[Zawgyi]






Cristiano-Ronaldo

Cristiano-Ronaldo


Copa de la Liga: 1985
UEFA Cup: 1984–85, 1985–86


Raul

Raul

UEFA Super Cup: 2002

La Liga: 2011–12, 2016–17

REF:The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်အသင်းရဲ့ ကျောနံပါတ်(၇) ပိုင်ရှင်သစ် ထွက်ပေါ်လာဖို့ရှိနေပြီ

စီရော်နယ်လ်ဒို Cristiano Ronaldo ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း လစ်လပ်နေတဲ့ ရီးယဲလ်အသင်းရဲ့ ကျောနံပါတ်(၇) ပိုင်ရှင်သစ်က မကြာခင် ထွက်ပေါ်လာဖို့ရှိနေပါပြီ။ ရီးယဲလ်အသင်းဟာ ဂန္ထဝင် ကျောနံပါတ်(၇)ကို ကစားသမားသစ် မာရီယာနို Mariano ဝတ်ဆင်ကစားဖို့ သတ်မှတ်လိုက်ပြီဆိုပြီး စပိန်ရေဒီယိုဌာန Cadena COPE က ထုတ်ပြန်ကြေညာလို့ပါပဲ။ ရီးယဲလ်အသင်းဟာ ၂၀၁၆-၁၇ ရာသီတုန်းက လိုင်ယွန်အသင်းဆီ ရောင်းချခဲ့တဲ့ မာရီယာနိုကို မနေ့(ကြာသပတေး)က ပေါင်(၂၃)သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့ပြီး (၅)နှစ် စာချုပ်ချုပ်ဆိုခဲ့တယ်။

Mariano-has-re-joined-former-club-Real-Madrid

Mariano-has-re-joined-former-club-Real-Madrid

တကယ်လို့ Cadena COPE က ဖော်ပြခဲ့တဲ့ သတင်းသာ အမှန်အတိုင်းဖြစ်မယ်ဆိုရင်တော့ မာရီယာနိုအတွက် တကယ့်ကို ဂုဏ်ယူစရာဖြစ်လာပါလိမ့်မယ်။ ရီးယဲလ်အသင်းမှာ ကျောနံပါတ်(၇) ဝတ်ဆင်ခဲ့သူတိုင်းက အသင်းအတွက် အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့လို့ မာရီယာနိုအတွက် ဖိအားတစ်ခုလည်း ဖြစ်လာနိုင်တယ်။ ကျောနံပါတ်(၇)ကို အခုနောက်ဆုံးဝတ်ဆင်ခဲ့တဲ့ စီရော်နယ်လ်ဒိုဆိုရင် အသင်းအတွက် (၄၅၀)ဂိုးအထိ သွင်းယူခဲ့ပြီး သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့တယ်၊ တစ်ဦးချင်း စံချိန်မှတ်တမ်းကောင်းတွေလည်း ရယူခဲ့တယ်၊ ဒါ့အပြင် ရီးယဲလ်ကစားသမားဘ၀ (၉)နှစ်တာကာလ အတွင်း အဓိက ဆုဖလားပေါင်း(၁၄)ခုအထိ ရယူခဲ့တယ်။ ဒါကြောင့် မာရီယာနိုသာ စီရော်နယ်လ်ဒိုရဲ့ တစ်ဝက်လောက်သာ အောင်မြင်မှုရမယ်ဆိုရင် သူ့အတွက် စိတ်ကျေနပ်စရာလို့တောင် ပြောရမှာပါ။

Cristiano-Ronaldo

Cristiano-Ronaldo

ရီးယဲလ်အသင်းမှာ နံပါတ်(၇)ဝတ်ဆင်ပြီး အောင်မြင်မှုရခဲ့သူများ

ဘူထရာဂွယ်နို Butragueño(၁၉၈၅-၈၆ မှ ၁၉၉၄-၉၅)
La Liga: 1985–86, 1986–87, 1987–88, 1988–89, 1989–90, 1994–95
Copa del Rey: 1988–89, 1992–93
Copa de la Liga: 1985
Supercopa de España: 1988, 1989, 1990, 1993
UEFA Cup: 1984–85, 1985–86
Copa Iberoamericana: 1994

ရာအူးလ် Raúl (၁၉၉၅-၉၆ မှ ၂၀၀၉-၁၀)

Raul

Raul

La Liga: 1994–95, 1996–97, 2000–01, 2002–03, 2006–07, 2007–08
Supercopa de España: 1997, 2001, 2003, 2008
UEFA Champions League: 1997–98, 1999–2000, 2001–02
UEFA Super Cup: 2002
Intercontinental Cup: 1998, 2002

စီရော်နယ်လ်ဒို Cristiano Ronaldo (၂၀၁၀-၁၁ မှ ၂၀၁၇-၁၈)
La Liga: 2011–12, 2016–17
Copa del Rey: 2010–11, 2013–14
Supercopa de España: 2012, 2017
UEFA Champions League: 2013–14, 2015–16, 2016–17, 2017–18
UEFA Super Cup: 2014, 2017
FIFA Club World Cup: 2014, 2016, 2017

REF:The Sun
Photo:Republica.com,.playmaker,sportskeeda,Boston Herald
Naing Linn(Akhayar)
www.akhayar.com