ဒီရာသီမှာ အဓိကဆုဖလားတွေနဲ့ လွဲချော်ခဲ့ပြီးတဲ့နောက် ရီးယဲလ်အသင်းနည်းပြဇီဒန်း Zinedine Zidane ဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကြီးမားတဲ့အပြောင်းအလဲတွေ ပြုလုပ်သွားဖို့ စီစဉ်နေပြီး ကစားသမား(၁၄)ဦးအထိ ရောင်းချသွားဖို့ရှိနေပါပြီ။ ရီးယဲလ်အသင်းဟာ ဒီရာသီ လာလီဂါမှာ အဆင့်(၃)နေရာနဲ့သာ ကျေနပ်လိုက်ရသလို ချန်ပီယံလိဂ်မှာ ရှုံးထွက်(၁၆)သင်းအဆင့်၊ စပိန်ဘုရင့်ဖလားမှာ ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရပြီး ဖလားဆိုလို့ ဖီဖာကလပ်ကမ္ဘာ့ဖလားသာ ရယူနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ဇီဒန်းဟာ ဟာဇက် Eden Hazard ၊ ပေါ့ဘာ Paul Pogba ၊ ဂျိုဗစ် Luka Jovic တို့ကို ခေါ်ယူပြီး ကြယ်စင်စုအသင်းအဖြစ် ပြန်လည်ဖွဲ့စည်းသွားဖို့ ဆန္ဒရှိနေတာကြောင့် အသင်းက လက်ရှိကစားသမားတွေဖြစ်တဲ့ နာဗတ်စ် Keylor Navas ၊ ဂျိမ်းရိုဒရီဂွက်ဇ် James Rodriguez ၊ ဂါရတ်ဘေးလ် Gareth Bale တို့ရဲ့ ရီးယဲလ်ကစားသမားဘ၀က အဆုံးသတ်ဖို့ များနေပြီလို့ စပိန်နာမည်ကျော် အားကစားသတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။

နောက်တန်းလူတွေဖြစ်ကြတဲ့ ဗယ်လေဟို Jesus Vallejo ၊ သီယိုဟာနန်ဒက်ဇ် Theo Hernandez ၊ ရီဂွီလွန် Sergio Reguilon တို့ဟာလည်း အသင်းမှာ ဆက်ရှိဖို့ မသေချာတော့ပါဘူး။ ဇီဒန်းဟာ ဘယ်နောက်ခံလူနေရာအတွက် မာဆယ်လို Marcelo နဲ့ အပြိုင်ဖြစ်စေဖို့ လိုင်ယွန်နောက်ခံလူ မန်ဒီ Ferland Mendy ကို ပစ်မှတ်ထားနေသလို လာမယ့်ဇွန်လကျရင် ပေါ်တိုနောက်ခံလူ မီလီတာအို Eder Militao ကလည်း ရီးယဲလ်အသင်းကို ရောက်ရှိတော့မှာပါ။ ဇီဒန်းက စပါးကွင်းလယ်လူ အဲရစ်ဆင် Christian Eriksen ၊ အေဂျက်စ်လူငယ်ကြယ်ပွင့် ဗန်ဒီဘိ Donny van de Beek တို့ကိုလည်း ခေါ်ယူလိုနေပြီး ကိုဗာချစ် Mateo Kovacic ၊ အော်ဒီဂွါ Martin Odegaard တို့ကို ရောင်းချသွားဖို့ ရာနှုန်းများနေပါပြီ။ ရီးယဲလ်အသင်းကနေ နောက်ထပ်ထွက်ခွာဖို့ ရှိနေသူတွေက ဆီဘယ်ယို့စ် Dani Ceballos ၊ လော်ရန်တေး Marcos Llorente ၊ အော်စကာရိုဒရီဂွက်ဇ် Oscar Rodriguez တို့ပဲဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း အရင်လိုမျိုး ငွေသုံးကြမ်းဖို့ရှိနေပြီး အခုလောလောဆယ် ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။

ရီးယဲလ်အသင်းက ထွက်ခွာဖို့ရှိနေတဲ့ ကစားသမားများ

Goalkeeper – Keylor Navas
Defenders – Jesus Vallejo, Theo Hernandez and Sergio Reguilon
Midfielders – Dani Ceballos, Marcos Llorente, Mateo Kovacic, James Rodriguez, Martin Odegaard and Oscar Rodriguez
Forwards – Gareth Bale, Lucas Vazquez, Brahim Diaz and Mariano Diaz

REF:Daily Mail
Photo:Daily Mail,Getty Images
Naing Linn(Akhayar)
www.akhayar.com