[Zawgyi]

အဆန္စီယုိ (Asensio)၊ အမွတ္တရ၊ ဂိုး (၆၀၀၀)

ဘက္တစ္နဲ႔ပြဲမတုိင္မီမွာ ရီးယဲလ္အသင္းနည္းျပ ဇီဒန္း(Zidane)တစ္ေယာက္ ဖိအားဒဏ္ေတြေၾကာင့္ ရာသီကုန္ရင္နည္းျပဘ၀ကေန ေခတၱအနားယူမယ္ဆိုၿပီး သတင္းေတြထြက္ခဲ့ပါတယ္။ ဇီဒန္းရဲ႕ ရီးယဲလ္အသင္းဟာ ဒီရာသီမွာ အိပ္မက္မ်ားစြာက်ဳိးပဲ့ေနခဲ့ၿပီး လာလီဂါမွာ ခ်န္ပီယံျဖစ္ေရးမေသခ်ာ၊ စပိန္ဘုရင့္ဖလားကေန ထြက္ခြာခဲ့ရလို႔ ဖိအားေတြပိေနတာပါပဲ။ဒါေပမဲ့ ခ်န္ပီယံလိဂ္႐ႈံးထြက္ (၁၆)သင္းအဆင့္မွာ PSG အသင္းကို အႏုိင္ယူၿပီး ဖိအားဒဏ္ေတြကို ဇီဒန္းအနည္းငယ္ေလွ်ာ့ခ်ႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ သတင္းေတြက ဇီဒန္းဟာ နည္းျပအလုပ္ကေန ေခတၱနားၿပီး စိတ္ပင္ပန္း၊ လူပင္ပန္းတာေတြကို ေလွ်ာ့ခ်ခ်င္ေနတယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။

ဘက္တစ္နဲ႔ပြဲမွာလည္း ဇီဒန္းရဲ႕ ရီးယဲလ္အသင္းမလြယ္ကူခဲ့ျပန္ဘူး။ ဘက္တစ္ရဲ႕ ဦးေဆာင္မႈေနာက္ကေနလုိက္ကစားခဲ့ရၿပီး ေအာင္ပြဲရဖို႔ ႐ုန္းကန္ခဲ့ရတယ္။ ဇီဒန္းကို ကယ္တင္ခဲ့တာက လူငယ္ေတာင္ပံကစားသမား အဆန္စီယိုပါပဲ။ အဆန္စီယိုက ဘက္တစ္ကို (၅-၃)ဂိုးနဲ႔ ရီးယဲလ္အသင္းအနုိင္ရခဲ့တဲ့ပြဲမွာ (၂)ဂိုးသြင္းယူခဲ့ပါတယ္။ အဆန္စီယိုဟာ လာလီဂါမွာရက္ေပါင္း (၁၀၅)ရက္ၾကာ ဂိုးေပါက္ေပ်ာက္ဆံုးေနမႈကိုအဆံုးသတ္ခဲ့တာပါပဲ။ ဂိုးေပါက္ျပန္ေတြ႕တာထက္ ပိုၿပီးအမွတ္ရစရာေကာင္းတာက အဆန္စီ႐ိုရဲ႕ သြင္းဂိုးဟာ ရီးယဲလ္အသင္းသမုိင္းတစ္ေလွ်ာက္ လာလီဂါမွာ ဂိုး (၆၀၀၀)ျပည့္ျဖစ္ခဲ့တာပါ။ ရီးယဲလ္အသင္းနည္းျပ ဇီဒန္းက ဘက္တစ္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ အဆန္စီယို၊ ဗက္ဇ္ကြက္ဇ္(Vazquez)တို႔ကို ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။

ရီးယဲလ္အသင္းအတြက္ လာလီဂါဂိုး (၆၀၀၀)ျပည့္သြင္းခဲ့သူ အဆန္စီယို (Asencio)

ရီးယဲလ္အသင္းအတြက္ လာလီဂါဂိုး (၆၀၀၀)ျပည့္သြင္းခဲ့သူ အဆန္စီယို (Asencio)

ဘက္တစ္နဲ႔ပြဲမွာ (၁-၂)ဂိုးနဲ႔ ႐ႈံးေနရာကေန (၅-၃)ဂိုးနဲ႔ အႏုိင္ရေအာင္ျပန္ကစားႏုိင္ခဲ့တာဟာ ရီးယဲလ္အသင္းျပန္လည္သန္မာလာၿပီလို႔ သက္ေသျပလုိက္တာပါပဲ။ စီေရာ္နယ္လ္ိဒုိက ၂၀၁၈ ႏွစ္ဦးပုိင္းကစၿပီး လာလီဂါမွာ (၈)ဂိုးအထိသြင္းယူထားႏုိင္ကလည္း ရီးယဲလ္အတြက္ အျပဳသေဘာေဆာင္ပါဂတယ္။ လာလီဂါမွာ ဂိုး(၆၀၀၀)ျပည့္တဲ့ပထမဆံုးအသင္းအျဖစ္ ရီးယဲလ္ဂုဏ္ယူဖြယ္မွတ္တမ္း၀င္ခဲ့တာ၊ စီေရာ္နယ္လ္ဒုိ၊ အဆန္စီ႐ို၊ ဘန္ဇီမာတုိ႔အားလံုးဂိုးေပါက္ျပန္ေတြ႕ခဲ့တာေတြေၾကာင့္ ဇီဒန္းနဲ႔ ရီးယဲလ္ ဇာတာျပန္တက္လာၿပီလို႔ ဆိုရမယ္။

ရီးယဲလ္အသင္း၏ လာလီဂါပထမဆံုးဂိုးႏွင့္ ေထာင္ျပည့္ဂိုးသြင္းသူမ်ား

၁ – လက္ဇ္ကာႏုိ (၁၉၂၉)

၁၀၀၀ – ပါဟီႏို(Pahino) (၁၉၅၀)

၂၀၀၀ – ပါကိုယန္တုိ (Paco Gento)(၁၉၆၃)

၃၀၀၀ – ဟြမ္နီတုိ (Juanito) (၁၉၈၁)

၄၀၀၀ – ဇာမုိရာႏုိ (Zamorano)(၁၉၉၄)

၅၀၀၀ – ဂူတီ (Guti) (၂၀၀၈)

၆၀၀၀ – အဆန္စီယို (Asensio) (၂၀၁၈)

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အဆန်စီယို (Asensio)၊ အမှတ်တရ၊ ဂိုး (၆၀၀၀)

ဘက်တစ်နဲ့ပွဲမတိုင်မီမှာ ရီးယဲလ်အသင်းနည်းပြ ဇီဒန်း(Zidane)တစ်ယောက် ဖိအားဒဏ်တွေကြောင့် ရာသီကုန်ရင်နည်းပြဘဝကနေ ခေတ္တအနားယူမယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။ ဇီဒန်းရဲ့ ရီးယဲလ်အသင်းဟာ ဒီရာသီမှာ အိပ်မက်များစွာကျိုးပဲ့နေခဲ့ပြီး လာလီဂါမှာ ချန်ပီယံဖြစ်ရေးမသေချာ၊ စပိန်ဘုရင့်ဖလားကနေ ထွက်ခွာခဲ့ရလို့ ဖိအားတွေပိနေတာပါပဲ။ဒါပေမဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်မှာ PSG အသင်းကို အနိုင်ယူပြီး ဖိအားဒဏ်တွေကို ဇီဒန်းအနည်းငယ်လျှော့ချနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သတင်းတွေက ဇီဒန်းဟာ နည်းပြအလုပ်ကနေ ခေတ္တနားပြီး စိတ်ပင်ပန်း၊ လူပင်ပန်းတာတွေကို လျှော့ချချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘက်တစ်နဲ့ပွဲမှာလည်း ဇီဒန်းရဲ့ ရီးယဲလ်အသင်းမလွယ်ကူခဲ့ပြန်ဘူး။ ဘက်တစ်ရဲ့ ဦးဆောင်မှုနောက်ကနေလိုက်ကစားခဲ့ရပြီး အောင်ပွဲရဖို့ ရုန်းကန်ခဲ့ရတယ်။ ဇီဒန်းကို ကယ်တင်ခဲ့တာက လူငယ်တောင်ပံကစားသမား အဆန်စီယိုပါပဲ။ အဆန်စီယိုက ဘက်တစ်ကို (၅-၃)ဂိုးနဲ့ ရီးယဲလ်အသင်းအနိုင်ရခဲ့တဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့ပါတယ်။ အဆန်စီယိုဟာ လာလီဂါမှာရက်ပေါင်း (၁၀၅)ရက်ကြာ ဂိုးပေါက်ပျောက်ဆုံးနေမှုကိုအဆုံးသတ်ခဲ့တာပါပဲ။ ဂိုးပေါက်ပြန်တွေ့တာထက် ပိုပြီးအမှတ်ရစရာကောင်းတာက အဆန်စီရိုရဲ့ သွင်းဂိုးဟာ ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် လာလီဂါမှာ ဂိုး (၆၀၀၀)ပြည့်ဖြစ်ခဲ့တာပါ။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက ဘက်တစ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အဆန်စီယို၊ ဗက်ဇ်ကွက်ဇ်(Vazquez)တို့ကို ချီးကျူးပြောကြားခဲ့ပါတယ်။

ရီးယဲလ်အသင်းအတွက် လာလီဂါဂိုး (၆၀၀၀)ပြည့်သွင်းခဲ့သူ အဆန်စီယို (Asencio)

ရီးယဲလ်အသင်းအတွက် လာလီဂါဂိုး (၆၀၀၀)ပြည့်သွင်းခဲ့သူ အဆန်စီယို (Asencio)

ဘက်တစ်နဲ့ပွဲမှာ (၁-၂)ဂိုးနဲ့ ရှုံးနေရာကနေ (၅-၃)ဂိုးနဲ့ အနိုင်ရအောင်ပြန်ကစားနိုင်ခဲ့တာဟာ ရီးယဲလ်အသင်းပြန်လည်သန်မာလာပြီလို့ သက်သေပြလိုက်တာပါပဲ။ စီရော်နယ်လိဒိုက ၂၀၁၈ နှစ်ဦးပိုင်းကစပြီး လာလီဂါမှာ (၈)ဂိုးအထိသွင်းယူထားနိုင်ကလည်း ရီးယဲလ်အတွက် အပြုသဘောဆောင်ပါဂတယ်။ လာလီဂါမှာ ဂိုး(၆၀၀၀)ပြည့်တဲ့ပထမဆုံးအသင်းအဖြစ် ရီးယဲလ်ဂုဏ်ယူဖွယ်မှတ်တမ်းဝင်ခဲ့တာ၊ စီရော်နယ်လ်ဒို၊ အဆန်စီရို၊ ဘန်ဇီမာတို့အားလုံးဂိုးပေါက်ပြန်တွေ့ခဲ့တာတွေကြောင့် ဇီဒန်းနဲ့ ရီးယဲလ် ဇာတာပြန်တက်လာပြီလို့ ဆိုရမယ်။

ရီးယဲလ်အသင်း၏ လာလီဂါပထမဆုံးဂိုးနှင့် ထောင်ပြည့်ဂိုးသွင်းသူများ

၁ – လက်ဇ်ကာနို (၁၉၂၉)

၁၀၀၀ – ပါဟီနို(Pahino) (၁၉၅၀)

၂၀၀၀ – ပါကိုယန်တို (Paco Gento)(၁၉၆၃)

၃၀၀၀ – ဟွမ်နီတို (Juanito) (၁၉၈၁)

၄၀၀၀ – ဇာမိုရာနို (Zamorano)(၁၉၉၄)

၅၀၀၀ – ဂူတီ (Guti) (၂၀၀၈)

၆၀၀၀ – အဆန်စီယို (Asensio) (၂၀၁၈)

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။