[Zawgyi]

ကစားသမားသစ္ေတြ ေခၚယူအားျဖည့္သြားမယ္လုိ႔ ကတိျပဳခဲ့တဲ့ Florentino Perez

ရီးယဲလ္အသင္းဥကၠဌ ဖေလာ္ရင္တီႏုိပီရက္ဇ္ Florentino Perez က အခုေႏြရာသီကာလအတြင္း ထိပ္တန္းကစားသမားေတြေခၚယူၿပီး အသင္းကုိ အေကာင္းဆုံးျဖစ္ေအာင္ တည္ေဆာက္သြားမယ္လုိ႔ ကတိျပဳေျပာၾကားခဲ့တယ္။ လက္ရွိအခ်ိန္မွာ ရီးယဲလ္အသင္းဟာ သူတို႔ရဲ႕အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ကို ဂ်ဴဗင္တပ္စ္အသင္းဆီေရာငး္ခ်ခဲ့ၿပီး နာမည္ေက်ာ္ကစားသမားေတြ ေခၚယူဖုိ႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။ အခုေလာေလာဆယ္ ရီးယဲလ္အသငး္က ပစ္မွတ္ထားေနတဲ့ ကစားသမားေတြထဲမွာ ဟာဇတ္ Hazard ၊ ဘာေပ Mbappe တို႔လုိ ထိပ္သီးကစားသမားေတြပါ၀င္ေနၿပီး ႏွစ္အေတာ္ၾကာ ေပ်ာက္ဆုံးေနတဲ့ Galacticos ၾကယ္စင္စုအဖဲြ႕အစည္းကုိ ျပန္ျမင္ရေတာ့မလားဆုိတဲ့ ေမးခြန္းေတြလည္း ထြက္ေပၚေနတယ္။

Alvaro-Odriozola

Alvaro-Odriozola

ဒီေႏြရာသီေစ်းကြက္အတြင္းမွာေတာ့ ရီးယဲလ္အသင္းဟာ လူငယ္ကစားသမားေတြကုိ ေခၚယူထားၿပီး ဆုိစီဒက္လူငယ္ညာေနာက္ခံလူ အုိဒရီအုိဇုိလာ Odriozola ၊ ယူကရိကန္းကလပ္ ေဇာင္ယာ Zorya အသင္းရဲ႕ဂုိးသမား အန္ဒေရလူနင္ Andriy Lunin ၊ ဖလာမင္ဂုိအသင္းက ဘရာဇီးလ္လူငယ္ၾကယ္ပြင့္ Vinícius Júnior တို႔အတြက္ ယူ႐ုိသန္း(၁၀၀)နီးပါးအသုံးျပဳထားတယ္။ ရီးယဲလ္အသင္းမွာ အသင္းသမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံးကစားသမား စီေရာ္နယ္လ္ဒုိမရွိေတာ့ေပမယ့္ ဖေလာ္ရင္တီႏုိပီရက္ဇ္ကေတာ့ လက္ရွိလူစာရင္းအရ ေအာင္ျမင္မႈေတြ ရယူႏုိင္မယ္လုိ႔ ယုံၾကည္ေနပါတယ္။ ပီရက္ဇ္က “ရာသီတိုင္းမွာ ကၽြန္ေတာ္တို႔အသင္းရဲ႕အလားအလာနဲ႔ပတ္သက္တဲ့ ေမးခြန္းေတြကုိ သတိထားၿပီး ဂ႐ုတစုိက္ စီစဥ္ေဆာင္ရြက္ေနပါတယ္။ ကၽြန္ေတာ္တို႔အသင္းဟာ ရီးယဲလ္မက္ဒရစ္ Real Madrid ျဖစ္တာေၾကာင့္ ေနာက္ထပ္ေနာက္ထပ္ေသာ ေအာင္ျမင္မႈေတြကုိ ရယူဖုိ႔ အၿမဲဆႏၵျပင္းျပေနတာပါ။ အခုအသင္းဟာ ဆုဖလားေတြရယူႏုိင္စြမ္းရွိတဲ့ အရည္အေသြးျမင့္ကစားသမားေတြကုိ ပုိင္ဆုိင္ထားပါတယ္။ မၾကာခင္မွာလည္း ထိပ္တန္းကစားသမားေတြကုိ ဆက္ၿပီး ေခၚယူအားျဖည့္သြားဦးမွာပါ”လုိ႔ ေျပာၾကားခဲ့တယ္။

Vinícius-Júnior

Vinícius-Júnior

အခုေႏြရာသီအတြင္း ရီးယဲလ္ ေခၚယူထားတဲ့ကစားသမားမ်ား

Álvaro Odriozola (22 years) Real Sociedad €30M
Andriy Lunin (19 years) Zorya Luhansk €8.5M
Omar Mascarell (25 years) Eintracht Frankfurt €4M
Lucas Torró (23 years) Osasuna €1.75M
Vinícius Júnior (18 years) Non-EU Flamengo €45M

REF:Goal.com
Photo:AS,Habla Deportes,O Dia – iG
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်သွားမယ်လို့ ကတိပြုခဲ့တဲ့ Florentino Perez

ရီးယဲလ်အသင်းဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ် Florentino Perez က အခုနွေရာသီကာလအတွင်း ထိပ်တန်းကစားသမားတွေခေါ်ယူပြီး အသင်းကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်သွားမယ်လို့ ကတိပြုပြောကြားခဲ့တယ်။ လက်ရှိအချိန်မှာ ရီးယဲလ်အသင်းဟာ သူတို့ရဲ့အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ကို ဂျူဗင်တပ်စ်အသင်းဆီရောင်းချခဲ့ပြီး နာမည်ကျော်ကစားသမားတွေ ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ အခုလောလောဆယ် ရီးယဲလ်အသင်းက ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ ဟာဇတ် Hazard ၊ ဘာပေ Mbappe တို့လို ထိပ်သီးကစားသမားတွေပါဝင်နေပြီး နှစ်အတော်ကြာ ပျောက်ဆုံးနေတဲ့ Galacticos ကြယ်စင်စုအဖွဲ့အစည်းကို ပြန်မြင်ရတော့မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေတယ်။

Alvaro-Odriozola

Alvaro-Odriozola

ဒီနွေရာသီဈေးကွက်အတွင်းမှာတော့ ရီးယဲလ်အသင်းဟာ လူငယ်ကစားသမားတွေကို ခေါ်ယူထားပြီး ဆိုစီဒက်လူငယ်ညာနောက်ခံလူ အိုဒရီအိုဇိုလာ Odriozola ၊ ယူကရိကန်းကလပ် ဇောင်ယာ Zorya အသင်းရဲ့ဂိုးသမား အန်ဒရေလူနင် Andriy Lunin ၊ ဖလာမင်ဂိုအသင်းက ဘရာဇီးလ်လူငယ်ကြယ်ပွင့် Vinícius Júnior တို့အတွက် ယူရိုသန်း(၁၀၀)နီးပါးအသုံးပြုထားတယ်။ ရီးယဲလ်အသင်းမှာ အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား စီရော်နယ်လ်ဒိုမရှိတော့ပေမယ့် ဖလော်ရင်တီနိုပီရက်ဇ်ကတော့ လက်ရှိလူစာရင်းအရ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ပီရက်ဇ်က “ရာသီတိုင်းမှာ ကျွန်တော်တို့အသင်းရဲ့အလားအလာနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို သတိထားပြီး ဂရုတစိုက် စီစဉ်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အသင်းဟာ ရီးယဲလ်မက်ဒရစ် Real Madrid ဖြစ်တာကြောင့် နောက်ထပ်နောက်ထပ်သော အောင်မြင်မှုတွေကို ရယူဖို့ အမြဲဆန္ဒပြင်းပြနေတာပါ။ အခုအသင်းဟာ ဆုဖလားတွေရယူနိုင်စွမ်းရှိတဲ့ အရည်အသွေးမြင့်ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ မကြာခင်မှာလည်း ထိပ်တန်းကစားသမားတွေကို ဆက်ပြီး ခေါ်ယူအားဖြည့်သွားဦးမှာပါ”လို့ ပြောကြားခဲ့တယ်။

Vinícius-Júnior

Vinícius-Júnior

အခုနွေရာသီအတွင်း ရီးယဲလ် ခေါ်ယူထားတဲ့ကစားသမားများ

Álvaro Odriozola (22 years) Real Sociedad €30M
Andriy Lunin (19 years) Zorya Luhansk €8.5M
Omar Mascarell (25 years) Eintracht Frankfurt €4M
Lucas Torró (23 years) Osasuna €1.75M
Vinícius Júnior (18 years) Non-EU Flamengo €45M

REF:Goal.com
Photo:AS,Habla Deportes,O Dia – iG
Naing Linn(Akhayar)
www.akhayar.com