[Zawgyi]

ရီးယဲလ္အသင္း သမုိင္းတစ္ေလွ်ာက္ အဆုိးရြားဆုံး ဂုိးေပါက္ေပ်ာက္ဆုံးမႈမ်ား

လာလီဂါထိပ္သီး ရီးယဲလ္အသင္းရဲ႕ လက္ရွိအေနအထားက စိတ္ပ်က္စရာပါပဲ။ တိုက္စစ္မွာ ဂုိးရဖုိ႔ ႐ုန္းကန္ေနရတဲ့အျပင္ ခံစစ္ပုိင္း အမွားေတြေၾကာင့္ ရလဒ္ေတြ ဆုိးရြားေနၿပီး ၿပိဳင္ပဲြစုံ(၃)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ေနသလုိ အဲဒီ(၃)ပဲြစလုံး ဂုိးေပါက္ေပ်ာက္ခဲ့တယ္။ အခုဆုိရင္ ရီးယဲလ္အသင္း ဂုိးေပါက္ေပ်ာက္ေနတာက (၃၁၉)မိနစ္အထိ ရွိေနပါၿပီ။ ရီးယဲလ္အသင္းအေနနဲ႔ ဆုိးဆုိးရြားရြား ဂုိးေပါက္ေပ်ာက္ခဲ့တာက ဒါ ပထမဆုံး မဟုတ္ပါဘူး။ အရင္ကလည္း ဒီထက္ ပုိဆုိးတဲ့အေျခအေနနဲ႔ ရင္ဆုိင္ခဲ့ရဖူးၿပီး အဲဒီအျဖစ္အပ်က္ေတြကုိ Akhayar Sports ပရိသတ္ေတြ ဗဟုသုတရေစဖုိ႔ ေဖာ္ျပလုိက္ပါတယ္ . . .

Real-Madrid-Worst-Goal-Droughts

Real-Madrid-Worst-Goal-Droughts

၁၉၈၄-၈၅ (၄၉၆ မိနစ္)
ရီးယဲလ္အသင္း သမုိင္းတစ္ေလွ်ာက္ အဆုိးရြားဆုံး ဂုိးေပါက္ေပ်ာက္မႈ ၾကာခ်ိန္ျဖစ္ပါတယ္။ အဲဒီအခ်ိန္က နာမည္ေက်ာ္ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ဆန္တီလာနာ Santillana ၊ ေဂ်ာ႔ခ်္ဗယ္လ္ဒါႏုိ Jorge Valdano ၊ ဘူထရာေဂြ Butragueno တို႔ဟာ (၅)ပဲြအထိ ဂုိးမသြင္းႏုိင္ခဲ့ဘဲ UEFA ဖလား(ယူ႐ုိပါလိဂ္) ဆီမီးဖုိင္နယ္ အင္တာမီလန္န႔ဲ အိမ္ကြင္းပဲြမွ ဂုိးေပါက္ ျပန္ရွာေတြ႕ခဲ့ၾကတယ္။

၂၀၀၅-၀၆ (၄၀၉ မိနစ္)
၂၀၀၀ ေနာက္ပုိင္းဟာ ရီးယဲလ္အသင္းရဲ႕ ပုံရိပ္ေတြ က်ဆင္းေနတဲ့ အခ်ိန္ကာလျဖစ္ပါတယ္။ အဲဒီတုန္းက နည္းျပအေျပာင္းအလဲေတြနဲ႔အတူ အသင္းကလည္း မတည္ၿငိမ္ျဖစ္ခဲ့ၿပီး နာမည္ႀကီး ကစားသမားေတြျဖစ္တဲ့ ေရာ္နယ္လ္ဒုိ Ronaldo ၊ ေရာ္ဘင္ဟုိ Robinho ၊ ဘက္တစၥတာ Baptista ၊ ဇီဒန္း Zidane ၊ ရာအူးလ္ Raul တုိ႔ရွိေပမယ့္ အသင္းက ရလဒ္ဆုိးေတြနဲ႔ ရင္ဆုိင္ခဲ့ရတယ္။ ရီးယဲလ္အသင္းဟာ ၂၀၀၅-၀၆ ရာသီမွာ ဗလင္စီယာ၊ ဘက္တစ္၊ အာဆင္နယ္တို႔နဲ႔ပဲြမွာ ဂုိးမသြင္းႏုိင္ခဲ့ဘဲ (၄၀၉)မိနစ္အထိ ဂုိးေပါက္ေပ်ာက္ဆုံးခဲ့တယ္။

၁၉၇၅-၇၆ (၃၉၀ မိနစ္)
ရီးယဲလ္အသင္းရဲ႕ အဆုိးရြားဆုံး ရာသီေတြထဲမွာ ၁၉၇၅-၇၆ ရာသီလည္းအပါအ၀င္ပါ။ ဥေရာပဖလား (ခ်န္ပီယံလိဂ္)ၿပိဳင္ပဲြကေန ထြက္ခဲ့ရသလုိ ဂုိးေပါက္ေပ်ာက္ခဲ့တာက (၃၉၀)မိနစ္အထိ ရွိခဲ့တယ္။

၁၉၈၁-၈၂ (၃၈၇ မိနစ္)
၁၉၈၃-၈၄ (၃၇၄ မိနစ္)

၂၀၀၂-၀၃ (၃၆၃ မိနစ္)

Real-Madrid-2002-03

Real-Madrid-2002-03

၂၀၀၂ ခ်န္ပီယံလိဂ္ဖလားကုိ ဆြတ္ခူးခဲ့ၿပီး ေနာက္တစ္ရာသီမွာ ရီးယဲလ္အသင္း ရလဒ္ဆုိးေတြနဲ႔ ႐ုန္းကန္ခဲ့ရတယ္။ ခ်န္ပီယံလိဂ္၊ စပိန္ဘုရင့္ဖလားၿပိဳင္ပဲြေတြကေန ထြက္ခဲ့ရၿပီး ရာသီအစပုိင္းမွာလည္း (၃၆၃)မိနစ္ၾကာ ဂုိးေပါက္ေပ်ာက္ခဲ့တယ္။

၂၀၀၆-၀၇ (၃၂၅ မိနစ္)
အီတလီ၀ါရင့္ နည္းျပႀကီး ကာပယ္လုိ Capello လက္ထက္မွာလည္း ဒီ မွတ္တမ္းဆုိးနဲ႔ ရင္ဆုိင္ခဲ့ရဖူးတယ္။ ရီခရီေယတီဗုိ၊ ဒီပုိ႔တီဗုိတို႔ကုိ ဂုိးမသြင္းႏုိင္ဘဲ ႐ႈံးနိမ့္ခဲ့သလုိ စပိန္ဘုရင့္ဖလား ပထမအေက်ာ႔ ဘက္တစ္နဲ႔ပဲြမွာလည္း ဂုိးမရွိသေရက်ခဲ့တယ္။ ဒါေပမဲ့ ကာပယ္လုိဟာ ရာသီကုန္မွာ လာလီဂါ ဆုဖလားကို အရယူေပးႏုိင္ခဲ့ပါတယ္။

ဒါေတြကေတာ့ ရီးယဲလ္အသင္းသမုိင္းတစ္ေလွ်ာက္ အဆုိးရြားဆုံး ဂုိးေပါက္ေပ်ာက္ခဲ့တဲ့ မွတ္တမ္းေတြပါပဲ။ ရီးယဲလ္အသင္းဟာ အခုတစ္ပတ္မွာ အလာဗတ္စ္နဲ႔ လာလီဂါ အေ၀းကြင္းပဲြစဥ္ ကစားရမွာျဖစ္လုိ႔ ဂုိးေပါက္ေပ်ာက္ေနတဲ့ မွတ္တမ္းဆုိးကုိ ရပ္တန္႔ႏုိင္မလားဆုိတာ . . . .
REF:marca
Photo:Marca,ESPN
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်အသင်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဂိုးပေါက်ပျောက်ဆုံးမှုများ

လာလီဂါထိပ်သီး ရီးယဲလ်အသင်းရဲ့ လက်ရှိအနေအထားက စိတ်ပျက်စရာပါပဲ။ တိုက်စစ်မှာ ဂိုးရဖို့ ရုန်းကန်နေရတဲ့အပြင် ခံစစ်ပိုင်း အမှားတွေကြောင့် ရလဒ်တွေ ဆိုးရွားနေပြီး ပြိုင်ပွဲစုံ(၃)ပွဲဆက် နိုင်ပွဲပျောက်နေသလို အဲဒီ(၃)ပွဲစလုံး ဂိုးပေါက်ပျောက်ခဲ့တယ်။ အခုဆိုရင် ရီးယဲလ်အသင်း ဂိုးပေါက်ပျောက်နေတာက (၃၁၉)မိနစ်အထိ ရှိနေပါပြီ။ ရီးယဲလ်အသင်းအနေနဲ့ ဆိုးဆိုးရွားရွား ဂိုးပေါက်ပျောက်ခဲ့တာက ဒါ ပထမဆုံး မဟုတ်ပါဘူး။ အရင်ကလည်း ဒီထက် ပိုဆိုးတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရဖူးပြီး အဲဒီအဖြစ်အပျက်တွေကို Akhayar Sports ပရိသတ်တွေ ဗဟုသုတရစေဖို့ ဖော်ပြလိုက်ပါတယ် . . .

Real-Madrid-Worst-Goal-Droughts

Real-Madrid-Worst-Goal-Droughts

၁၉၈၄-၈၅ (၄၉၆ မိနစ်)
ရီးယဲလ်အသင်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဂိုးပေါက်ပျောက်မှု ကြာချိန်ဖြစ်ပါတယ်။ အဲဒီအချိန်က နာမည်ကျော် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆန်တီလာနာ Santillana ၊ ဂျော့ချ်ဗယ်လ်ဒါနို Jorge Valdano ၊ ဘူထရာဂွေ Butragueno တို့ဟာ (၅)ပွဲအထိ ဂိုးမသွင်းနိုင်ခဲ့ဘဲ UEFA ဖလား(ယူရိုပါလိဂ်) ဆီမီးဖိုင်နယ် အင်တာမီလန်နဲ့ အိမ်ကွင်းပွဲမှ ဂိုးပေါက် ပြန်ရှာတွေ့ခဲ့ကြတယ်။

၂၀၀၅-၀၆ (၄၀၉ မိနစ်)
၂၀၀၀ နောက်ပိုင်းဟာ ရီးယဲလ်အသင်းရဲ့ ပုံရိပ်တွေ ကျဆင်းနေတဲ့ အချိန်ကာလဖြစ်ပါတယ်။ အဲဒီတုန်းက နည်းပြအပြောင်းအလဲတွေနဲ့အတူ အသင်းကလည်း မတည်ငြိမ်ဖြစ်ခဲ့ပြီး နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒို Ronaldo ၊ ရော်ဘင်ဟို Robinho ၊ ဘက်တစ္စတာ Baptista ၊ ဇီဒန်း Zidane ၊ ရာအူးလ် Raul တို့ရှိပေမယ့် အသင်းက ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ရီးယဲလ်အသင်းဟာ ၂၀၀၅-၀၆ ရာသီမှာ ဗလင်စီယာ၊ ဘက်တစ်၊ အာဆင်နယ်တို့နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ (၄၀၉)မိနစ်အထိ ဂိုးပေါက်ပျောက်ဆုံးခဲ့တယ်။

၁၉၇၅-၇၆ (၃၉၀ မိနစ်)
ရီးယဲလ်အသင်းရဲ့ အဆိုးရွားဆုံး ရာသီတွေထဲမှာ ၁၉၇၅-၇၆ ရာသီလည်းအပါအဝင်ပါ။ ဥရောပဖလား (ချန်ပီယံလိဂ်)ပြိုင်ပွဲကနေ ထွက်ခဲ့ရသလို ဂိုးပေါက်ပျောက်ခဲ့တာက (၃၉၀)မိနစ်အထိ ရှိခဲ့တယ်။

၁၉၈၁-၈၂ (၃၈၇ မိနစ်)
၁၉၈၃-၈၄ (၃၇၄ မိနစ်)

၂၀၀၂-၀၃ (၃၆၃ မိနစ်)

Real-Madrid-2002-03

Real-Madrid-2002-03

၂၀၀၂ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ပြီး နောက်တစ်ရာသီမှာ ရီးယဲလ်အသင်း ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရတယ်။ ချန်ပီယံလိဂ်၊ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွေကနေ ထွက်ခဲ့ရပြီး ရာသီအစပိုင်းမှာလည်း (၃၆၃)မိနစ်ကြာ ဂိုးပေါက်ပျောက်ခဲ့တယ်။

၂၀၀၆-၀၇ (၃၂၅ မိနစ်)
အီတလီဝါရင့် နည်းပြကြီး ကာပယ်လို Capello လက်ထက်မှာလည်း ဒီ မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်။ ရီခရီယေတီဗို၊ ဒီပို့တီဗိုတို့ကို ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့သလို စပိန်ဘုရင့်ဖလား ပထမအကျော့ ဘက်တစ်နဲ့ပွဲမှာလည်း ဂိုးမရှိသရေကျခဲ့တယ်။ ဒါပေမဲ့ ကာပယ်လိုဟာ ရာသီကုန်မှာ လာလီဂါ ဆုဖလားကို အရယူပေးနိုင်ခဲ့ပါတယ်။

ဒါတွေကတော့ ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဂိုးပေါက်ပျောက်ခဲ့တဲ့ မှတ်တမ်းတွေပါပဲ။ ရီးယဲလ်အသင်းဟာ အခုတစ်ပတ်မှာ အလာဗတ်စ်နဲ့ လာလီဂါ အဝေးကွင်းပွဲစဉ် ကစားရမှာဖြစ်လို့ ဂိုးပေါက်ပျောက်နေတဲ့ မှတ်တမ်းဆိုးကို ရပ်တန့်နိုင်မလားဆိုတာ . . . .
REF:marca
Photo:Marca,ESPN
Naing Linn(Akhayar)
www.akhayar.com