[Zawgyi]

အနာဂတ္မတည္မၿငိမ္ျဖစ္ေနတဲ့ ဂါရတ္ေဘးလ္ကို စာခ်ဳပ္သစ္ ကမ္းလွမ္းေတာ့မယ့္ ရီးယဲလ္

မန္ယူအသင္းနဲ႔ သတင္းေတြ ထြက္ေပၚေနၿပီး အသင္းမွာ အနာဂတ္ မတည္မၿငိမ္ျဖစ္ေနတဲ့ ဂါရတ္ေဘးလ္ Gareth Bale ကို ရီးယဲလ္အသင္း စာခ်ဳပ္သက္တမ္းတိုးျမွင့္ဖို႔ စီစဥ္ေနၿပီ ျဖစ္ပါတယ္။ အသက္ (၂၈)ႏွစ္ အရြယ္ရွိ ဂါရတ္ေဘးလ္ကို စာခ်ဳပ္သက္တမ္း တိုးျမွင့္ဖို႔ လာမယ့္ (၂)ပတ္အတြင္း ရီးယဲလ္အသင္းက  ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနသြားဖို႔ ရွိေနပါတယ္။ အခုႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ကာလမွာ ဂါရတ္ေဘးလ္ Gareth Bale ကို ေခၚယူဖို႔ မန္ယူအသင္းက အဓိက ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။ ဂါရတ္ေဘးလ္ Gareth Bale ကို ေခၚယူဖို႔ ကာလရွည္ ပစ္မွတ္ထားေနတဲ့ မန္ယူနည္းျပ ေမာ္ရင္ဟို Mourinho ကလည္း လာမယ့္ တစ္ပတ္အတြင္း ကမ္းလွမ္းမႈေတြ ျပဳလုပ္သြားဖို႔ ရွိေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ အသင္းမွာ ပံုမွန္ ပြဲထြက္ခြင့္ မရတဲ့အေပၚ ဂါရတ္ေဘးလ္ Gareth Bale အေနနဲ႔ စိတ္ပ်က္ေနၿပီး အသင္းက ထြက္ခြာဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

Bale-scored-to-help-Real-beat-Liverpool-in-the-Champions-League-final

Bale-scored-to-help-Real-beat-Liverpool-in-the-Champions-League-final

ၿပီးခဲ့တဲ့ စေနေန႔က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအၿပီး ပံုမွန္ ပြဲထြက္ခြင့္ မရတဲ့အေပၚ စိတ္ပ်က္ေနတဲ့ ဂါရတ္ေဘးလ္ Gareth Bale ကို နည္းျပ ေမာ္ရင္ဟို Mourinho က အားေပးတဲ့ မွတ္ခ်က္မ်ိဳးေတြ ေပးခဲ့ၿပီးေနာက္ အေျပာင္းအေရႊ႕ သတင္းေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဂါရတ္ေဘးလ္ Gareth Bale က လာမယ့္ ရက္ပုိင္းအတြင္း သူ႔ရဲ႕ ပြဲထြက္ခြင့္အတြက္ ရီးယဲလ္အသင္းဘက္က ရွင္းလင္းတဲ့ အေျဖတစ္ခုကို ေတြ႔ဆံုေဆြးေႏြးသြားဖို႔ ေျပာၾကားခဲ့ပါတယ္။ အခုႏွစ္ ေႏြရာသီအေျပာင္းအေရႊ႕ ကာလအတြင္း အနည္းဆံုး ေပါင္ (၁၂၁)သန္း ရရွိပါက ရီးယဲလ္အသင္းက ဂါရတ္ေဘးလ္ Gareth Bale ကို  ေရာင္းထုတ္သြားဖို႔ ရွိေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

REF:Daily Mail
Photo:Betfred Blog, The Spokesman Review
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ ဂါရတ်ဘေးလ်ကို စာချုပ်သစ် ကမ်းလှမ်းတော့မယ့် ရီးယဲလ်

မန်ယူအသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေပြီး အသင်းမှာ အနာဂတ် မတည်မငြိမ်ဖြစ်နေတဲ့ ဂါရတ်ဘေးလ် Gareth Bale ကို ရီးယဲလ်အသင်း စာချုပ်သက်တမ်းတိုးမြှင့်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ အသက် (၂၈)နှစ် အရွယ်ရှိ ဂါရတ်ဘေးလ်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ လာမယ့် (၂)ပတ်အတွင်း ရီးယဲလ်အသင်းက  ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေသွားဖို့ ရှိနေပါတယ်။ အခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဂါရတ်ဘေးလ် Gareth Bale ကို ခေါ်ယူဖို့ မန်ယူအသင်းက အဓိက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ် Gareth Bale ကို ခေါ်ယူဖို့ ကာလရှည် ပစ်မှတ်ထားနေတဲ့ မန်ယူနည်းပြ မော်ရင်ဟို Mourinho ကလည်း လာမယ့် တစ်ပတ်အတွင်း ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရတဲ့အပေါ် ဂါရတ်ဘေးလ် Gareth Bale အနေနဲ့ စိတ်ပျက်နေပြီး အသင်းက ထွက်ခွာဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Bale-scored-to-help-Real-beat-Liverpool-in-the-Champions-League-final

Bale-scored-to-help-Real-beat-Liverpool-in-the-Champions-League-final

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး ပုံမှန် ပွဲထွက်ခွင့် မရတဲ့အပေါ် စိတ်ပျက်နေတဲ့ ဂါရတ်ဘေးလ် Gareth Bale ကို နည်းပြ မော်ရင်ဟို Mourinho က အားပေးတဲ့ မှတ်ချက်မျိုးတွေ ပေးခဲ့ပြီးနောက် အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ် Gareth Bale က လာမယ့် ရက်ပိုင်းအတွင်း သူ့ရဲ့ ပွဲထွက်ခွင့်အတွက် ရီးယဲလ်အသင်းဘက်က ရှင်းလင်းတဲ့ အဖြေတစ်ခုကို တွေ့ဆုံဆွေးနွေးသွားဖို့ ပြောကြားခဲ့ပါတယ်။ အခုနှစ် နွေရာသီအပြောင်းအရွှေ့ ကာလအတွင်း အနည်းဆုံး ပေါင် (၁၂၁)သန်း ရရှိပါက ရီးယဲလ်အသင်းက ဂါရတ်ဘေးလ် Gareth Bale ကို  ရောင်းထုတ်သွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

REF:Daily Mail
Photo:Betfred Blog, The Spokesman Review
Aung Kyaw Wai (Akhayar)
www.akhayar.com