[Zawgyi]

ရီးယဲလ္အသင္း ကစားသမားေတြရဲ႕ လစာေငြစာရင္းကုိ ထုတ္ျပန္လုိက္ၿပီ

Los Blancos လုိ႔ အမည္ေျပာင္သတ္မွတ္ထားတဲ့ ရီးယဲလ္အသင္းဟာ ဥေရာပရဲ႕ ေအာင္ျမင္မႈအမ်ားဆုံးအသင္းဆုိတာ ပရိသတ္ေတြ အားလုံးအသိပါပဲ။ သမုိင္းအစဥ္အဆက္ကုိ ၾကည့္ရင္လည္း နာမည္ေက်ာ္ကစားသမားေတြကုိ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေတြနဲ႔ ေခၚယူခဲ့တဲ့အသင္း၊ ျမင့္မားတဲ့လစာေငြ အသုံးျပဳတဲ့အသင္း ဆုိၿပီး ဂုဏ္သိကၡာတစ္ရပ္ကုိ စုိက္ထူခဲ့တယ္။ အခုေနာက္ပုိင္း ကမၻာ႔ေဘာလုံးေလာကမွာ ေငြေၾကးလိႈင္းလုံးႀကီးေတြ စီးဆင္းလာတာနဲ႔အတူ ရီးယဲလ္အသင္းဟာ အရင္ေလာက္ ေငြေၾကးသုံးစဲြမႈ မရွိေတာ့ေပမယ့္ “ဆင္ပိန္ ကၽြဲေလာက္”ဆုိတဲ့ စကားပုံအတိုင္း သူတို႔ရဲ႕ဂုဏ္သိကၡာကုိေတာ့ ဆက္ထိန္းထားေနဆဲပါ။

Thibaut-Courtois

Thibaut-Courtois

ဒီေႏြရာသီမွာ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo အသင္းနဲ႔ လမ္းခဲြသြားေပမယ့္ လက္ရွိကစားသမားေတြအတြက္ ျမင့္မားတဲ့လစာေငြ ဆက္လက္ေပးေခ်ေနဆဲျဖစ္ပါတယ္။ ရာသီသစ္မွာ ရီးယဲလ္ကစားသမားေတြ ရရွိေနတဲ့ လစာေငြပမာဏကုိ နာမည္ႀကီး Sportskeeda အားကစား၀က္ဘ္ဆုိက္က ထုတ္ျပန္ခဲ့ၿပီး အဲဒီထဲမွာ ဂုိးသမားသစ္ ေကာ္တုိအာ Courtois ရဲ႕လစာေငြေတာ့ မပါ၀င္ခဲ့ဘူး။ ကဲ ..ပရိသတ္ႀကီးေရ .. ရီးယဲလ္ကစားသမားေတြ တစ္ပတ္လစာ ဘယ္ေလာက္အထိရေနသလဲဆုိတာ ၾကည့္လုိက္ရေအာင္ . . .

ရီးယဲလ္ကစားသမားေတြရဲ႕ တစ္ပတ္လစာေငြပမာဏ

17 Borja Mayoral, £10,000 per week
16 Dani Ceballos, £20,000 per week
15 Alvaro Odriozola, £45,000 per week
14 Lucas Vazquez, £60,000 per week
13 Nacho Fernandez, £70,000 per week
12 Keylor Navas, £85,000 per week
11 Marco Asensio, £90,000 per week
10 Casemiro, £90,000 per week
9 Daniel Carvajal, £100,000 per week
8 Isco, £120,000 per week
7 Raphael Varane, £140,000 per week
6 Karim Benzema, £150,000 per week
5 Luka Modric, £180,000 per week
4 Marcelo, £200,000 per week
3 Sergio Ramos, £200,000 per week
2 Toni Kroos, £200,000 per week
1 Gareth Bale, £350,000 per week

Gareth-Bale-is-Highest-Paid-Player-in-Real-Madrid

Gareth-Bale-is-Highest-Paid-Player-in-Real-Madrid

ဒါကေတာ့ ဒီရာသီ ရီးယဲလ္ကစားသမားေတြရဲ႕ တစ္ပတ္လစာေငြ စာရင္းပါပဲ။ စီေရာ္နယ္လ္ဒုိ မရွိေတာ့တဲ့ အခ်ိန္မွာ ဂါရတ္ေဘးလ္ Gareth Bale က ရီးယဲလ္ရဲ႕ လစာေငြအမ်ားဆုံးအျဖစ္ ရပ္တည္ႏုိင္ခဲ့ၿပီျဖစ္ပါတယ္ . .ပရိသတ္ႀကီးေရ

REF:sportskeeda
Photo:SPORTbible,Daily Echo,sportskeeda
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်အသင်း ကစားသမားတွေရဲ့ လစာငွေစာရင်းကို ထုတ်ပြန်လိုက်ပြီ

Los Blancos လို့ အမည်ပြောင်သတ်မှတ်ထားတဲ့ ရီးယဲလ်အသင်းဟာ ဥရောပရဲ့ အောင်မြင်မှုအများဆုံးအသင်းဆိုတာ ပရိသတ်တွေ အားလုံးအသိပါပဲ။ သမိုင်းအစဉ်အဆက်ကို ကြည့်ရင်လည်း နာမည်ကျော်ကစားသမားတွေကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့တဲ့အသင်း၊ မြင့်မားတဲ့လစာငွေ အသုံးပြုတဲ့အသင်း ဆိုပြီး ဂုဏ်သိက္ခာတစ်ရပ်ကို စိုက်ထူခဲ့တယ်။ အခုနောက်ပိုင်း ကမ္ဘာ့ဘောလုံးလောကမှာ ငွေကြေးလှိုင်းလုံးကြီးတွေ စီးဆင်းလာတာနဲ့အတူ ရီးယဲလ်အသင်းဟာ အရင်လောက် ငွေကြေးသုံးစွဲမှု မရှိတော့ပေမယ့် “ဆင်ပိန် ကျွဲလောက်”ဆိုတဲ့ စကားပုံအတိုင်း သူတို့ရဲ့ဂုဏ်သိက္ခာကိုတော့ ဆက်ထိန်းထားနေဆဲပါ။

Thibaut-Courtois

Thibaut-Courtois

ဒီနွေရာသီမှာ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo အသင်းနဲ့ လမ်းခွဲသွားပေမယ့် လက်ရှိကစားသမားတွေအတွက် မြင့်မားတဲ့လစာငွေ ဆက်လက်ပေးချေနေဆဲဖြစ်ပါတယ်။ ရာသီသစ်မှာ ရီးယဲလ်ကစားသမားတွေ ရရှိနေတဲ့ လစာငွေပမာဏကို နာမည်ကြီး Sportskeeda အားကစားဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ ဂိုးသမားသစ် ကော်တိုအာ Courtois ရဲ့လစာငွေတော့ မပါဝင်ခဲ့ဘူး။ ကဲ ..ပရိသတ်ကြီးရေ .. ရီးယဲလ်ကစားသမားတွေ တစ်ပတ်လစာ ဘယ်လောက်အထိရနေသလဲဆိုတာ ကြည့်လိုက်ရအောင် . . .

ရီးယဲလ်ကစားသမားတွေရဲ့ တစ်ပတ်လစာငွေပမာဏ

17 Borja Mayoral, £10,000 per week
16 Dani Ceballos, £20,000 per week
15 Alvaro Odriozola, £45,000 per week
14 Lucas Vazquez, £60,000 per week
13 Nacho Fernandez, £70,000 per week
12 Keylor Navas, £85,000 per week
11 Marco Asensio, £90,000 per week
10 Casemiro, £90,000 per week
9 Daniel Carvajal, £100,000 per week
8 Isco, £120,000 per week
7 Raphael Varane, £140,000 per week
6 Karim Benzema, £150,000 per week
5 Luka Modric, £180,000 per week
4 Marcelo, £200,000 per week
3 Sergio Ramos, £200,000 per week
2 Toni Kroos, £200,000 per week
1 Gareth Bale, £350,000 per week

Gareth-Bale-is-Highest-Paid-Player-in-Real-Madrid

Gareth-Bale-is-Highest-Paid-Player-in-Real-Madrid

ဒါကတော့ ဒီရာသီ ရီးယဲလ်ကစားသမားတွေရဲ့ တစ်ပတ်လစာငွေ စာရင်းပါပဲ။ စီရော်နယ်လ်ဒို မရှိတော့တဲ့ အချိန်မှာ ဂါရတ်ဘေးလ် Gareth Bale က ရီးယဲလ်ရဲ့ လစာငွေအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ် . .ပရိသတ်ကြီးရေ

REF:sportskeeda
Photo:SPORTbible,Daily Echo,sportskeeda
Naing Linn(Akhayar)
www.akhayar.com