[Zawgyi]

မန္ယူရဲ႕ကမ္းလွမ္းမႈကို ၿငင္းပယ္ဖို႔ အသင္႔ရိွေနတဲ႔ ကိုဗာခ်စ္ Kovacic

ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ ခရိုေအးရွားကြင္းလယ္လူ ကိုဗာခ်စ္ Kovacic ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ၿငင္းပယ္ဖို႔ အသင္႔ရိွေနတယ္လို႔သိရပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဘက္ကေတာ႔ ကိုဗာခ်စ္အတြက္ ေပါင္(၅၄)သန္းအထိ အသံုးၿပဳဖို႔ရိွေနခဲ႔တာပါ။ ကိုဗာခ်စ္ Kovacic မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၿငင္းပယ္ဖို႔အသင္႔ရိွေနတဲ႔ အဓိက အေၾကာင္းအရင္းကေတာ႔ ေမာ္ရင္ဟို Morinho ရဲ႕နည္းစနစ္ပိုင္းေတြကို သူ႔အေနနဲ႔ၾကိဳက္ႏွစ္သက္ၿခင္းမရိွလို႔ပဲျဖစ္ပါတယ္။

kovacic

kovacic

ျပီးခဲ႔တဲ႔ ၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲမွာ ကိုဗာခ်စ္ Kovacic ဟာခရိုေအးရွားအသင္းနဲ႔အတူ ဒုတိယဆုကိုရရိွခဲ႔သူပါ။ ဒါေပမယ္႔ ကလပ္အသင္းၿဖစ္တဲ႔ ရီးယဲလ္မက္ဒရစ္အသင္းမွာေတာ႔ ပံုမွန္ေနရာအတြက္ တိုက္ပြဲ၀င္ေနရတဲ႔ ကစားသမားပဲျဖစ္ပါတယ္။

ဒီလိုမ်ိဳးသတင္းေတြ ထြက္ေပၚလာၿခင္းကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လက္ရိွအေျပာင္းအေရႊ ႔လုပ္ေဆာင္ပံုေတြကို အားမရျဖစ္ေနတဲ႔ နည္းျပ႔ ေမာ္ရင္ဟို Morinho အတြက္စိတ္ပ်က္စရာလို႔ပဲဆိုရပါလိမ္႔မယ္။ လက္ရိွအခ်ိန္မွာေတာ႔ အေျပာင္းအေရႊ ႔လုပ္ေဆာင္ခ်က္ေတြ အားနည္းေနတဲ႔အျပင္ အသင္းရဲ႕အဓိကစားသမားတစ္ဦးျဖစ္တဲ႔ မာစီယဲလ္ Martial ရဲ႕အနာဂတ္ကလည္းလႈတ္ခတ္ေနတဲ႔အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အေၿပာင္းအေရႊ ႔အေၿခအေနေတြကေတာ႔ စိတ္၀င္စားစရာပါပဲ။

REF: Daily Mail
Photo: Goal.com , This Is Anfield
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မန်ယူရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ အသင့်ရှိနေတဲ့ ကိုဗာချစ် Kovacic

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ခရိုအေးရှားကွင်းလယ်လူ ကိုဗာချစ် Kovacic ဟာ မန်ချက်စတာယူနိုက်တက်ကို ငြင်းပယ်ဖို့ အသင့်ရှိနေတယ်လို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဘက်ကတော့ ကိုဗာချစ်အတွက် ပေါင်(၅၄)သန်းအထိ အသုံးပြုဖို့ရှိနေခဲ့တာပါ။ ကိုဗာချစ် Kovacic မန်ချက်စတာယူနိုက်တက်အသင်းကို ငြင်းပယ်ဖို့အသင့်ရှိနေတဲ့ အဓိက အကြောင်းအရင်းကတော့ မော်ရင်ဟို Morinho ရဲ့နည်းစနစ်ပိုင်းတွေကို သူ့အနေနဲ့ကြိုက်နှစ်သက်ခြင်းမရှိလို့ပဲဖြစ်ပါတယ်။

kovacic

kovacic

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုဗာချစ် Kovacic ဟာခရိုအေးရှားအသင်းနဲ့အတူ ဒုတိယဆုကိုရရှိခဲ့သူပါ။ ဒါပေမယ့် ကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှာတော့ ပုံမှန်နေရာအတွက် တိုက်ပွဲဝင်နေရတဲ့ ကစားသမားပဲဖြစ်ပါတယ်။

ဒီလိုမျိုးသတင်းတွေ ထွက်ပေါ်လာခြင်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ရှိအပြောင်းအရွှေ့လုပ်ဆောင်ပုံတွေကို အားမရဖြစ်နေတဲ့ နည်းပြ့ မော်ရင်ဟို Morinho အတွက်စိတ်ပျက်စရာလို့ပဲဆိုရပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ အပြောင်းအရွှေ့လုပ်ဆောင်ချက်တွေ အားနည်းနေတဲ့အပြင် အသင်းရဲ့အဓိကစားသမားတစ်ဦးဖြစ်တဲ့ မာစီယဲလ် Martial ရဲ့အနာဂတ်ကလည်းလှုတ်ခတ်နေတဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့အခြေအနေတွေကတော့ စိတ်ဝင်စားစရာပါပဲ။

REF: Daily Mail
Photo: Goal.com , This Is Anfield
Ko Kyue(Akhayar)
www.akhayar.com