[Zawgyi]

နည္းျပသစ္ကုိ အေလာတႀကီး ခန္႔အပ္သြားမွာ မဟုတ္တဲ့ ရီးယဲလ္

ရီးယဲလ္အသငး္ဟာ နည္းျပဇီဒန္း Zidane ရာထူးက ႏုတ္ထြက္ခဲ့ၿပီးတဲ့ေနာက္ပုိင္း နည္းျပသစ္တစ္ဦး ခန္႔အပ္ဖုိ႔ ရွာေဖြေနေပမယ့္လည္း အေလာတႀကီး ခန္႔အပ္သြားမွာ မဟုတ္ဘဲ အခ်ိန္ယူ ျပင္ဆင္သြားမွာျဖစ္ပါတယ္။ ဇီဒန္းဟာ ခ်န္ပီယံလိဂ္ဖလားရယူၿပီး ရက္ပုိင္းအၾကာမွာပဲ ရာထူးက ႐ုတ္တရက္ ႏုတ္ထြက္သြားတာျဖစ္ၿပီး သူ႔ရဲ႕ ဆုံးျဖတ္ခ်က္က ကစားသမားေတြ၊ တာ၀န္ရွိေတြသာမက ပရိသတ္ေတြအတြက္ပါ အံ့အားသင့္ စရာျဖစ္ခဲ့ရတယ္။ ရီးယဲလ္အသင္းအေနနဲ႔လည္း ဇီဒန္းေနရာကုိ အစားထုိးဖုိ႔အတြက္ Plan B မရွိေသးတ့ဲ အခ်ိန္မွာ ဇီဒန္းက ရာထူးက ႏုတ္ထြက္ခဲ့တာေၾကာင့္ အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနရတယ္။

အခုေလာေလာဆယ္ ရီးယဲလ္နည္းျပသစ္အတြက္ ေရပန္းစားေနတဲ့ နာမည္ေက်ာ္ နည္းျပေတြရွိေနၿပီး စပါး အသင္းနည္းျပ ပုိခ်က္တီႏုိ Pochettino က ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။ ဒါေပမဲ့ ရီးယဲလ္ပရိသတ္ေတြ ကေတာ့ ပုိခ်က္တီႏုိထက္ လီဗာပူးလ္နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp ကုိ ပုိႀကိဳက္ႏွစ္သက္ေနၿပီး နည္းျပသစ္ခန္႔အပ္ေစဖုိ႔ ဆႏၵရွိေနတယ္လုိ႔လည္း သတင္းထြက္ေနတယ္။ ရီးယဲလ္နည္းျပသစ္ အျဖစ္ ေရပန္းစားသူေတြထဲမွာ ဂ်ာမနီအသင္းနည္းျပ ဂ်ိဳအာခ်င္လုိး Joachim Low ၊ အာဆင္နယ္ အသင္းနည္းျပေဟာင္း အာစင္၀င္းဂါး Arsene Wenger တို႔လည္း ပါ၀င္ေနပါတယ္။ ရီးယဲလ္အသင္းနည္းျပ ရာထူးက ဖိအားေတြ၊ စိန္ေခၚမႈေတြ ျပည့္ႏွက္ေနတာေၾကာင့္ ရီးယဲလ္အသငး္အေနနဲ႔လည္း အဲဒီရာထူး အတြက္ သင့္ေတာ္မယ့္ နည္းျပတစ္ဦးကုိ အခ်ိန္ယူစဥ္းစားၿပီးမွ ခန္႔အပ္သြားဖုိ႔ ဆႏၵရွိေနတာပါ။

REF:Goal.com
Photo: Squawka
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နည်းပြသစ်ကို အလောတကြီး ခန့်အပ်သွားမှာ မဟုတ်တဲ့ ရီးယဲလ်

ရီးယဲလ်အသင်းဟာ နည်းပြဇီဒန်း Zidane ရာထူးက နုတ်ထွက်ခဲ့ပြီးတဲ့နောက်ပိုင်း နည်းပြသစ်တစ်ဦး ခန့်အပ်ဖို့ ရှာဖွေနေပေမယ့်လည်း အလောတကြီး ခန့်အပ်သွားမှာ မဟုတ်ဘဲ အချိန်ယူ ပြင်ဆင်သွားမှာဖြစ်ပါတယ်။ ဇီဒန်းဟာ ချန်ပီယံလိဂ်ဖလားရယူပြီး ရက်ပိုင်းအကြာမှာပဲ ရာထူးက ရုတ်တရက် နုတ်ထွက်သွားတာဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်က ကစားသမားတွေ၊ တာဝန်ရှိတွေသာမက ပရိသတ်တွေအတွက်ပါ အံ့အားသင့် စရာဖြစ်ခဲ့ရတယ်။ ရီးယဲလ်အသင်းအနေနဲ့လည်း ဇီဒန်းနေရာကို အစားထိုးဖို့အတွက် Plan B မရှိသေးတဲ့ အချိန်မှာ ဇီဒန်းက ရာထူးက နုတ်ထွက်ခဲ့တာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။

အခုလောလောဆယ် ရီးယဲလ်နည်းပြသစ်အတွက် ရေပန်းစားနေတဲ့ နာမည်ကျော် နည်းပြတွေရှိနေပြီး စပါး အသင်းနည်းပြ ပိုချက်တီနို Pochettino က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ ရီးယဲလ်ပရိသတ်တွေ ကတော့ ပိုချက်တီနိုထက် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ကို ပိုကြိုက်နှစ်သက်နေပြီး နည်းပြသစ်ခန့်အပ်စေဖို့ ဆန္ဒရှိနေတယ်လို့လည်း သတင်းထွက်နေတယ်။ ရီးယဲလ်နည်းပြသစ် အဖြစ် ရေပန်းစားသူတွေထဲမှာ ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုး Joachim Low ၊ အာဆင်နယ် အသင်းနည်းပြဟောင်း အာစင်ဝင်းဂါး Arsene Wenger တို့လည်း ပါဝင်နေပါတယ်။ ရီးယဲလ်အသင်းနည်းပြ ရာထူးက ဖိအားတွေ၊ စိန်ခေါ်မှုတွေ ပြည့်နှက်နေတာကြောင့် ရီးယဲလ်အသင်းအနေနဲ့လည်း အဲဒီရာထူး အတွက် သင့်တော်မယ့် နည်းပြတစ်ဦးကို အချိန်ယူစဉ်းစားပြီးမှ ခန့်အပ်သွားဖို့ ဆန္ဒရှိနေတာပါ။

REF:Goal.com
Photo: Squawka
Naing Linn(Akhayar)
www.akhayar.com