[Zawgyi]

Harry မခၽြတ္စတမ္းဝတ္ထားတဲ႔ လက္ပတ္ေလး ေနာက္ကြယ္ကအေၾကာင္းက ဘာမ်ားပါလိမ့္

မင္းသားဟယ္ရီက အရင္ကထက္စာရင္ အခုခ်ိန္မွာ အမ်ားႀကီးေျပာင္းလဲလာပါတယ္။ နီညိဳေရာင္ဆံပင္နဲ႔ ခ်စ္စဖြယ္ေကာင္းတဲ့ ကေလးေလးကေန ၾကည္႔ေကာင္းေခ်ာေမာၿပီး စဲြေဆာင္မႈရွိတဲ႔ ဂ်စ္ကန္ကန္ေကာင္ေလးအျဖစ္ ေျပာင္းလဲႀကီးျပင္းလာၿပီး အခုဆိုရင္ Meghan Markle နဲ႔လည္း လက္ဆက္ၿပီး အိမ္ေထာင္သည္အျဖစ္ကို ေရာက္ရွိလို႔ေနပါၿပီ။

အဲဒီလိုေျပာင္းလဲမႈေတြမ်ားစြာရွိတဲ႔အထဲကမွ မေျပာင္းလဲတာတစ္ခုကေတာ့ သူ႔ဝတ္ဆင္ေနၾက လက္ပတ္ေလးကိုေတာ့ စဲြစဲြလမ္းလမ္း မခၽြတ္စတမ္း ဝတ္ဆင္ထားတာပါပဲ။ ဒီလက္ပတ္ေလးမွာ ဘာထူးျခားတဲ႔ လွ်ဳိ႕ဝွက္ခ်က္ေတြမ်ားရွိလို႔ မခၽြတ္တမ္းနီးပါး ဝတ္ဆင္ထားရတာလဲဆိုတာကေတာ့ စိတ္ဝင္စားစရာ အလြန္ေကာင္းပါတယ္။

သူဟာ ေငြနဲ႔အနက္ေရာင္ေရာစပ္ထားတဲ႔ သတၱဳလက္ပတ္ကို လက္ေကာက္ဝတ္မွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဝတ္ဆင္ထားတာ ေတြ႔ရွိရပါတယ္။ ေကာလာဟလေတြအရ ေသဆံုးသြားတဲ႔ သူရဲ႕မိခင္ Princess Diana က ဝတ္ဆင္ေပးခဲ႔တဲ့ လက္ပတ္ေလးျဖစ္လို႔ သူ႔အေမကို ေအာက္ေမ႔သတိရတဲ႔အေနနဲ႔ ဝတ္ဆင္ထားတယ္လို႔လည္း ေျပာၾကတာကို ေတြ႔ရပါတယ္။

Prince Harry and his Bracelet

Prince Harry and his Bracelet

၁၉၉၇ ခုနစ္ Princess Diana ကားတိုက္မႈျဖစ္ၿပီး ေသဆံုးသြားတဲ႔အခါမွာ Prince Charles က ၁၂ ႏွစ္အရြယ္ သူအကို Prince William နဲ႔ Prince Harry ကို သူ႔တို႔အေမေသဆံုးျခင္းေၾကာင့္ ျဖစ္တဲ့ နာက်င္မႈကေန သက္သာရာရေစဖို႔ Africa ကို ေခၚေဆာင္သြားခဲ႔တာျဖစ္ပါတယ္။ အဲ့ဒီတုန္းက Prince Charles ေျပာခဲ႔တဲ႔စကားက ေၾကကဲြဝမ္းနည္းဖြယ္ေကာင္းပါတယ္။ မင္းသားႀကီး Charles ေျပာတာကို Harry ျပန္ေျပာင္းေျပာျပတာကေတာ့ “ အေဖက ကၽြန္ေတာ္တုိ႔ညီအကိုကို အထုတ္ေတြထုပ္ၿပီး ဒီဝမ္းနည္းေၾကကဲြစရာ ေနရာကေန ေခတၱခဏထြက္ခြာၿပီး Africa ကို သြားေနၾကရေအာင္လို႔” ေျပာၾကားခဲ႔ပါတယ္။ အဲဒီလိုထြက္ခြာခဲ႔တဲ႔အခ်ိန္မွာ သတင္းေတြအရ Prince Harry ရဲ႕လက္ေကာက္ဝတ္မွာ လက္ပတ္ေလးဝတ္ဆင္ထားတာကိုေတြ႕ရသလို Prince William ရဲ႕လက္ေကာက္ဝတ္မွာလည္း အလားတူ လက္ပတ္ေလး ဝတ္ဆင္ထားတာကို ေတြ႔ရပါတယ္။

အဲဒီအခ်ိန္ကတည္းကစၿပီး Rugby ကစားပဲြေတြနဲ႔ ေတာ္ဝင္အခမ္းအနားေတြမွာပဲျဖစ္ျဖစ္ဘယ္လိုအခမ္းအနားေတြမွာပဲျဖစ္ျဖစ္ လက္ပတ္ေလးဝတ္ဆင္ထားတာကို ဓာတ္ပံုေတြရုိက္ကူးထားမႈေတြအရ သိရပါတယ္။ Sussex ၿမိဳ႕စားကေတာ္ Meghan Markle နဲ႔ လူထုေရွ႕ထြက္တဲ႔အခါမ်ဴိးနဲ႔ မဂၤလာေဆာင္အခမ္းအနား က်င္းပတဲ႔အခါမ်ဳိးမွာေတာင္ လက္ပတ္ကို ခၽြတ္ထားျခင္းမရွိတာကို ေတြ႔ရပါတယ္။

Prince Harry has Worn the Same Bracelet

Prince Harry has Worn the Same Bracelet

ေသခ်ာသေလာက္နီးပါးကေတာ့ အဲ့ဒီလက္ပတ္ေလးဟာ သူမိခင္ေပးခဲ႔တဲ႔ အေမြျဖစ္ၿပီး သူအေမကို အတူတကြအျမဲရွိေနတယ္လို႔ ခံစားရေစဖို႔အတြက္ မခၽြတ္တမ္း ဝတ္ဆင္ထားရျခင္း ျဖစ္ပါတယ္။ ဒီအေထာက္အထားေတြကို ၾကည့္ၿပီး သံုးသပ္ၾကည့္လိုက္တဲ႔အခါ မိခင္နဲ႔သားအၾကား ထူးျခားတဲ႔ သားအမိခ်စ္ျခင္းေမတၱာနဲ႔ သံေယာဇဥ္ႀကိဳးကို ေဖာ္ညႊန္းေနတဲ႔ လက္ပတ္ေလးဆိုတဲ႔ အဓိပၸါယ္သက္ေရာက္တာကို ေတြ႔ျမင္ရပါတယ္။ ဒီလိုၾကေတာ့လည္း Harry က သံေယာဇဥ္အလြန္ႀကီးရွာတဲ႔ မင္းသားေလးတစ္ပါးပါလားဆိုတာကို ေတြ႔ျမင္ရပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

Harry မချွတ်စတမ်းဝတ်ထားတဲ့ လက်ပတ်လေး နောက်ကွယ်ကအကြောင်းက ဘာများပါလိမ့်

မင်းသားဟယ်ရီက အရင်ကထက်စာရင် အခုချိန်မှာ အများကြီးပြောင်းလဲလာပါတယ်။ နီညိုရောင်ဆံပင်နဲ့ ချစ်စဖွယ်ကောင်းတဲ့ ကလေးလေးကနေ ကြည့်ကောင်းချောမောပြီး စွဲဆောင်မှုရှိတဲ့ ဂျစ်ကန်ကန်ကောင်လေးအဖြစ် ပြောင်းလဲကြီးပြင်းလာပြီး အခုဆိုရင် Meghan Markle နဲ့လည်း လက်ဆက်ပြီး အိမ်ထောင်သည်အဖြစ်ကို ရောက်ရှိလို့နေပါပြီ။

အဲဒီလိုပြောင်းလဲမှုတွေများစွာရှိတဲ့အထဲကမှ မပြောင်းလဲတာတစ်ခုကတော့ သူ့ဝတ်ဆင်နေကြ လက်ပတ်လေးကိုတော့ စွဲစွဲလမ်းလမ်း မချွတ်စတမ်း ဝတ်ဆင်ထားတာပါပဲ။ ဒီလက်ပတ်လေးမှာ ဘာထူးခြားတဲ့ လျှို့ဝှက်ချက်တွေများရှိလို့ မချွတ်တမ်းနီးပါး ဝတ်ဆင်ထားရတာလဲဆိုတာကတော့ စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။

သူဟာ ငွေနဲ့အနက်ရောင်ရောစပ်ထားတဲ့ သတ္တုလက်ပတ်ကို လက်ကောက်ဝတ်မှာ နှစ်ပေါင်းများစွာကြာအောင် ဝတ်ဆင်ထားတာ တွေ့ရှိရပါတယ်။ ကောလာဟလတွေအရ သေဆုံးသွားတဲ့ သူရဲ့မိခင် Princess Diana က ဝတ်ဆင်ပေးခဲ့တဲ့ လက်ပတ်လေးဖြစ်လို့ သူ့အမေကို အောက်မေ့သတိရတဲ့အနေနဲ့ ဝတ်ဆင်ထားတယ်လို့လည်း ပြောကြတာကို တွေ့ရပါတယ်။

Prince Harry and his Bracelet

Prince Harry and his Bracelet

၁၉၉၇ ခုနစ် Princess Diana ကားတိုက်မှုဖြစ်ပြီး သေဆုံးသွားတဲ့အခါမှာ Prince Charles က ၁၂ နှစ်အရွယ် သူအကို Prince William နဲ့ Prince Harry ကို သူ့တို့အမေသေဆုံးခြင်းကြောင့် ဖြစ်တဲ့ နာကျင်မှုကနေ သက်သာရာရစေဖို့ Africa ကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတုန်းက Prince Charles ပြောခဲ့တဲ့စကားက ကြေကွဲဝမ်းနည်းဖွယ်ကောင်းပါတယ်။ မင်းသားကြီး Charles ပြောတာကို Harry ပြန်ပြောင်းပြောပြတာကတော့ “ အဖေက ကျွန်တော်တို့ညီအကိုကို အထုတ်တွေထုပ်ပြီး ဒီဝမ်းနည်းကြေကွဲစရာ နေရာကနေ ခေတ္တခဏထွက်ခွာပြီး Africa ကို သွားနေကြရအောင်လို့” ပြောကြားခဲ့ပါတယ်။ အဲဒီလိုထွက်ခွာခဲ့တဲ့အချိန်မှာ သတင်းတွေအရ Prince Harry ရဲ့လက်ကောက်ဝတ်မှာ လက်ပတ်လေးဝတ်ဆင်ထားတာကိုတွေ့ရသလို Prince William ရဲ့လက်ကောက်ဝတ်မှာလည်း အလားတူ လက်ပတ်လေး ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။

အဲဒီအချိန်ကတည်းကစပြီး Rugby ကစားပွဲတွေနဲ့ တော်ဝင်အခမ်းအနားတွေမှာပဲဖြစ်ဖြစ်ဘယ်လိုအခမ်းအနားတွေမှာပဲဖြစ်ဖြစ် လက်ပတ်လေးဝတ်ဆင်ထားတာကို ဓာတ်ပုံတွေရိုက်ကူးထားမှုတွေအရ သိရပါတယ်။ Sussex မြို့စားကတော် Meghan Markle နဲ့ လူထုရှေ့ထွက်တဲ့အခါမျိူးနဲ့ မင်္ဂလာဆောင်အခမ်းအနား ကျင်းပတဲ့အခါမျိုးမှာတောင် လက်ပတ်ကို ချွတ်ထားခြင်းမရှိတာကို တွေ့ရပါတယ်။

Prince Harry has Worn the Same Bracelet

Prince Harry has Worn the Same Bracelet

သေချာသလောက်နီးပါးကတော့ အဲ့ဒီလက်ပတ်လေးဟာ သူမိခင်ပေးခဲ့တဲ့ အမွေဖြစ်ပြီး သူအမေကို အတူတကွအမြဲရှိနေတယ်လို့ ခံစားရစေဖို့အတွက် မချွတ်တမ်း ဝတ်ဆင်ထားရခြင်း ဖြစ်ပါတယ်။ ဒီအထောက်အထားတွေကို ကြည့်ပြီး သုံးသပ်ကြည့်လိုက်တဲ့အခါ မိခင်နဲ့သားအကြား ထူးခြားတဲ့ သားအမိချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ကြိုးကို ဖော်ညွှန်းနေတဲ့ လက်ပတ်လေးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တာကို တွေ့မြင်ရပါတယ်။ ဒီလိုကြတော့လည်း Harry က သံယောဇဉ်အလွန်ကြီးရှာတဲ့ မင်းသားလေးတစ်ပါးပါလားဆိုတာကို တွေ့မြင်ရပါတယ်။

H.H(Akhayar)

www.akhayar.com