[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ မတိုင္ခင္ နည္းျပသစ္ ခန္႔အပ္သြားဖို႔ ရွိေနတဲ့ ရီးယဲလ္အသင္း

ဇြန္လ (၁၄)ရက္ေန႔မွာ စတင္ေတာ့မယ့္ ကမၻာ႔ဖလားၿပိဳင္ပြဲ မတိုင္ခင္ နည္းျပသစ္ ခန္႔အပ္ဖို႔ ရီးယဲလ္အသင္း စီစဥ္ေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ အသင္းကို သမိုင္းဝင္ ေအာင္ျမင္မႈေတြ ရယူေပးခဲ့ၿပီး နည္းျပရာထူးကေန ရုတ္တရက္ ႏႈတ္ထြက္သြားတဲ့ ဇီဒန္း Zidane ရဲ႕ ေနရာမွာ အစားထိုးဖို႔ နည္းျပသစ္တစ္ဦးကို ရီးယဲလ္အသင္း ရွာေဖြေနတာ ျဖစ္ပါတယ္။ ခ်ယ္လ္ဆီးနည္းျပ ကြန္တီ Conte၊ အာဆင္နယ္ နည္းျပေဟာင္း အာစင္ဝင္းဂါး Arsene Wenger နဲ႔ အသင္းရဲ႕ ကြင္းလယ္ကစားသမားေဟာင္း ဂူတီ Guti တို႔ နည္းျပရာထူးအတြက္ ေရပန္းစားေနသလို ဘရာဇီးလ္အသင္းရဲ႕ နည္းျပ ထိထီ Tite ကိုလည္း ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

Brazil-manager-Tite-with-Neymar

Brazil-manager-Tite-with-Neymar

အသင္းရဲ႕ အဓိက ပစ္မွတ္ ကစားသမား ေနမာ Neymar ကို ေခၚယူႏိုင္ဖို႔ ကစားသမားနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတဲ့ ထိထီ Tite ကို ရီးယဲလ္အသင္းက ေဆြးေႏြးမႈေတြ ျပဳလုပ္သြားဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။ ရီးယဲလ္အသင္းက ဘရာဇီးလ္လက္ေရြးစင္ နည္းျပ ထိထီ Tite ကို နည္းျပသစ္အျဖစ္ ခန္႔အပ္မယ္ဆိုရင္ေတာ့ ကမၻာ႔ဖလားၿပိဳင္ပြဲအၿပီးမွသာ တရားဝင္ ခန္႔အပ္သြားရဖို႔ ရွိေနပါတယ္။ ရီးယဲလ္အသင္းရဲ႕ ဥကၠဌ ပီရက္ဇ္ Perez ကိုယ္တိုင္က ကမၻာ႔ဖလားၿပိဳင္ပြဲ မစတင္ခင္ နည္းျပသစ္ ခန္႔အပ္ဖို႔ ဆႏၵရွိေနေၾကာင္း သိရပါတယ္။

REF:AS
Photo:YouTube, Seeklogo, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် နည်းပြသစ် ခန့်အပ်သွားဖို့ ရှိနေတဲ့ ရီးယဲလ်အသင်း

ဇွန်လ (၁၄)ရက်နေ့မှာ စတင်တော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် နည်းပြသစ် ခန့်အပ်ဖို့ ရီးယဲလ်အသင်း စီစဉ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသင်းကို သမိုင်းဝင် အောင်မြင်မှုတွေ ရယူပေးခဲ့ပြီး နည်းပြရာထူးကနေ ရုတ်တရက် နှုတ်ထွက်သွားတဲ့ ဇီဒန်း Zidane ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ်တစ်ဦးကို ရီးယဲလ်အသင်း ရှာဖွေနေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြ ကွန်တီ Conte၊ အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါး Arsene Wenger နဲ့ အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဂူတီ Guti တို့ နည်းပြရာထူးအတွက် ရေပန်းစားနေသလို ဘရာဇီးလ်အသင်းရဲ့ နည်းပြ ထိထီ Tite ကိုလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Brazil-manager-Tite-with-Neymar

Brazil-manager-Tite-with-Neymar

အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား နေမာ Neymar ကို ခေါ်ယူနိုင်ဖို့ ကစားသမားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ ထိထီ Tite ကို ရီးယဲလ်အသင်းက ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ရီးယဲလ်အသင်းက ဘရာဇီးလ်လက်ရွေးစင် နည်းပြ ထိထီ Tite ကို နည်းပြသစ်အဖြစ် ခန့်အပ်မယ်ဆိုရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာ တရားဝင် ခန့်အပ်သွားရဖို့ ရှိနေပါတယ်။ ရီးယဲလ်အသင်းရဲ့ ဥက္ကဌ ပီရက်ဇ် Perez ကိုယ်တိုင်က ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်ခင် နည်းပြသစ် ခန့်အပ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

REF:AS
Photo:YouTube, Seeklogo, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com