[Zawgyi]

(၁၈)ႏွစ္အတြင္း Ballon d’Or ဆုရ ကစားသမားမရွိတဲ့အေနအထားနဲ႔ ရင္ဆုိင္ေနရတဲ့ ရီးယဲလ္

စပိန္နာမည္ႀကီး ရီးယဲလ္ Real Madrid အသင္းဟာ (၁၈)ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ Ballon d’Or ဆုရဖူးတဲ့ကစားသမားမရွိဘဲ ရာသီသစ္ကုိ စတင္ရမယ့္အေနအထားနဲ႔ ရင္ဆုိင္ေနရပါၿပီ။ Ballon d’Or ဆုကုိ အႀကိမ္ႀကိမ္ရရွိခဲ့တဲ့ နာမည္ေက်ာ္ေပၚတူဂီကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕သြားတဲ့အတြက္ ရီးယဲလ္အသင္းဟာ အခုလုိအေနအထားနဲ႔ ရင္ဆုိင္ေနရတာပါ။

Cristiano-Ronaldo

Cristiano-Ronaldo

၂၀၀၀ ခုႏွစ္ကစလုိ႔ ရီးယဲလ္အသင္းမွာ Ballon d’Or ဆုရခဲ့ဖူးတဲ့ကစားသမား အမ်ားစု ပါ၀င္ခဲ့ၿပီး သူတို႔ကေတာ့ ေရာ္နယ္လ္ဒုိ Ronaldo ၊ ဖီဂုိ Figo ၊ ဇီဒန္း Zidane ၊ အုိ၀င္ Owen ၊ ကင္နဗာ႐ုိ Cannavaro ၊ ကာကာ Kaka ၊ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo စတဲ့ကစားသမားေတြျဖစ္ပါတယ္။ ဘရာဇီးလ္ဂႏၳ၀င္ တိုက္စစ္မွဴး ေရာ္နယ္လ္ဒုိဟာ ရီးယဲလ္အသင္းကုိ မေရာက္ခင္ ၁၉၉၇ ခုႏွစ္တုန္းက အင္တာမီလန္အသင္းနဲ႔အတူ Ballon d’Or ဆုရရွိခဲ့သလုိ ရီးယဲလ္ကစားသမားဘ၀မွာလည္း ၂၀၀၂ ခုႏွစ္မွာ ဆြတ္ခူးႏုိင္ခဲ့တယ္။ ဇီဒန္းဆုိရင္လည္း ၁၉၉၈ ခုႏွစ္က Ballon d’Or ဆုရရွိခဲ့ၿပီး ဖီဂုိက ၂၀၀၀ ခုႏွစ္မွာ အဲဒီဆုရရွိခဲ့တယ္။

Real-Madrid-Will-Start-The-Season-Without-A-Ballon-dOr-Winner-In-Their-Squad

Real-Madrid-Will-Start-The-Season-Without-A-Ballon-dOr-Winner-In-Their-Squad

ရီးယဲလ္အသင္းအတြက္ ေမွ်ာ္လင့္စရာတစ္ခုက ၂၀၁၈ Ballon d’Or ဆုရဖုိ႔ေရပန္းစားေနတဲ့အထဲမွာ သူတို႔ရဲ႕ ကစားသမားေတြျဖစ္တဲ့ မုိဒရစ္ Modric ၊ ဗာရန္း Varane တို႔ ပါ၀င္ေနတာေၾကာင့္ (၁၈)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ Ballon d’Or ဆုရ ကစားသမားမရွိတဲ့ မွတ္တမ္းဆုိးနဲ႔ မႀကံဳေတြ႕ရဖုိ႔က အဲဒီကစားသမားႏွစ္ဦးအေပၚ မူတည္ေနပါၿပီ။

ရီးယဲလ္အသင္းရဲ႕ Ballon d’Or ဆုရရွိခဲ့ဖူးတဲ့ နာမည္ေက်ာ္ကစားသမားမ်ား
Di Stéfano (winner in 1957, 1959)
Figo (winner in 2000)
Ronaldo (winner in 2002)
Cannavaro (winner in 2006)
Cristiano Ronaldo (winner in 2008, 2013, 2014)
Zidane (winner in 1998)
Kaka (winner in 2007)
Owen (winner in 2001)

REF:sportbible.com
Photo:Goal.com,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

(၁၈)နှစ်အတွင်း Ballon d’Or ဆုရ ကစားသမားမရှိတဲ့အနေအထားနဲ့ ရင်ဆိုင်နေရတဲ့ ရီးယဲလ်

စပိန်နာမည်ကြီး ရီးယဲလ် Real Madrid အသင်းဟာ (၁၈)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် Ballon d’Or ဆုရဖူးတဲ့ကစားသမားမရှိဘဲ ရာသီသစ်ကို စတင်ရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။ Ballon d’Or ဆုကို အကြိမ်ကြိမ်ရရှိခဲ့တဲ့ နာမည်ကျော်ပေါ်တူဂီကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားတဲ့အတွက် ရီးယဲလ်အသင်းဟာ အခုလိုအနေအထားနဲ့ ရင်ဆိုင်နေရတာပါ။

Cristiano-Ronaldo

Cristiano-Ronaldo

၂၀၀၀ ခုနှစ်ကစလို့ ရီးယဲလ်အသင်းမှာ Ballon d’Or ဆုရခဲ့ဖူးတဲ့ကစားသမား အများစု ပါဝင်ခဲ့ပြီး သူတို့ကတော့ ရော်နယ်လ်ဒို Ronaldo ၊ ဖီဂို Figo ၊ ဇီဒန်း Zidane ၊ အိုဝင် Owen ၊ ကင်နဗာရို Cannavaro ၊ ကာကာ Kaka ၊ စီရော်နယ်လ်ဒို Cristiano Ronaldo စတဲ့ကစားသမားတွေဖြစ်ပါတယ်။ ဘရာဇီးလ်ဂန္ထဝင် တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းကို မရောက်ခင် ၁၉၉၇ ခုနှစ်တုန်းက အင်တာမီလန်အသင်းနဲ့အတူ Ballon d’Or ဆုရရှိခဲ့သလို ရီးယဲလ်ကစားသမားဘဝမှာလည်း ၂၀၀၂ ခုနှစ်မှာ ဆွတ်ခူးနိုင်ခဲ့တယ်။ ဇီဒန်းဆိုရင်လည်း ၁၉၉၈ ခုနှစ်က Ballon d’Or ဆုရရှိခဲ့ပြီး ဖီဂိုက ၂၀၀၀ ခုနှစ်မှာ အဲဒီဆုရရှိခဲ့တယ်။

Real-Madrid-Will-Start-The-Season-Without-A-Ballon-dOr-Winner-In-Their-Squad

Real-Madrid-Will-Start-The-Season-Without-A-Ballon-dOr-Winner-In-Their-Squad

ရီးယဲလ်အသင်းအတွက် မျှော်လင့်စရာတစ်ခုက ၂၀၁၈ Ballon d’Or ဆုရဖို့ရေပန်းစားနေတဲ့အထဲမှာ သူတို့ရဲ့ ကစားသမားတွေဖြစ်တဲ့ မိုဒရစ် Modric ၊ ဗာရန်း Varane တို့ ပါဝင်နေတာကြောင့် (၁၈)နှစ်အတွင်း ပထမဆုံးအကြိမ် Ballon d’Or ဆုရ ကစားသမားမရှိတဲ့ မှတ်တမ်းဆိုးနဲ့ မကြုံတွေ့ရဖို့က အဲဒီကစားသမားနှစ်ဦးအပေါ် မူတည်နေပါပြီ။

ရီးယဲလ်အသင်းရဲ့ Ballon d’Or ဆုရရှိခဲ့ဖူးတဲ့ နာမည်ကျော်ကစားသမားများ
Di Stéfano (winner in 1957, 1959)
Figo (winner in 2000)
Ronaldo (winner in 2002)
Cannavaro (winner in 2006)
Cristiano Ronaldo (winner in 2008, 2013, 2014)
Zidane (winner in 1998)
Kaka (winner in 2007)
Owen (winner in 2001)

REF:sportbible.com
Photo:Goal.com,Twitter
Naing Linn(Akhayar)
www.akhayar.com