[Zawgyi]

ရီးယဲလ္အသင္းနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈ ရခဲ့တဲ့ မာေနး

လီဗာပူးလ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား မာေနး Mane ဟာ ခ်န္ပီယံလိဂ္ (၃)ထပ္ကြမ္း ခ်န္ပီယံ ရီးယဲလ္အသင္းနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈ ရရွိခဲ့ၿပီ ျဖစ္ေၾကာင္း သတင္းထြက္ေပၚေနပါတယ္။ ျပင္သစ္ အားကစားသတင္းဌာနတစ္ခုရဲ႕ ေဖာ္ျပခ်က္အရ ရီးယဲလ္အသင္းနဲ႔ မာေနး Mane တို႔ရဲ႕ အေျပာင္းအေရႊ႕က အံ့အားသင့္ဖြယ္ ျဖစ္ေပၚလာဖို႔ ရွိေနၿပီး ကစားသမားဘက္က ရီးယဲလ္အသင္းရဲ႕ နည္းျပသစ္ကို ေစာင့္ဆိုင္းေနတာျဖစ္ပါတယ္။ နည္းျပသစ္ ခန္႔အပ္ၿပီးတာနဲ႔ ရီးယဲလ္အသင္းရဲ႕ ပထမဆံုး ကစားသမားေခၚယူမႈအျဖစ္ မာေနး Mane ကို ေခၚယူဖို႔ ရွိေနပါတယ္။ ကစားသမားနဲ႔ သေဘာတူညီမႈ ရယူႏိုင္ခဲ့ေပမယ့္ လီဗာပူးလ္အသင္းနဲ႔ ေျပာင္းေရႊ႕ေၾကး ညွိႏႈိင္းမႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။ နည္းျပ ဇီဒန္း Zidane ရာထူးက ရုတ္တရက္ မႏႈတ္ထြက္ခင္ကတည္းက မာေနး Mane ကို ေခၚယူဖို႔ ကစားသမားနဲ႔ အႀကိဳသေဘာတူညီမႈ ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီက လီဗာပူးလ္အသင္းကို ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္ေအာင္ မာေနး Mane က အဓိက ေနရာကေန စြမ္းေဆာင္ေပးခဲ့တဲ့ ကစားသမား တစ္ဦးျဖစ္ပါတယ္။

Real-Madrid-reportedly-agreed-terms-for-Sadio-Mane

Real-Madrid-reportedly-agreed-terms-for-Sadio-Mane

မာေနး Mane ရဲ႕ ကစားသမားဘဝ ျဖတ္သန္းခဲ့မႈမ်ား

၂၀၁၁-၁၃ မက္ဇ္ = (၂၃)ပြဲ (၂)ဂိုး
၂၀၁၂-၁၅ ဆဲလ္ဘာ့ဂ္ = (၈၇)ပြဲ (၄၅)ဂိုး
၂၀၁၄-၁၆ ေဆာက္သမ္တန္ = (၇၅)ပြဲ (၂၅)ဂိုး
၂၀၁၆-၁၈ လီဗာပူးလ္ = (၇၃)ပြဲ (၃၃)ဂိုး

REF:Daily Mail
Photo:TV and real people, Daily Post Nigeria, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရခဲ့တဲ့ မာနေး

လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား မာနေး Mane ဟာ ချန်ပီယံလိဂ် (၃)ထပ်ကွမ်း ချန်ပီယံ ရီးယဲလ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ပြင်သစ် အားကစားသတင်းဌာနတစ်ခုရဲ့ ဖော်ပြချက်အရ ရီးယဲလ်အသင်းနဲ့ မာနေး Mane တို့ရဲ့ အပြောင်းအရွှေ့က အံ့အားသင့်ဖွယ် ဖြစ်ပေါ်လာဖို့ ရှိနေပြီး ကစားသမားဘက်က ရီးယဲလ်အသင်းရဲ့ နည်းပြသစ်ကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ နည်းပြသစ် ခန့်အပ်ပြီးတာနဲ့ ရီးယဲလ်အသင်းရဲ့ ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် မာနေး Mane ကို ခေါ်ယူဖို့ ရှိနေပါတယ်။ ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် လီဗာပူးလ်အသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ နည်းပြ ဇီဒန်း Zidane ရာထူးက ရုတ်တရက် မနှုတ်ထွက်ခင်ကတည်းက မာနေး Mane ကို ခေါ်ယူဖို့ ကစားသမားနဲ့ အကြိုသဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်အောင် မာနေး Mane က အဓိက နေရာကနေ စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။

Real-Madrid-reportedly-agreed-terms-for-Sadio-Mane

Real-Madrid-reportedly-agreed-terms-for-Sadio-Mane

မာနေး Mane ရဲ့ ကစားသမားဘဝ ဖြတ်သန်းခဲ့မှုများ

၂၀၁၁-၁၃ မက်ဇ် = (၂၃)ပွဲ (၂)ဂိုး
၂၀၁၂-၁၅ ဆဲလ်ဘာ့ဂ် = (၈၇)ပွဲ (၄၅)ဂိုး
၂၀၁၄-၁၆ ဆောက်သမ်တန် = (၇၅)ပွဲ (၂၅)ဂိုး
၂၀၁၆-၁၈ လီဗာပူးလ် = (၇၃)ပွဲ (၃၃)ဂိုး

REF:Daily Mail
Photo:TV and real people, Daily Post Nigeria, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com