လာလီဂါထိပ်သီး ရီးယဲလ်အသင်းဟာ အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဘေးလ် Bale ရဲ့ တန်ကြေးကို သတ်မှတ်လိုက်တယ်လို့သိရပါတယ်။ ဒီနှစ်ဘောလုံးရာသီကုန်မှာ ရီးယဲလ်အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေကြီးနေတဲ့ ဘေးလ် Bale ရဲ့ တန်ကြေးကတော့ ယူရိုသန်း(၁၃၀)ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဘေးလ် ဟာ အသက်(၂၉)နှစ်ရှိပြီဖြစ်တာကြောင့် ရီးယဲလ်အသင်း သူ့အတွက် သတ်မှတ်တဲ့တန်ကြေးကတော့ ပုံမှန်ထက်ပိုများနေတာအမှန်ပါပဲ။ ဘေးလ် ဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပေမယ့် မကြာခဏဒဏ်ရာရတတ်တဲ့ ကစားသမားဖြစ်တာကြောင့် သူ့ကိုခေါ်ယူလိုတဲ့ အသင်းအနေနဲ့လည်း လောင်းကစားဆန်ဆန်ပြုမူရဖို့ရှိနေပါတယ်။

ရီးယဲလ်အသင်းကတော့ လာမယ့်နွေမှာ သူတို့သတ်မှတ်ထားတဲ့ တန်ကြေးကို အင်္ဂလိပ်ကလပ်အသင်းတွေက ပေးချေမယ်လို့ ယုံကြည်နေပါတယ် ။ဘေးလ် ကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေအပြင် တခြားဥရောပအသင်းကြီးတွေကလည်း စိတ်ဝင်စားနေကြတာကြောင့် သူ့ရဲ့အနာဂတ်ဘယ်ကို ရောက်ရှိသွားမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။ ရီးယဲလ်အသင်းကတော့ ဘေလ်းကို ရောင်းချပြီး တောင်ပံတိုက်စစ်ပိုင်းအတွက် ဟာဇက် Hazard ကို ပြန်ခေါ်မယ့် အခြေအနေမှာရှိနေပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဘေးလ် ဟာ ရီးယဲလ်အသင်းအတွက် ပွဲပေါင်း(၃၈)ပွဲကစား (၁၄)ဂိုးသွင်းယူထားပါတယ်။

Ref: BBC Sports
Photo: UOL Esporte , T-Online
Ko Kyue(Akhayar)
www.akhayar.com