[Zawgyi]

ရီးယဲလ္မက္ဒရစ္ နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ႔ရတဲ႔ လိုပယ္တက္ဂီ Lopetegui

ရလဒ္ေတြ ဆိုးရြားေနတဲ႔ ရီးယဲလ္အသင္းဟာ လက္ရိွမွာေတာ႔ နည္းျပ လိုပယ္တက္ဂီ Lopetegui ကိုရာထူးကေနထုတ္ပယ္လိုက္ပါျပီ။ လိုပယ္တက္ဂီဟာ ရီးယဲလ္အသင္းကုိ စတင္ကုိင္တြယ္ခဲ့တဲ့ ပထမဆုံးလာလီဂါရာသီမွာ ရလဒ္အဆုိးရြားဆုံးနည္းျပ (၅)ဦးထဲမွာတစ္ဦးအပါအ၀င္ျဖစ္ခဲ႔ပါတယ္။ ရီးယဲလ္အသင္းဟာ လာလီဂါေနာက္ဆံုး(၅)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔သလို အဲဒီ(၅)ပြဲမွာ (၁)ပြဲသေရ ၊ (၄)ပြဲရံႈးရလဒ္ကို ရရိွခဲ႔ျပီး ေနာက္ဆံုးပြဲမွာေတာ႔ ဘာစီလိုနာအသင္းကို ( ၅ – ၁ )နဲ႔ ရံႈးနိမ္႔ခဲ႔တာေၾကာင္႔ အခုလို လိုပယ္တက္ဂီကို ရာထူးကေနထုတ္ပယ္ခဲ႔တာျဖစ္ပါတယ္။

Lopetegui

Lopetegui

လိုပယ္တက္ဂီဟာ ရီးယဲလ္အသင္းကို ၂၀၁၈ ခုႏွစ္ ဇူလိုင္(၁)ရက္ေန႔က စတင္တာ၀န္ယူခဲ႔သူျဖစ္ျပီး ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာ (၂၉)ရက္ေန႔မွာေတာ႔ ရာထူးကေန ထုတ္ပယ္ခံခဲ႔ရတာပါ။ရီးယဲလ္အသင္းကို လိုပယ္တက္ဂီဟာပြဲေပါင္း(၁၄)ပြဲတာ၀န္ယူကိုင္တြယ္ခဲ႔ျပီး (၆)ပြဲႏိုင္ ၊ (၂)ပြဲသေရ ၊ (၆)ပြဲရံႈးရလဒ္ရရိွခဲ႔ျပီး ႏိုင္ပြဲရာခိုင္ႏႈန္းအေနနဲ႔ (၄၂.၈၆)ရာခိုင္ႏႈန္းရရိွခဲ႔ပါတယ္။လက္ရိွမွာေတာ႔ ရီးယဲလ္အသင္းဟာ အသင္းရဲ႕ကစားသမားေဟာင္း ရီးယဲလ္(B)အသင္းနည္းျပ ဆိုလာရီ Solari ကို ယာယီနည္းျပအျဖစ္တာ၀န္ေပးထားပါတယ္။

Ref: BBC Sport
Photo: Evening Standard , International Business Times
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်မက်ဒရစ် နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ လိုပယ်တက်ဂီ Lopetegui

ရလဒ်တွေ ဆိုးရွားနေတဲ့ ရီးယဲလ်အသင်းဟာ လက်ရှိမှာတော့ နည်းပြ လိုပယ်တက်ဂီ Lopetegui ကိုရာထူးကနေထုတ်ပယ်လိုက်ပါပြီ။ လိုပယ်တက်ဂီဟာ ရီးယဲလ်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးလာလီဂါရာသီမှာ ရလဒ်အဆိုးရွားဆုံးနည်းပြ (၅)ဦးထဲမှာတစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ လာလီဂါနောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သလို အဲဒီ(၅)ပွဲမှာ (၁)ပွဲသရေ ၊ (၄)ပွဲရှုံးရလဒ်ကို ရရှိခဲ့ပြီး နောက်ဆုံးပွဲမှာတော့ ဘာစီလိုနာအသင်းကို ( ၅ – ၁ )နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အခုလို လိုပယ်တက်ဂီကို ရာထူးကနေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

Lopetegui

Lopetegui

လိုပယ်တက်ဂီဟာ ရီးယဲလ်အသင်းကို ၂၀၁၈ ခုနှစ် ဇူလိုင်(၁)ရက်နေ့က စတင်တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ (၂၉)ရက်နေ့မှာတော့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ရီးယဲလ်အသင်းကို လိုပယ်တက်ဂီဟာပွဲပေါင်း(၁၄)ပွဲတာဝန်ယူကိုင်တွယ်ခဲ့ပြီး (၆)ပွဲနိုင် ၊ (၂)ပွဲသရေ ၊ (၆)ပွဲရှုံးရလဒ်ရရှိခဲ့ပြီး နိုင်ပွဲရာခိုင်နှုန်းအနေနဲ့ (၄၂.၈၆)ရာခိုင်နှုန်းရရှိခဲ့ပါတယ်။လက်ရှိမှာတော့ ရီးယဲလ်အသင်းဟာ အသင်းရဲ့ကစားသမားဟောင်း ရီးယဲလ်(B)အသင်းနည်းပြ ဆိုလာရီ Solari ကို ယာယီနည်းပြအဖြစ်တာဝန်ပေးထားပါတယ်။

Ref: BBC Sport
Photo: Evening Standard , International Business Times
Ko Kyue(Akhayar)
www.akhayar.com