[Zawgyi]

Cristiano Ronaldo ေနရာကုိ အစား၀င္မယ့္သူက Harry Kane ျဖစ္မလား

အသင္းရဲ႕ အဓိက တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ကုိ ဂ်ဴဗင္တပ္စ္အသင္းဆီ ေရာင္းခ်ခဲ့ၿပီးတဲ့ေနာက္ ရီးယဲလ္ Real Madrid အသင္းဟာ ထိပ္တန္းတိုက္စစ္မွဴးတစ္ဦးနဲ႔ ျပန္အစားထုိးဖုိ႔ အပူတျပင္းႀကိဳးပမ္းေနတယ္ဆုိတာ ပရိသတ္ေတြ အသိပါပဲ။ ၂၀၀၉ ခုႏွစ္တုန္းက မန္ယူအသင္းကေန ရီးယဲလ္ကုိ ေျပာင္းေရႊ႕ခဲ့တဲ့ စီေရာ္နယ္လ္ဒုိဟာ (၉)ႏွစ္တာကာလအတြင္း (၄၃၈)ပဲြကစား၊ စုစုေပါင္း ဂုိုး(၄၅၀)အထိ သြင္းခဲ့ၿပီး အသင္းရဲ႕တိုက္စစ္မွာ မရွိမျဖစ္ကစားသမားတစ္ဦးသာမက သူ႔ေနရာမွာ ေနာက္ထပ္တစ္ဦးနဲ႔ အစားထုိးဖုိ႔ ခက္ခဲတဲ့သူတစ္ဦးဆုိတာကုိ သက္ေသျပသြားခဲ့ပါၿပီ။ အဲဒါေၾကာင့္ ရီးယဲလ္အသင္းက ေတာ္႐ုံကစားသမားမ်ိဳးကုိ ေခၚယူဖုိ႔ လက္တြန္႔ေနၿပီး စီေရာ္နယ္လ္ဒုိလုိ စြမ္းေဆာင္ႏုိင္မယ့္ တကယ့္ ေဒါင္ေဒါင္ျမည္ ကမၻာ႔အဆင့္တိုက္စစ္မွဴးကုိသာ ေခၚယူဖုိ႔ဆႏၵရွိေနတာပါ။

Harry-Kane-with-Golden-Boot

Harry-Kane-with-Golden-Boot

ရီးယဲလ္အသင္းအေနနဲ႔ PSG အသင္းက ေနမာ Neymar ၊ ဘာေပ Mbappe တို႔ကုိ ပစ္မွတ္ထားေနေပမယ့္လည္း ႏွစ္ေယာက္စလုံးက PSG ကေန ထြက္ဖုိ႔အေနအထားမရွိလုိ႔ အခု သူတို႔ရဲ႕ပစ္မွတ္က စပါးအသင္းရဲ႕ အဂၤလန္တိုက္စစ္မွဴးဟာရီကိန္း Harry Kane ဆီ ေရာက္လာျပန္ပါၿပီ။ ရီးယဲလ္ပရိသတ္ေတြကလည္း ဟာရီကိန္းဟာ စီေရာ္နယ္လ္ဒုိမရွိေတာ့တဲ့ တိုက္စစ္ကြက္လပ္မွာ အေကာင္းဆုံးျဖည့္တင္းေပးႏုိင္မယ့္သူအျဖစ္ ယုံၾကည္ေနၿပီး သူ႔ကုိေခၚယူဖုိ႔ ေတာင္းဆုိခဲ့ၾကတယ္။ စပိန္နာမည္ေက်ာ္ အားကစားသတင္းစာ Marca က ရီးယဲလ္အသင္း ဘယ္လုိတိုက္စစ္မွဴးကုိ ေခၚယူသင့္လဲဆုိတာ ပရိသတ္ေတြဆီ မဲဆႏၵေကာက္ခံခဲ့ေတာ့ ဟာရီကိန္းကုိ အမ်ားဆုံး Vote ေပးခဲ့ၾကပါတယ္။

Harry-Kane

Harry-Kane

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ ေရႊဖိနပ္ဆုရွင္၊ ၂၀၁၅-၁၆၊ ၂၀၁၆-၁၇ ပရီးမီးယားလိဂ္ရာသီ သြင္းဂုိးအမ်ားဆုံးေရႊဖိနပ္ပုိင္ရွင္ စတဲ့ဂုဏ္ပုဒ္ေတြပုိင္ဆုိင္ထားတဲ့ ဟာရီကိန္းကုိ ရီးယဲလ္ပရိသတ္ေတြ အလုိရွိေနတာက သိပ္ေတာ့လည္း မဆန္းပါဘူး။ Marca ရဲ႕ စစ္တမ္းအရ Vote ေပးခဲ့ၾကတဲ့ ပရိသတ္(၂)သိန္းမွာ (၂၆)ရာခုိင္ႏႈန္းက ဟာရီကိန္းကုိ မဲေပးခဲ့ၿပီး ကာဗာနီ Cavani နဲ႔ အီကာဒီ Icardi တို႔က (၁၄)ရာခုိင္ႏႈန္းစီရခဲ့ၾကတယ္လုိ႔ သိရတယ္။

Harry-Kane-Record

Harry-Kane-Record

ေနမာ-ရီးယဲလ္၊ ဘာေပ-ရီးယဲလ္ တို႔ရဲ႕ အေျပာင္းအေရႊ႕ပုံျပင္ေတြ အဆုံးသတ္ခ်ိန္မွာ အခုေတာ့ ဟာရီကိန္း-ရီးယဲလ္ ဇာတ္လမ္းက ျပန္အသက္၀င္လာပါၿပီ။ ပရိသတ္ေတြ ေမွ်ာ္လင့္သလုိ စီေရာ္နယ္လ္ဒုိရဲ႕ေနရာမွာ အစား၀င္မယ့္သူက ဟာရီကိန္းျဖစ္မလား၊ ဒါမွမဟုတ္ တျခားကစားသမား တစ္ဦးျဖစ္မလားဆုိတာကေတာ့ . . .

REF:.football.london
Photo:Premier League,Stadium Astro,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Cristiano Ronaldo နေရာကို အစားဝင်မယ့်သူက Harry Kane ဖြစ်မလား

အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ကို ဂျူဗင်တပ်စ်အသင်းဆီ ရောင်းချခဲ့ပြီးတဲ့နောက် ရီးယဲလ် Real Madrid အသင်းဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးနဲ့ ပြန်အစားထိုးဖို့ အပူတပြင်းကြိုးပမ်းနေတယ်ဆိုတာ ပရိသတ်တွေ အသိပါပဲ။ ၂၀၀၉ ခုနှစ်တုန်းက မန်ယူအသင်းကနေ ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ (၉)နှစ်တာကာလအတွင်း (၄၃၈)ပွဲကစား၊ စုစုပေါင်း ဂိုး(၄၅၀)အထိ သွင်းခဲ့ပြီး အသင်းရဲ့တိုက်စစ်မှာ မရှိမဖြစ်ကစားသမားတစ်ဦးသာမက သူ့နေရာမှာ နောက်ထပ်တစ်ဦးနဲ့ အစားထိုးဖို့ ခက်ခဲတဲ့သူတစ်ဦးဆိုတာကို သက်သေပြသွားခဲ့ပါပြီ။ အဲဒါကြောင့် ရီးယဲလ်အသင်းက တော်ရုံကစားသမားမျိုးကို ခေါ်ယူဖို့ လက်တွန့်နေပြီး စီရော်နယ်လ်ဒိုလို စွမ်းဆောင်နိုင်မယ့် တကယ့် ဒေါင်ဒေါင်မြည် ကမ္ဘာ့အဆင့်တိုက်စစ်မှူးကိုသာ ခေါ်ယူဖို့ဆန္ဒရှိနေတာပါ။

Harry-Kane-with-Golden-Boot

Harry-Kane-with-Golden-Boot

ရီးယဲလ်အသင်းအနေနဲ့ PSG အသင်းက နေမာ Neymar ၊ ဘာပေ Mbappe တို့ကို ပစ်မှတ်ထားနေပေမယ့်လည်း နှစ်ယောက်စလုံးက PSG ကနေ ထွက်ဖို့အနေအထားမရှိလို့ အခု သူတို့ရဲ့ပစ်မှတ်က စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်း Harry Kane ဆီ ရောက်လာပြန်ပါပြီ။ ရီးယဲလ်ပရိသတ်တွေကလည်း ဟာရီကိန်းဟာ စီရော်နယ်လ်ဒိုမရှိတော့တဲ့ တိုက်စစ်ကွက်လပ်မှာ အကောင်းဆုံးဖြည့်တင်းပေးနိုင်မယ့်သူအဖြစ် ယုံကြည်နေပြီး သူ့ကိုခေါ်ယူဖို့ တောင်းဆိုခဲ့ကြတယ်။ စပိန်နာမည်ကျော် အားကစားသတင်းစာ Marca က ရီးယဲလ်အသင်း ဘယ်လိုတိုက်စစ်မှူးကို ခေါ်ယူသင့်လဲဆိုတာ ပရိသတ်တွေဆီ မဲဆန္ဒကောက်ခံခဲ့တော့ ဟာရီကိန်းကို အများဆုံး Vote ပေးခဲ့ကြပါတယ်။

Harry-Kane

Harry-Kane

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုရှင်၊ ၂၀၁၅-၁၆၊ ၂၀၁၆-၁၇ ပရီးမီးယားလိဂ်ရာသီ သွင်းဂိုးအများဆုံးရွှေဖိနပ်ပိုင်ရှင် စတဲ့ဂုဏ်ပုဒ်တွေပိုင်ဆိုင်ထားတဲ့ ဟာရီကိန်းကို ရီးယဲလ်ပရိသတ်တွေ အလိုရှိနေတာက သိပ်တော့လည်း မဆန်းပါဘူး။ Marca ရဲ့ စစ်တမ်းအရ Vote ပေးခဲ့ကြတဲ့ ပရိသတ်(၂)သိန်းမှာ (၂၆)ရာခိုင်နှုန်းက ဟာရီကိန်းကို မဲပေးခဲ့ပြီး ကာဗာနီ Cavani နဲ့ အီကာဒီ Icardi တို့က (၁၄)ရာခိုင်နှုန်းစီရခဲ့ကြတယ်လို့ သိရတယ်။

Harry-Kane-Record

Harry-Kane-Record

နေမာ-ရီးယဲလ်၊ ဘာပေ-ရီးယဲလ် တို့ရဲ့ အပြောင်းအရွှေ့ပုံပြင်တွေ အဆုံးသတ်ချိန်မှာ အခုတော့ ဟာရီကိန်း-ရီးယဲလ် ဇာတ်လမ်းက ပြန်အသက်ဝင်လာပါပြီ။ ပရိသတ်တွေ မျှော်လင့်သလို စီရော်နယ်လ်ဒိုရဲ့နေရာမှာ အစားဝင်မယ့်သူက ဟာရီကိန်းဖြစ်မလား၊ ဒါမှမဟုတ် တခြားကစားသမား တစ်ဦးဖြစ်မလားဆိုတာကတော့ . . .

REF:.football.london
Photo:Premier League,Stadium Astro,Goal.com
Naing Linn(Akhayar)
www.akhayar.com