတြစတင္လာပါတယ္။ မိန္းကေလးေတြ အသက္ (၃၀) ေက်ာ္လာရင္ ဘာေတြျဖစ္လာမွာလဲ။ ဒါေတြကို ႀကိဳသိထားဖို႔လိုအပ္ပါတယ္။

ဇီ၀ကမၼျဖစ္စဥ္ေတြေႏွးေကြးလာမယ္

အဓိကေတာ့ ဒါ အသိသာဆံုးျဖစ္စဥ္တစ္ခုပါ။ အသက္ (၃၀) ထဲေရာက္လာတာနဲ႔ ကိုယ္ခႏၶာရဲ႕ ဇီ၀ကမၼျဖစ္စဥ္ေတြ ေႏွးေကြးလာမွာ အမွန္ပါပဲ။ အစားအေသာက္ကေန အင္အားအျဖစ္ ကူးေျပာင္းဖို႔ရာ အရင္ကထက္ ပိုခက္ခဲသြားမွာပါ။ ဒါဟာ ကိုယ္ခႏၶာအေလးခ်ိန္ကို အေျပာင္းအလဲျဖစ္ေစၿပီး အသားအေရအေျပာင္းအလဲေတြကိုပါ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဒီအခ်ိန္မွာ ကိုယ္ခႏၶာနဲ႔ အသားအေရထိန္းသိမ္းမႈေတြကို အထူးဂရုစိုက္ရပါလိမ့္မယ္။

အေရးအေၾကာင္းေတြပိုၿပီးထင္ရွားလာပါလိမ့္မယ္

အသက္ (၃၀) ေက်ာ္လာတာနဲ႔အမွ် အေရျပားေပၚမွာ အေရးအေၾကာင္းေတြက တျဖည္းျဖည္း သိသာထင္ရွားလာမွာပါ။ အစပိုင္းမွာ သိပ္မသိသာဘူးဆိုၿပီး ပစ္ထားမိမယ္ဆိုရင္ေတာ့ အသက္ (၃၀) ရဲ႕ လမ္းတစ္၀က္ေလာက္မွာ ေတာ္ေတာ္အိုက်သြားပါလိမ့္မယ္။ လိုအပ္တာေတြကို ႀကိဳတင္စုေဆာင္းၿပိး အသက္ (၃၀) ျပည့္တာနဲ႔ ထိန္းသိမ္းမႈေတြစတင္လုပ္ရပါလိမ့္မယ္ေနာ္။

မ်ိဳးပြားႏုိင္မႈနဲ႔ ေဟာ္မုန္းအေျပာင္းအလဲေတြျဖစ္လာပါလိမ့္မယ္

အသက္ (၃၀) ေက်ာ္တာနဲ႔ မိန္းကေလးေတြမွာ မ်ိဳးပြားႏုိင္မႈက ေလွ်ာ့နည္းလာပါၿပီ။ ဒါေၾကာင့္ အသက္ (၃၀)ေက်ာ္ရင္ ကေလးေမြးလို႔အဆင္မေျပေတာ့ဘူးလို႔ လူႀကီးေတြေျပာၾကတာေပါ့။ ကိုယ္၀န္ရဖို႔လည္း ခက္ခဲလာသလို၊ ကိုယ္၀န္ပ်က္က်ဖို႔လည္း လြယ္ကူလာပါတယ္။ ဒီလိုပဲ တစ္ဖက္မွာလည္း ေဟာ္မုန္းအေျပာင္းအလဲေတြျဖစ္လာတာေၾကာင့္ စိတ္ေတြလည္း ေျပာင္းလဲလာတတ္ပါတယ္။ ေပ်ာ္ရႊင္က်န္းမာဖို႔ အထူးဂရုစိုက္ရမယ့္အခ်ိန္ဟာ အသက္ (၃၀) ပါ။

ေကာင္းမႈေတြေလ်ာ့နည္းလာမယ္

ေပ်ာ္စရာေကာင္းမႈ၊ စိတ္ခ်မ္းသာစရာေကာင္းမႈေတြ ေလ်ာ့နည္းလာတာေတာ့ အဟုတ္ပါပဲ။ တခ်ိဳ႕မိန္းကေလးေတြက မိခင္ျဖစ္ေနၿပီ။ တခ်ိဳ႕က်ေတာ့ လုပ္ငန္းခြင္မွာေနရာတစ္ေနရာ ခပ္ႀကီးႀကီးရေနၿပီ။ ဒီေတာ့ အသက္ (၂၀)ေက်ာ္ေလာက္တုန္းကလိုေတာ့ ေပ်ာ္စရာေကာင္းမႈေတြ ေလ်ာ့နည္းလာပါလိမ့္မယ္။ ဒါေပမယ့္ ဘာျဖစ္လဲေနာ္ ေနတတ္ရင္ ေက်နပ္စရာႀကီးပါပဲ။

အခုလို ေျပာလိုက္လို႔ စိတ္မ်ားညစ္သြားၾကၿပီလားမသိဘူး။ မညစ္ပါနဲ႔ေနာ္။ အသက္ (၃၀)ေက်ာ္ရင္ တျခားအေပ်ာ္ေတြနဲ႔ တျခားေသာ စိတ္ခ်မ္းသာစရာေတြေတာ့ ရွိလာဦးမွာပါ။ ဒီအသက္အရြယ္ဟာ ကိုယ့္ကိုယ္ကိုယ္ ခ်စ္ရမယ့္အရြယ္ကို ေရာက္ေနပါၿပီ။ အသားအရည္ကို ဂရုစိုက္ပါ။ က်န္းမာေရးနဲ႔ ညီညႊတ္ေအာင္ေနထိုင္ပါ။ ေပ်ာ္ရႊင္စရာေတြလည္း ရွာေဖြတတ္ၾကပါေစ။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

အသက် (၃၀) ကျော်လာတဲ့အခါ

အသက်တစ်နှစ်ပြီးတစ်နှစ် ကြီးရင့်လာတာနဲ့အမျှ ကိုယ်ခန္ဒာနဲ့ စိတ်တွင်းပြောင်းလဲမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ အစောပိုင်းမှာ သိပ်ပြီးမသိသာပေမယ့်လည်း မိန်းကလေးတွေအနေနဲ့ အသက် (၃၀) ပြည့်လို့ ကျော်လာပြီဆိုရင်တော့ ထူးခြားတဲ့ပြောင်းလဲမှုတွေစတင်လာပါတယ်။ မိန်းကလေးတွေ အသက် (၃၀) ကျော်လာရင် ဘာတွေဖြစ်လာမှာလဲ။ ဒါတွေကို ကြိုသိထားဖို့လိုအပ်ပါတယ်။

ဇီဝကမ္မဖြစ်စဉ်တွေနှေးကွေးလာမယ်

အဓိကတော့ ဒါ အသိသာဆုံးဖြစ်စဉ်တစ်ခုပါ။ အသက် (၃၀) ထဲရောက်လာတာနဲ့ ကိုယ်ခန္ဒာရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးလာမှာ အမှန်ပါပဲ။ အစားအသောက်ကနေ အင်အားအဖြစ် ကူးပြောင်းဖို့ရာ အရင်ကထက် ပိုခက်ခဲသွားမှာပါ။ ဒါဟာ ကိုယ်ခန္ဒာအလေးချိန်ကို အပြောင်းအလဲဖြစ်စေပြီး အသားအရေအပြောင်းအလဲတွေကိုပါ ဖြစ်စေပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကိုယ်ခန္ဒာနဲ့ အသားအရေထိန်းသိမ်းမှုတွေကို အထူးဂရုစိုက်ရပါလိမ့်မယ်။

အရေးအကြောင်းတွေပိုပြီးထင်ရှားလာပါလိမ့်မယ်

အသက် (၃၀) ကျော်လာတာနဲ့အမျှ အရေပြားပေါ်မှာ အရေးအကြောင်းတွေက တဖြည်းဖြည်း သိသာထင်ရှားလာမှာပါ။ အစပိုင်းမှာ သိပ်မသိသာဘူးဆိုပြီး ပစ်ထားမိမယ်ဆိုရင်တော့ အသက် (၃၀) ရဲ့ လမ်းတစ်ဝက်လောက်မှာ တော်တော်အိုကျသွားပါလိမ့်မယ်။ လိုအပ်တာတွေကို ကြိုတင်စုဆောင်းပြိး အသက် (၃၀) ပြည့်တာနဲ့ ထိန်းသိမ်းမှုတွေစတင်လုပ်ရပါလိမ့်မယ်နော်။

မျိုးပွားနိုင်မှုနဲ့ ဟော်မုန်းအပြောင်းအလဲတွေဖြစ်လာပါလိမ့်မယ်

အသက် (၃၀) ကျော်တာနဲ့ မိန်းကလေးတွေမှာ မျိုးပွားနိုင်မှုက လျှော့နည်းလာပါပြီ။ ဒါကြောင့် အသက် (၃၀)ကျော်ရင် ကလေးမွေးလို့အဆင်မပြေတော့ဘူးလို့ လူကြီးတွေပြောကြတာပေါ့။ ကိုယ်ဝန်ရဖို့လည်း ခက်ခဲလာသလို၊ ကိုယ်ဝန်ပျက်ကျဖို့လည်း လွယ်ကူလာပါတယ်။ ဒီလိုပဲ တစ်ဖက်မှာလည်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်လာတာကြောင့် စိတ်တွေလည်း ပြောင်းလဲလာတတ်ပါတယ်။ ပျော်ရွှင်ကျန်းမာဖို့ အထူးဂရုစိုက်ရမယ့်အချိန်ဟာ အသက် (၃၀) ပါ။

ကောင်းမှုတွေလျော့နည်းလာမယ်

ပျော်စရာကောင်းမှု၊ စိတ်ချမ်းသာစရာကောင်းမှုတွေ လျော့နည်းလာတာတော့ အဟုတ်ပါပဲ။ တချို့မိန်းကလေးတွေက မိခင်ဖြစ်နေပြီ။ တချို့ကျတော့ လုပ်ငန်းခွင်မှာနေရာတစ်နေရာ ခပ်ကြီးကြီးရနေပြီ။ ဒီတော့ အသက် (၂၀)ကျော်လောက်တုန်းကလိုတော့ ပျော်စရာကောင်းမှုတွေ လျော့နည်းလာပါလိမ့်မယ်။ ဒါပေမယ့် ဘာဖြစ်လဲနော် နေတတ်ရင် ကျေနပ်စရာကြီးပါပဲ။

အခုလို ပြောလိုက်လို့ စိတ်များညစ်သွားကြပြီလားမသိဘူး။ မညစ်ပါနဲ့နော်။ အသက် (၃၀)ကျော်ရင် တခြားအပျော်တွေနဲ့ တခြားသော စိတ်ချမ်းသာစရာတွေတော့ ရှိလာဦးမှာပါ။ ဒီအသက်အရွယ်ဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ရမယ့်အရွယ်ကို ရောက်နေပါပြီ။ အသားအရည်ကို ဂရုစိုက်ပါ။ ကျန်းမာရေးနဲ့ ညီညွှတ်အောင်နေထိုင်ပါ။ ပျော်ရွှင်စရာတွေလည်း ရှာဖွေတတ်ကြပါစေ။

Moethaesay (Akhayar)

www.akhayar.com