[Zawgyi]

အိမ္ကြင္းပရိသတ္ၾကည့္႐ႈမႈ ဆုိးဆုိးရြားရြားက်ဆင္းသြားတဲ့ ရီးယဲလ္

ရီးယဲလ္အသငး္ကေတာ့ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo မရွိေတာ့တဲ့ ဒဏ္ကုိ စတင္ခံစားေနရပါၿပီ။ အဲဒါကေတာ့ ဂီတာေဖးနဲ႔ကစားခဲ့တဲ့ လာလီဂါရာသီသစ္ အိမ္ကြင္းအဖြင့္ပဲြမွာ ပရိသတ္လာေရာက္ၾကည့္႐ႈမႈက (၉)ႏွစ္ေက်ာ္ကာလအတြင္း ဆုိးဆုိးရြားရြား က်ဆင္းသြားလုိ႔ပါပဲ။ အဲဒီပဲြမွာ ရီးယဲလ္အသင္းက ဂီတာေဖးကုိ (၂-၀)ဂုိးနဲ႔ အႏုိင္ယူၿပီး ႏုိင္ပဲြနဲ႔ ရာသီသစ္ကုိ စတင္ခဲ့ေပမယ့္လည္း ပရိသတ္(၈၁၀၀၀)၀င္ဆံ့တဲ့ Santiago Bernabeu ကြင္းထဲမွာ လာၾကည့္တဲ့ ပရိသတ္အေရအတြက္က (၄၈၄၆၆)သာ ရွိခဲ့ပါတယ္။

Empty-seats-at-the-Santiago-Bernabeu-for-Real-Madrids-opening-La-Liga-victory-over-Getafe

Empty-seats-at-the-Santiago-Bernabeu-for-Real-Madrids-opening-La-Liga-victory-over-Getafe

ရီးယဲလ္အသင္း အိမ္ကြင္းမွာ ပရိသတ္ၾကည့္႐ႈမႈ အနည္းဆုံးက ၂၀၀၈-၀၉ ရာသီတုန္းက မာေယာ့ကာနဲ႔ ကစားခဲ့တဲ့ပဲြျဖစ္ၿပီး ရီးယဲလ္အသင္းက (၃-၁)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တယ္။ အဲဒီပဲြတုန္းက စုစုေပါင္း ပရိသတ္(၅)ေသာင္းအထိ ၾကည့္ခဲ့ၾကၿပီး အခု ဂီတာေဖးနဲ႔ဲပဲြက ပုိဆုိးရြားခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ၂၀၀၉ ခုႏွစ္မွာေတာ့ ရီးယဲလ္အသင္းကုိ စီေရာ္နယ္လ္ဒုိ ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ပုိင္း ရီးယဲလ္အသင္းရဲ႕ အိမ္ကြင္းပရိသတ္ၾကည့္႐ႈမႈႏႈန္းက အားရစရာအေနအထားမွာ ရွိခဲ့တယ္။ ဒါေပမဲ့ အခုေတာ့ ရီးယဲလ္အသင္းဟာ အရင္ထက္ ပုိဆုိးရြားတဲ့အေနအထားကုိ ရင္ဆုိင္ခဲ့ရတာျဖစ္ၿပီး ဒါက စီေရာ္နယ္လ္ဒုိ မရွိေတာ့တာလည္း ပါသလုိ၊ လာလီဂါေဘာလုံးအဖဲြ႕ခ်ဳပ္က ရီးယဲလ္ပဲြကစားမယ့္အခ်ိန္ကုိ စပိန္ေဒသစံေတာ္ခ်ိန္ ည(၁၀း၁၅) သတ္မွတ္ခဲ့တာေၾကာင့္လည္း ျဖစ္တယ္လုိ႔ စပိန္မီဒီယာေတြက သုံးသပ္ခဲ့ၾကပါတယ္။

Madrid-supporters-still-sporting-Cristiano-Ronaldo-shirts-

Madrid-supporters-still-sporting-Cristiano-Ronaldo-shirts-

ဒ့ါအျပင္ ဂီတာေဖးနဲ႔ပဲြမွာ ရီးယဲလ္ပရိသတ္တခ်ိဳ႕ကလည္း စီေရာ္နယ္လ္ဒုိ အမည္ပါတဲ့ အက်ႌေတြ ၀တ္ဆင္ၿပီး အားေပးခ့ဲၾကပါေသးတယ္။

REF:Daily Mail
Photo:Real Madrid Twitter,Getty Images,Daily Mail
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အိမ်ကွင်းပရိသတ်ကြည့်ရှုမှု ဆိုးဆိုးရွားရွားကျဆင်းသွားတဲ့ ရီးယဲလ်

ရီးယဲလ်အသင်းကတော့ စီရော်နယ်လ်ဒို Cristiano Ronaldo မရှိတော့တဲ့ ဒဏ်ကို စတင်ခံစားနေရပါပြီ။ အဲဒါကတော့ ဂီတာဖေးနဲ့ကစားခဲ့တဲ့ လာလီဂါရာသီသစ် အိမ်ကွင်းအဖွင့်ပွဲမှာ ပရိသတ်လာရောက်ကြည့်ရှုမှုက (၉)နှစ်ကျော်ကာလအတွင်း ဆိုးဆိုးရွားရွား ကျဆင်းသွားလို့ပါပဲ။ အဲဒီပွဲမှာ ရီးယဲလ်အသင်းက ဂီတာဖေးကို (၂-ဝ)ဂိုးနဲ့ အနိုင်ယူပြီး နိုင်ပွဲနဲ့ ရာသီသစ်ကို စတင်ခဲ့ပေမယ့်လည်း ပရိသတ်(၈၁၀၀၀)ဝင်ဆံ့တဲ့ Santiago Bernabeu ကွင်းထဲမှာ လာကြည့်တဲ့ ပရိသတ်အရေအတွက်က (၄၈၄၆၆)သာ ရှိခဲ့ပါတယ်။

Empty-seats-at-the-Santiago-Bernabeu-for-Real-Madrids-opening-La-Liga-victory-over-Getafe

Empty-seats-at-the-Santiago-Bernabeu-for-Real-Madrids-opening-La-Liga-victory-over-Getafe

ရီးယဲလ်အသင်း အိမ်ကွင်းမှာ ပရိသတ်ကြည့်ရှုမှု အနည်းဆုံးက ၂၀၀၈-၀၉ ရာသီတုန်းက မာယော့ကာနဲ့ ကစားခဲ့တဲ့ပွဲဖြစ်ပြီး ရီးယဲလ်အသင်းက (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ အဲဒီပွဲတုန်းက စုစုပေါင်း ပရိသတ်(၅)သောင်းအထိ ကြည့်ခဲ့ကြပြီး အခု ဂီတာဖေးနဲ့ဲပွဲက ပိုဆိုးရွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၀၉ ခုနှစ်မှာတော့ ရီးယဲလ်အသင်းကို စီရော်နယ်လ်ဒို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ရီးယဲလ်အသင်းရဲ့ အိမ်ကွင်းပရိသတ်ကြည့်ရှုမှုနှုန်းက အားရစရာအနေအထားမှာ ရှိခဲ့တယ်။ ဒါပေမဲ့ အခုတော့ ရီးယဲလ်အသင်းဟာ အရင်ထက် ပိုဆိုးရွားတဲ့အနေအထားကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဒါက စီရော်နယ်လ်ဒို မရှိတော့တာလည်း ပါသလို၊ လာလီဂါဘောလုံးအဖွဲ့ချုပ်က ရီးယဲလ်ပွဲကစားမယ့်အချိန်ကို စပိန်ဒေသစံတော်ချိန် ည(၁၀း၁၅) သတ်မှတ်ခဲ့တာကြောင့်လည်း ဖြစ်တယ်လို့ စပိန်မီဒီယာတွေက သုံးသပ်ခဲ့ကြပါတယ်။

Madrid-supporters-still-sporting-Cristiano-Ronaldo-shirts-

Madrid-supporters-still-sporting-Cristiano-Ronaldo-shirts-

ဒ့ါအပြင် ဂီတာဖေးနဲ့ပွဲမှာ ရီးယဲလ်ပရိသတ်တချို့ကလည်း စီရော်နယ်လ်ဒို အမည်ပါတဲ့ အင်္ကျီတွေ ဝတ်ဆင်ပြီး အားပေးခဲ့ကြပါသေးတယ်။

REF:Daily Mail
Photo:Real Madrid Twitter,Getty Images,Daily Mail
Naing Linn(Akhayar)
www.akhayar.com