[Zawgyi]
အပြစ်မပြောဘဲ ရီးယဲလ်ပြဿနာများကို ချဉ်းကပ်ကြည့်တဲ့အခါ
August(Akhayar)
www.akhayar.com
လ်ပြဿနာများကို ချဉ်းကပ်ကြည့်တဲ့အခါ
ဒီအချိန် ရီးယဲလ်အကြောင်း အပြစ်ပြောစရာပိုများနေတာ ဖြစ်သင့်ပါရဲ့လား။ တစ်ဦးတည်းအမြင်အရ  အပြစ်ပြောသင့်တယ်လို့ပဲ ထင်ပါတယ်။ ဒါဆို ဘယ်လိုအပြစ်ပြောမလဲ။ နည်းပြ ဇီဒန်း (Zidane) ကိုလား။ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ စီရော်နယ်လ်ဒိုု (C.Ronaldo) ဦးဆောင်သောအဖွဲ့ကိုလား။ ကံကြမ္မာကိုလား။ ရီးယဲလ်ဘာတွေဖြစ်နေလဲဆိုတာကို BBC က သုံးသပ်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ဇီဒန်း (Zidane)ရဲ့ ရီးယဲလ်နည်းပြဘ၀ နိုင်ပွဲရာခိုင်နှုန်းကို ပြန်ပြီးရည်ညွှန်းပြချင်ပါတယ်။ ဇီဒန်း (Zidane)က ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ရီးယဲလ်နည်းပြဖြစ်လာတယ်။ အဲဒီဘောလုံးရာသီမှာ ဇီဒန်း (Zidane)ရဲ့ နိုင်ပွဲရာခိုင်နှုန်းဟာ (၈၀)ရာခိုင်နှုန်းနီးပါးရှိခဲ့ပါတယ်။ နောက်တစ်ရာသီ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ နိုင်ပွဲရာခိုင်နှုန်းဟာ (၇၃)ရာခိုင်နှုန်းအထိ ထိုးကျသွားတယ်။ လက်ရှိ ၂၀၁၇-၁၈ ဘောလုံးရာသီမှာနိုင်ပွဲရာခိုင်နှုန်းဟာ (၆၂)ရာခိုင်နှုန်းသာ ရှိတော့တာပါပဲ။ ဇီဒန်း (Zidane)ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့၊ ဇီဒန်း (Zidane)ရဲ့ အနာဂတ်ကို ပြောင်းလဲစေတဲ့ ဒီရာသီပွဲစဉ်တွေအကြောင်း နည်းနည်းပြန်ပြောချင်ပါတယ်။ ဇီဒန်း (Zidane)ရဲ့ ရီးယဲလ်အသင်းက ရာသီကြိုကာလမှာ ဘာစီလိုနာ၊ မန်ချက်စတာယူနိုက်တက်တို့ကို အနိုင်ယူပြီး စပိန်စူပါဖလားနဲ့ ဥရောပစူပါဖလားတွေကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိရာသီသစ်စတင်လို့ သိပ်မကြာမီ စက်တင်ဘာလမှာပဲ ကံကြမ္မာဆိုးကို ရင်ဆိုင်ခဲ့ရတာပါပဲ။
စက်တင်ဘာ ၉၊ ရီးယဲလ် ၁-၁ လီဗန်တေး
ရာသီအစမှာပဲ ရီးယဲလ်အသင်းအိမ်ကွင်း(၂)ပွဲဆက် သရေကျခဲ့တယ်။ ဗလင်စီယာ၊ ပြီးတော့ အသင်းငယ်သာသာ လီဗန်တေးကိုပါပဲ။ ဒါဟာ ရီးယဲလ်အတွက် စိုးရိမ်စရာအခြေအနေအကြိုလက္ခဏာတွေလို့ ဆိုရမှာဖြစ်ပေမယ့် ဇီဒန်း (Zidane)က “ လက်ရှိအသင်းရဲ့ စွမ်းဆောင်ရည်ကြောင်း မပျော်ရွှင်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဖြေရှင်းဖို့ အချိန်ရှိပါသေးတယ်” လို့ဆိုခဲ့တာပါပဲ။
စက်တင်ဘာ ၂၀၊ ရီးယဲလ် ဝ-၁ ဘက်တစ်
အိမ်ကွင်းဘာနေဗျူးမှာပဲ ရီးယဲလ်အသင်း အရှက်ကွဲခဲ့ရတာ၊ ကြမ္မာဆိုးကို ရင်ဆိုင်ခဲ့ရတာပါပဲ။ဘက်တစ်ကို အရေးနိမ့်ခဲ့တာဖြစ်ပြီး (၇၃)ပွဲဆက် ဂိုးသွင်းနိုင်တဲ့မှတ်တမ်းလည်း ရပ်တန့်သွားခဲ့ရတယ်။ ပွဲအပြီးမှာ ဇီဒန်း (Zidane) က “ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပွဲမဟုတ်ခဲ့ပါဘူး။ ဘောလုံးမာ ဒီလိုမျိုးအချိန်တွေရှိနေပြီး ကျွန်တော်မစိုးရိမ်မိပါဘူး” လို့ ဆင်ခြေပေးခဲ့ပါတယ်။
အောက်တိုဘာ ၂၉၊ ဟီရိုနာ ၂-၁ ရီးယဲလ်
ဘက်တစ်ကို အရေးနိမ့်ပြီး တစ်လကျော်အကြာမှာပဲ ဇီဒန်း (Zidane)ရဲ့ ရီးယဲလ်အရှက်ကွဲခဲ့ရပြန်တယ်။ တန်းတက်ဟီရိုနာအသင်းကို အံ့အားသင့်ဖွယ်အရေးနိမ့်ခဲ့တာပဲ။ ဒီတစ်ခါမှာ ဇီဒန်း (Zidane)က သူ့အသင်းမှာ ပြဿနာတွေ ရှိနေပြီလို့ ဝန်ခံခဲ့ပါတယ်။ “ ဆိုးရွားတဲ့အချိန်ပါပဲ။ ဒါပေမဲ့ ဒီရလဒ်ကို လက်ခံရပါမယ်။ ကျွန်တော်တို့မှာ ချန်ပီယံစိတ်ထားအပြည့်ရှိပါတယ်။ အခြေအနေဆိုးကို တွန်းလှန်နိုင်ပါလိမ့်မယ်” လို့ ဟီရိုနာကို ရှုံးနိမ့်ပြီးချိန်မှာ ဇီဒန်း (Zidane)က ပြောခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းဖို့လိုအပ်နေတဲ့ ဇိဒန်း (Zidane)
ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းဖို့လိုအပ်နေတဲ့ ဇိဒန်း (Zidane)
ဒီဇင်ဘာ ၂၃၊ ရီးယဲလ် ဝ-၃ ဘာစီလိုနာ
ဂန္ထဝင်ပြိုင်ဘက် ဘာစီလိုနာကို အိမ်ကွင်းမှာ စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့တာပါပဲ။ ဒီပွဲအပြီးမှာ ရာသီကုန်ရင် ရီးယဲလ်နည်းပြရာထူးကနေ ဇီဒန်း (Zidane)  ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့သတင်းတွေ ပိုပြီးဆူညံလာပါတယ်။ ရီးယဲလ်ပရိသတ်အများစုက ဇီဒန်း (Zidane)ရယူပေးခဲ့တဲ့ ဆုဖလားတွေကို သတိမရတော့ဘူး။ ဘာစီလိုနာနဲ့ပွဲအပြီးမှာ ဇီဒန်း (Zidane) က “ ဘာစီလိုနာကို ဂိုးပြတ်ရှုံးခဲ့လို့ ကျွန်တော်တို့ နာကျင်ရပါတယ်။ ကျွန်တော့်ကို နာကျင်အောင်ဝေဖန်မယ်ဆိုရင်လည်း ဒါဟာ ဘောလုံးရဲ့ သဘာဝပါလို့ ကျွန်တော်ပြောချင်တယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ လုပ်ရည်ကိုင်ရည်ကို မပြောင်းလဲနိုင်ဘူး” လို့ ဆိုခဲ့ပါတယ်။
ဇန်နဝါရီ ၂၄၊ ရီးယဲလ် ၁-၂ လီဟာနက်စ်
စိတ်ပျက်၊ စိုးရိမ်၊ မသေချာစတဲ့စကားလုံးတွေဟာ ရီးယဲလ်နည်းပြ ဇီဒန်း (Zidane)ရဲ့ ပတ်ဝန်းကျင်မှာ ပိုပြီးဝေ့၀ဲလာခဲ့ပြီ။ စပိန်မီဒီယာတွေကလည်း စကားလုံးကြမ်းကြမ်းတွေ သုံးပြီး ဇီဒန်း (Zidane)ကို ဝေဖန်လာခဲ့ပြီ။ ဇီဒန်း (Zidane) နှုတ်ဖျားကနေ ဒေါသရိပ်မကင်းတဲ့ စကားလုံးတွေ ထွက်ကျလာပြီ။ “ ကျွန်တော့်ရဲ့ နည်းပြဘဝမှာ အဆိုးရွားဆုံးအခိုက်အတန့်ပါပဲ။ ဒီရှုံးပွဲအတွက် ကျွန်တော်တာဝန်ယူပါတယ်။ ကျွန်တော်က ရီးယဲလ်နည်းပြပဲ။ အဖြေရှာပြီး ဖြေရှင်းမယ်” လို့ ဆိုခဲ့တာပါပဲ။
ဒီရှုံးပွဲတွေဟာ ဇီဒန်း (Zidane)ရဲ့ အနာဂတ်ကို သတ်ဖို့ချဉ်းကပ်လာတယ်လု့ိ ဆိုရမယ်။ ရှုံးပွဲတွေအားလုံးအတွက် ဇီဒန်း (Zidane) တစ်ဦးတည်းတာဝန်ရှိနေတာလား။ ဇီဒန်း (Zidane)ရဲ့ နည်းပြဘ၀ (၃)ရာသီအတွင်း အဆိုးရွားဆုံးကံကြမ္မာကို ဖြစ်စေတာဟာ တိုက်စစ်စွမ်းဆောင်ရည်နဲ့လည်း သက်ဆိုင်နေတယ်။ ဒဏ်ရာပြဿနာတွေ၊ စီရော်နယ်လ်ဒို (C.Ronaldo) ရဲ့ လာလီဂါဂိုးမိုးခေါင်မှုတွေ၊ ဘန်ဇီမာ (Benzema) ၊ ဘေးလ်(Bale)တို့ရဲ့ ခြေစွမ်းမတည်ငြိမ်မှုတွေ၊ လူငယ်တိုက်စစ်အစုအဖွဲ့စွမ်းဆောင်ရည်ကျဆင်းသွားတာတွေက အပြစ်အနာအဆာတွေပါပဲ။ ပြီးခဲ့တဲ့ (၃)ရာသီအတွင်းမှာ လက်ရှိရာသီရီးယဲလ်အသင်းရဲ့ တစ်ပွဲပျမ်းမျှသွင်းဂိုးဟာ (၁ .၆)ဂိုးပဲရှိပြီး ဇီဒန်း (Zidane) လက်ထက်အနည်းဆုံးပါပဲ။
ရီးယဲလ်ရဲ့ ကျွမ်းထိုးမှောက်ခံရာသီကို မြင်ရသူတိုင်း အံ့အားသင့်ကြတယ်။ ဘယ်သူကမှ ရီးယဲလ်ဘာဖြစ်သွားလဲဆိုတာကို အကြောင်းပြချက် ကောင်းကောင်းမပေးနိုင်ဘူး။ မနှစ်တုန်းကလည်း ဒီလူစာရင်း၊ ဒီအစုအဖွဲ့ပဲ၊ သိပ်မကွာခြားဘူး။ ဒါဆိုဘာလို့များ ရီးယဲလ်ရဲ့မြား အောက်ကိုထိုးစိုက်နေရတာလဲ။ စပိန်ဘောလုံးရေးရာကျွမ်းကျင်သူ Marca သတင်းစာက အယ်ဒီတာ ပက်ဘ်လိုဘရိုတွန်စ်က ပီပီ (Pepe)၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်(James Rodriguez)၊ မိုရာတာ (Morata)တို့ မရှိတော့တာက ရီးယဲလ်ကို အားနည်းစေတယ်လို့ သုံးသပ်ခဲ့တယ်။ သူတို့နေရာမှာ ဇီဒန်း (Zidane)က လူငယ်တွေနဲ့ အစားထိုးခဲ့ပါတယ်။ ဒါပေမဲ့ လူငယ်တွေရဲ့အားဟာ လက်ရှိရာသီမှာ ထင်သလောက်ဖြစ်မလာခဲ့ဘူး။ စီရော်နယ်လ်ဒို (C.Ronaldo) က ရာသီအစတုန်းက ဒီကစားသမားတွေကို လက်လွှတ်ဆုံးရှုံးခံခဲ့တဲ့ ရီးယဲလ်ကို ပြစ်တင်ခဲ့ပါတယ်။ ပြီးတော့ အယ်ဒီတာ ပက်ဘ်လိုဘရိုတွန်စ်က ရီးယဲလ်အဝတ်လဲခန်းအတွင်းစည်းက ပြဿနာအစစ်ကို အပြင်လူတွေ မသိနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။ ရီးယဲလ်ဟာ ပြီးခဲ့တဲ့ရာသီလိုပဲ လူလည်း မပြောင်းလဲ၊ ဦးဆောင်သူ မူလည်း မပြောင်းလဲပေမယ့် အဝတ်လဲခန်းအတွင်း မမြင်ရတဲ့ပြဿနာတွေက ကွင်းအတွင်းခြေစွမ်းကို သက်ရောက်စေခဲ့သလား။
ရီးယဲလ်အသင်းလေ့ကျင့်ရေးကွင်း
ရီးယဲလ်အသင်းလေ့ကျင့်ရေးကွင်း
[Unicode]
အပြစ်မပြောဘဲ ရီးယဲ
ရီးယဲလ်ကို တစ်နှစ်အတွင်း ဆုဖလား (၅)ခုအထိ ရယူပေးနိုင်တဲ့ ဇီဒန်း (Zidane)ရဲ့ စွမ်းဆောင်ရည်က လေးစားစရာကောင်းပါတယ်။ ပြီးတော့ ဇီဒန်း (Zidane)ဟာရီးယဲလ်အသင်းပတ်ဝန်းကျင်မှာ နည်းပြတစ်ဦးထက်ပိုတဲ့လေးစားမှုကို ပိုင်ဆိုင်ထားပါတယ်။ ဒီတော့ ဇီဒန်း (Zidane)အနေနဲ့ ရာသီကုန်မှာ ထုတ်ပယ်ခံရတာမျိုးထက် နှစ်ဖက်သဘောတူ ကျောခိုင်းတာမျိုးက ပိုဖြစ်လာနိုင်ပါတယ်။ ရီးယဲလ်နည်းပြရာထူးအတွက်  ရေပန်းစားနေသူတွေကလည်း အများကြီးပဲ။ ဂျိုအာချင်လိုး(Joachim Low)၊ ကွန်တီ (Conte)တို့လို နည်းပြတွေပါဝင်နေပြီးရေပန်းအစားဆုံးက စပါးအသင်းနည်းပြ ပိုချက်တီနို (Pochettino) ပါပဲ။ ပိုချက်တီနို (Pochettino)ဟာ ရီးယဲလ်အသင်းဥက္ကဋ္ဌပီရက်ဇ် (Perez) သဘောအကျဆုံး နည်းပြတစ်ဦးဖြစ်ပြီး သူသာ ရီးယဲလ်နည်းပြဖြစ်လာခဲ့မယ်ဆိုရင် ဟာရီကိန်း (Harry Kane)ကိုပါ ဆွဲဆောင်နိုင်မှာဖြစ်လို့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပုံစံမျိုးပါပဲ။ စီရော်နယ်လ်ဒို (C.Ronaldo)အပါအဝင် ရီးယဲလ်မှာ လွှမ်းမိုးမှုအားကောင်းတဲ့ ကစားသမားတွေက အသင်းလူစာရင်းကို ကြီးကြီးမားမားအပြောင်းအလဲ လုပ်ဖို့ တောင်းဆိုထားတယ်။ တကယ်လို့ အဲဒီလိုအပြောင်းအလဲလုပ်မယ်လို့ ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ် (Perez) ရည်ရွယ်ထားတယ်ဆိုရင် ဇီဒန်း (Zidane)နဲ့ ဆက်လက်လက်တွဲဖို့ မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းက ရှိနေပြန်တယ်။ ဒီမေးခွန်းအတွက်အဖြေက ချန်ပီယံလိဂ်မှာ ရီးယဲလ်ဘယ်လောက်အောင်မြင်မလဲဆိုတဲ့အပေါ် မှာ မူတည်နေပါတယ်။ PSG နဲ့ပွဲဟာ ရီးယဲလ်၊ ဇီဒန်း (Zidane)တို့အတွက် လက်ရှိရာသီမှာ အရေးကြီးဆုံးအရည်ချင်းစစ်စာမေးပွဲပါပဲ။
August(Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။