[Zawgyi]

ခ်န္ပီယံလိဂ္ဖလား (၃)ႏွစ္ဆက္ရယူႏုိင္ေရး ေမွ်ာ္လင့္ခ်က္အတြက္ လက္တစ္ကမ္းအလုိ ေရာက္ရွိလာၿပီျဖစ္တဲ့ ရီးယဲလ္

ဒီပဲြမွာ အဆုံးအျဖတ္ျဖစ္သြားတာက ဘုိင္ယန္ျမဴးနစ္ဂုိးသမား အူလ္ရစ္ခ်္ Ulreich နဲ႔ ရီးယဲလ္ဂုိးသမား နာဗတ္စ္ Navas တို႔ပါပဲ။ အူလ္ရစ္ခ်္က စိတ္ပ်က္စရာအမွားကုိ က်ဴးလြန္ခဲ့ေပမယ့္ နာဗတ္စ္ကေတာ့ ဘုိင္ယန္ျမဴးနစ္အသင္းရဲ႕ ေသခ်ာေပါက္လုိ႔ဆုိရမယ့္ အခြင့္အေရးေတြကုိ ကာကြယ္ႏုိင္ခဲ့တယ္။ ဒီပဲြမွာ ဘုိင္ယန္ျမဴးနစ္အသင္းဟာ အိမ္ရွင္အသင္းထက္ အစစအရာရာ အားလုံး သာလြန္ခဲ့တယ္။ ေျခစြမ္းေရာ၊ ဂုိးေပါက္ကန္သြင္းမႈအပုိင္းမွာပါ ရီးယဲလ္ဟာ ဘုိင္ယန္ျမဴးနစ္ကုိ မယွဥ္ႏုိင္ခဲ့ဘူး။ အလာဘာ Alaba ၊ ရီဘာရီ Ribery တို႔ရဲ႕ဘယ္ျခမ္းတိုက္စစ္ဆင္မႈကုိ ကာဗာဟယ္လ္ Cavajhal ေနရာမွာ ကစားတဲ့ ဗက္ဇ္ကြက္ဇ္ Vazquez ဘယ္လုိမွ မထိန္းခ်ဳပ္ႏုိင္ခဲ့ဘဲ အခြင့္အေရးေတြေပးခဲ့ရတယ္။ ပဲြအစကတည္းက တစ္သင္းနဲ႔တစ္သင္းအျပန္အလွန္ထုိးေဖာက္ခဲ့ၿပီး (၃)မိနစ္မွာပဲ ကင္မစ္ခ်္ Kimmich က အဖြင့္ဂုိးသြင္းခဲ့ပါတယ္။ ဒီဂုိးဟာ ရာမုိ႔စ္ Ramos ရဲ႕ မျပတ္သားတ့ဲရွင္းထုတ္ပုံကေန ကင္မစ္ခ်္ ေျပး၀င္ပိတ္သြင္းခဲ့တာလည္းျဖစ္ပါတယ္။ ဂုိးေပးလုိက္ရၿပီး မိနစ္အနည္းငယ္အၾကာမွာပဲ ရီးယဲလ္ ေခ်ပဂုိးျပန္ရခဲ့တယ္။ ဘယ္ျခမ္းက မာဆယ္လုိ Marcello ရဲ႕ျဖတ္တင္ေဘာကေန ဂုိးဧရိယာထဲအသင့္ရွိေနတဲ့ ဘန္ဇီမာ Benzema က ေခါင္းတိုက္သြင္းယူခဲ့တာပါ။ဘုိင္ယန္ျမဴးနစ္ ဘယ္ေနာက္ခံလူ အလာဘာဟာ တိုက္စစ္ပုိင္းမွာ အေကာင္းဆုံးကစားႏုိင္ခဲ့ေပမယ့္ ခံစစ္ကုိ ျပန္ဆင္းတဲ့ေနရာမွာ အားနည္းခ်က္ေတြရွိခဲ့တာေၾကာင့္ ဟာကြက္ေတြျဖစ္ခဲ့ၿပီး ရီးယဲလ္အသငး္က အလာဘာဘက္ကေန အဓိက ထုိးေဖာက္ခဲ့တယ္။

Benzema-scores-second-goals-for-Real-Madrid

Benzema-scores-second-goals-for-Real-Madrid

ေနာက္ၿပီး ဘုိင္ယန္ျမဴးနစ္ကြင္းလယ္မွာ တိုက္စစ္ကစားသမားေတြမ်ားေနတဲ့အတြက္ ရီးယဲလ္ တိုက္စစ္ကုိကြင္းလယ္ကေန ျဖတ္ေတာက္မယ့္သူမရွိလုိ႔ ရီးယဲလ္တုိက္စစ္ဆင္လာတဲ့အခါတိုင္း ဘုိင္ယန္ျမဴးနစ္ခံစစ္ကစားသမားေတြျဖစ္တဲ့ ဆူလာ Sule ၊ ဟမ္းမဲလ္ Hummels တို႔နဲ႔ Direct ထိပ္တိုက္ရင္ဆုိင္ခဲ့ရတာေၾကာင့္ ပဲြခ်ိန္ၾကာတာလာနဲ႔အမွ် ဘုိင္ယန္ျမဴးနစ္ခံစစ္က အမွားအယြင္းေတြရွိလာခဲ့တယ္။ ဒုတိယပုိင္းျပန္အစမွာ ရီးယဲလ္ ဦးေဆာင္ဂုိးျပန္ခဲ့ပါတယ္။ တုိလစ္ဆို Tolissoရဲ႕ Back Pass ကုိ ဂုိးသမား အူလ္ရစ္ခ်္ ျပတ္ျပတ္သားသားမရွင္းထုတ္ဘဲ ေတြေ၀ေနတဲ့အျပင္ ေဘာလုံးက သူ႔ခ်ိဳငး္ေအာက္က ထြက္သြားခ်ိန္မွာ ဘန္ဇီမာ လြတ္လြတ္ကၽြတ္ကၽြတ္ကန္သြင္းခဲ့တာပါ။ ဂုိးေပးလုိက္ရတဲ့ေနာက္ပုိင္း ဘုိင္ယန္ျမဴးနစ္ကစားအားက်သြားသလုိျဖစ္ခဲ့ၿပီး ရီးယဲလ္အသင္းက အသာစီးျပန္ရခဲ့ပါတယ္။ ဘုိင္ယန္ျမဴးနစ္နည္းျပေဟးနက္စ္ Heynckes အေနနဲ႔ ရီးယဲလ္ခံစစ္ကုိ ထုိးေဖာက္ႏုိင္ျခင္းမရွိတဲ့ တိုက္စစ္မွဴးလီ၀န္ေဒါစကီး Lewandowski ကုိ လူစားလဲသင့္ေပမယ့္ ဘာလုပ္ျပႏုိင္မလဲဆုိတဲ့ေမွ်ာ္လင့္ခ်က္နဲ႔ ပဲြခ်ိန္ျပည့္ကစားေစခဲ့တယ္။ ကြင္းလယ္ခံစစ္အတြက္ တိုလစ္ဆုိေနရာမွာ ဟာဗီမာတီနက္ဇ္ Javi Martínez ကုိေစာေစာစီးစီးလူစားလဲသင့္ေပမယ့္ မိနစ္(၈၀)ေက်ာ္မွသာ လူစားလဲခဲ့တယ္။ ဒီၾကားထဲမွာ ဘုိင္ယန္ျမဴးနစ္အသင္းဂုိးသြင္းခြင့္ေတြရခဲ့ေပမယ့္ ရီးယဲလ္ဂုိးသမား နာဗတ္စ္ကလည္း အမွားအယြင္းမရွိကာကြယ္ႏုိင္ခဲ့ပါတယ္။ (၆၃)မိနစ္မွာ ဘုိင္ယန္ျမဴးနစ္ ေခ်ပဂုိးရခဲ့ၿပီး ရီးယဲလ္ကစားသမားေဟာင္း ဂ်ိမ္း႐ုိဒရီဂြက္ဇ္ James Rodriguez က ကန္သြင္းခဲ့တာျဖစ္ပါတယ္။ ႏွစ္ဂုိးစီသေရက်သြားလုိ႔ ေနာက္ထပ္တစ္ဂုိးသြင္းရင္ ဗုိလ္လုပဲြတက္ႏုိင္မွာျဖစ္တဲ့အတြက္ ဘုိင္ယန္ျမဴးနစ္အသငး္ဟာ တိုက္စစ္ျမႇင့္ကစားခဲ့ေပမယ့္ လုိအပ္တဲ့ဂုိးမရခဲ့တာေၾကာင့္ ဆီမီးဖုိင္နယ္အဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရၿပီး ရီးယဲလ္အသင္းကေတာ့ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိ (၃)ႏွစ္ဆက္တက္ေရာက္ခဲ့တဲ့အျပင္ ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ (၁၆)ႀကိမ္ေျမာက္ တက္ေရာက္ႏုိင္ခဲ့ပါတယ္။

ရီးယဲလ္-ဘုိင္ယန္ျမဴးနစ္ပဲြမွ ထူးျခားခ်က္မ်ား
– ရီးယဲလ္ဂုိးသမား နာဗတ္စ္ဟာ ဒီပြဲမွာ ဂုိးေပါက္ကာကြယ္မႈ(၈)ႀကိမ္ျပဳလုပ္ခဲ့ၿပီး သူ႔ရဲ႕ကစားသမားဘ၀ တစ္ေလွ်ာက္ ခ်န္ပီယံလိဂ္႐ံႈးထြက္အဆင့္ပဲြေတြမွာ အမ်ားဆုံးအေရအတြက္ျဖစ္ခဲ့တယ္။

– ရီးယဲလ္အသင္းဟာ နည္းျပဇီဒန္း Zidane လက္ထက္မွာ ခ်န္ပီယံလိဂ္႐ႈံးထြက္အဆင့္ကေန တစ္ႀကိမ္မွထြက္ခဲ့ရတာမရွိဘဲ စုစုေပါင္း(၉)ပဲြမွာ ၿပိဳင္ဘက္အသင္းေတြကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့ပါတယ္။

– ဒါ့အျပင္ ဇီဒန္းဟာ မာဆယ္လုိလစ္ပီ Marcelo Lippi (၁၉၉၆၊ ၁၉၉၇၊ ၁၉၉၈) ေနာက္ပုိင္း ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိ (၃)ႀကိမ္ဆက္တက္ေရာက္ခဲ့တဲ့ ပထမဆုံးနည္းျပအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။

– ရီးယဲလ္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိ (၁၆)ႀကိမ္ေျမာက္ ေရာက္ရွိခဲ့တာျဖစ္ၿပီး အႀကိမ္အမ်ားဆုံးတက္ေရာက္ခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။

– ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ဟာ ခ်န္ပီယံလိဂ္မွာ ရီးယဲလ္အသင္းအတြက္ ဂုိးသြင္းယူခဲ့ၿပီး ရီးယဲလ္အသင္းဘက္ကုိ ဂုိးျပန္သြင္းခဲ့တဲ့ (၇)ဦးေျမာက္ကစားသမားျဖစ္ခဲ့တယ္။ သူ႔အရင္က ဘက္ခမ္ Beckham၊ မုိရာတာ Morata၊ နစၥတယ္ရြိဳင္း Nistelrooy၊ မုိရီယန္ေတးစ္ Morientes ၊ ေရာ္ဘင္ Robben ၊ ဇာမုိရာႏုိ Zamorano တို႔ဟာ အဲဒီလုိစြမ္းေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။

– ဒီပဲြမွာ ႏွစ္ဂုိးသြင္းခဲ့တဲ့ ဘန္ဇီမာဟာ ၂၀၁၄ ၊ ေဖေဖာ္၀ါရီလတုန္းက ေရွာ္လ္ေကးနဲ႔ကစားခဲ့တဲ့ပဲြေနာက္ပုိင္း ႐ႈံးထြက္အဆင့္ပဲြေတြမွာ ပထမဆုံးအႀကိမ္ ႏွစ္ဂုိးျပန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

– ဘုိင္ယန္ျမဴးနစ္အသင္းဟာ ခ်န္ပီယံလိဂ္အေ၀းကြင္း (၁၄)ပဲြဆက္ ဂုိးေပးခဲ့ရၿပီး အသင္းရဲ႕ခ်န္ပီယံလိဂ္ၿပိဳင္ပဲြတစ္ေလွ်က္ အမ်ားဆုံးျဖစ္ခဲ့တယ္။

ခ်န္ပီယံလိဂ္ဆီမီးဖုိင္နယ္ ဒုတိယအေက်ာ႔ရလဒ္
ရီးယဲလ္ ၂-၂ ဘုိင္ယန္ျမဴးနစ္
(ႏွစ္ေက်ာ႔ေပါင္း ၄-၃ဂုိးျဖင့္ ရီးယဲလ္ ဗုိလ္လုပဲြတက္)

Photo:AFP,Getty Images
Naing Linn (Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက်ရယူနိုင်ရေး မျှော်လင့်ချက်အတွက် လက်တစ်ကမ်းအလို ရောက်ရှိလာပြီဖြစ်တဲ့ ရီးယဲလ်

ဒီပွဲမှာ အဆုံးအဖြတ်ဖြစ်သွားတာက ဘိုင်ယန်မြူးနစ်ဂိုးသမား အူလ်ရစ်ချ် Ulreich နဲ့ ရီးယဲလ်ဂိုးသမား နာဗတ်စ် Navas တို့ပါပဲ။ အူလ်ရစ်ချ်က စိတ်ပျက်စရာအမှားကို ကျူးလွန်ခဲ့ပေမယ့် နာဗတ်စ်ကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ သေချာပေါက်လို့ဆိုရမယ့် အခွင့်အရေးတွေကို ကာကွယ်နိုင်ခဲ့တယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ အိမ်ရှင်အသင်းထက် အစစအရာရာ အားလုံး သာလွန်ခဲ့တယ်။ ခြေစွမ်းရော၊ ဂိုးပေါက်ကန်သွင်းမှုအပိုင်းမှာပါ ရီးယဲလ်ဟာ ဘိုင်ယန်မြူးနစ်ကို မယှဉ်နိုင်ခဲ့ဘူး။ အလာဘာ Alaba ၊ ရီဘာရီ Ribery တို့ရဲ့ဘယ်ခြမ်းတိုက်စစ်ဆင်မှုကို ကာဗာဟယ်လ် Cavajhal နေရာမှာ ကစားတဲ့ ဗက်ဇ်ကွက်ဇ် Vazquez ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ဘဲ အခွင့်အရေးတွေပေးခဲ့ရတယ်။ ပွဲအစကတည်းက တစ်သင်းနဲ့တစ်သင်းအပြန်အလှန်ထိုးဖောက်ခဲ့ပြီး (၃)မိနစ်မှာပဲ ကင်မစ်ချ် Kimmich က အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ဒီဂိုးဟာ ရာမို့စ် Ramos ရဲ့ မပြတ်သားတဲ့ရှင်းထုတ်ပုံကနေ ကင်မစ်ချ် ပြေးဝင်ပိတ်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီး မိနစ်အနည်းငယ်အကြာမှာပဲ ရီးယဲလ် ချေပဂိုးပြန်ရခဲ့တယ်။ ဘယ်ခြမ်းက မာဆယ်လို Marcello ရဲ့ဖြတ်တင်ဘောကနေ ဂိုးဧရိယာထဲအသင့်ရှိနေတဲ့ ဘန်ဇီမာ Benzema က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ဘိုင်ယန်မြူးနစ် ဘယ်နောက်ခံလူ အလာဘာဟာ တိုက်စစ်ပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် ခံစစ်ကို ပြန်ဆင်းတဲ့နေရာမှာ အားနည်းချက်တွေရှိခဲ့တာကြောင့် ဟာကွက်တွေဖြစ်ခဲ့ပြီး ရီးယဲလ်အသင်းက အ လာဘာဘက်ကနေ အဓိက ထိုးဖောက်ခဲ့တယ်။

Benzema-scores-second-goals-for-Real-Madrid

Benzema-scores-second-goals-for-Real-Madrid

နောက်ပြီး ဘိုင်ယန်မြူးနစ်ကွင်းလယ်မှာ တိုက်စစ်ကစားသမားတွေများနေတဲ့အတွက် ရီးယဲလ် တိုက်စစ်ကိုကွင်းလယ်ကနေ ဖြတ်တောက်မယ့်သူမရှိလို့ ရီးယဲလ်တိုက်စစ်ဆင်လာတဲ့အခါတိုင်း ဘိုင်ယန်မြူးနစ်ခံစစ်ကစားသမားတွေဖြစ်တဲ့ ဆူလာ Sule ၊ ဟမ်းမဲလ် Hummels တို့နဲ့ Direct ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာကြောင့် ပွဲချိန်ကြာတာလာနဲ့အမျှ ဘိုင်ယန်မြူးနစ်ခံစစ်က အမှားအယွင်းတွေရှိလာခဲ့တယ်။ ဒုတိယပိုင်းပြန်အစမှာ ရီးယဲလ် ဦးဆောင်ဂိုးပြန်ခဲ့ပါတယ်။ တိုလစ်ဆို Tolissoရဲ့ Back Pass ကို ဂိုးသမား အူလ်ရစ်ချ် ပြတ်ပြတ်သားသားမရှင်းထုတ်ဘဲ တွေဝေနေတဲ့အပြင် ဘောလုံးက သူ့ချိုင်းအောက်က ထွက်သွားချိန်မှာ ဘန်ဇီမာ လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခဲ့တာပါ။ ဂိုးပေးလိုက်ရတဲ့နောက်ပိုင်း ဘိုင်ယန်မြူးနစ်ကစားအားကျသွားသလိုဖြစ်ခဲ့ပြီး ရီးယဲလ်အသင်းက အသာစီးပြန်ရခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြဟေးနက်စ် Heynckes အနေနဲ့ ရီးယဲလ်ခံစစ်ကို ထိုးဖောက်နိုင်ခြင်းမရှိတဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီး Lewandowski ကို လူစားလဲသင့်ပေမယ့် ဘာလုပ်ပြနိုင်မလဲဆိုတဲ့မျှော်လင့်ချက်နဲ့ ပွဲချိန်ပြည့်ကစားစေခဲ့တယ်။ ကွင်းလယ်ခံစစ်အတွက် တိုလစ်ဆိုနေရာမှာ ဟာဗီမာတီနက်ဇ် Javi Martínez ကိုစောစောစီးစီးလူစားလဲသင့်ပေမယ့် မိနစ်(၈၀)ကျော်မှသာ လူစားလဲခဲ့တယ်။ ဒီကြားထဲမှာ ဘိုင်ယန်မြူးနစ်အသင်းဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် ရီးယဲလ်ဂိုးသမား နာဗတ်စ်ကလည်း အမှားအယွင်းမရှိကာကွယ်နိုင်ခဲ့ပါတယ်။ (၆၃)မိနစ်မှာ ဘိုင်ယန်မြူးနစ် ချေပဂိုးရခဲ့ပြီး ရီးယဲလ်ကစားသမားဟောင်း ဂျိမ်းရိုဒရီဂွက်ဇ် James Rodriguez က ကန်သွင်းခဲ့တာဖြစ်ပါတယ်။ နှစ်ဂိုးစီသရေကျသွားလို့ နောက်ထပ်တစ်ဂိုးသွင်းရင် ဗိုလ်လုပွဲတက်နိုင်မှာဖြစ်တဲ့အတွက် ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် လိုအပ်တဲ့ဂိုးမရခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ရီးယဲလ်အသင်းကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၃)နှစ်ဆက်တက်ရောက်ခဲ့တဲ့အပြင် ပြိုင်ပွဲသမိုင်းတစ်လျှောက် (၁၆)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပါတယ်။

ရီးယဲလ်-ဘိုင်ယန်မြူးနစ်ပွဲမှ ထူးခြားချက်များ
– ရီးယဲလ်ဂိုးသမား နာဗတ်စ်ဟာ ဒီပွဲမှာ ဂိုးပေါက်ကာကွယ်မှု(၈)ကြိမ်ပြုလုပ်ခဲ့ပြီး သူ့ရဲ့ကစားသမားဘ၀ တစ်လျှောက် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲတွေမှာ အများဆုံးအရေအတွက်ဖြစ်ခဲ့တယ်။

– ရီးယဲလ်အသင်းဟာ နည်းပြဇီဒန်း Zidane လက်ထက်မှာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကနေ တစ်ကြိမ်မှထွက်ခဲ့ရတာမရှိဘဲ စုစုပေါင်း(၉)ပွဲမှာ ပြိုင်ဘက်အသင်းတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

– ဒါ့အပြင် ဇီဒန်းဟာ မာဆယ်လိုလစ်ပီ Marcelo Lippi (၁၉၉၆၊ ၁၉၉၇၊ ၁၉၉၈) နောက်ပိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၃)ကြိမ်ဆက်တက်ရောက်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

– ရီးယဲလ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၁၆)ကြိမ်မြောက် ရောက်ရှိခဲ့တာဖြစ်ပြီး အကြိမ်အများဆုံးတက်ရောက်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။

– ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ချန်ပီယံလိဂ်မှာ ရီးယဲလ်အသင်းအတွက် ဂိုးသွင်းယူခဲ့ပြီး ရီးယဲလ်အသင်းဘက်ကို ဂိုးပြန်သွင်းခဲ့တဲ့ (၇)ဦးမြောက်ကစားသမားဖြစ်ခဲ့တယ်။ သူ့အရင်က ဘက်ခမ် Beckham၊ မိုရာတာ Morata၊ နစ္စတယ်ရွိုင်း Nistelrooy၊ မိုရီယန်တေးစ် Morientes ၊ ရော်ဘင် Robben ၊ ဇာမိုရာနို Zamorano တို့ဟာ အဲဒီလိုစွမ်းဆောင်ခဲ့ကြတာဖြစ်ပါတယ်။

– ဒီပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ဘန်ဇီမာဟာ ၂၀၁၄ ၊ ဖေဖော်ဝါရီလတုန်းက ရှော်လ်ကေးနဲ့ကစားခဲ့တဲ့ပွဲနောက်ပိုင်း ရှုံးထွက်အဆင့်ပွဲတွေမှာ ပထမဆုံးအကြိမ် နှစ်ဂိုးပြန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

– ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်အဝေးကွင်း (၁၄)ပွဲဆက် ဂိုးပေးခဲ့ရပြီး အသင်းရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှေက် အများဆုံးဖြစ်ခဲ့တယ်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ရလဒ်
ရီးယဲလ် ၂-၂ ဘိုင်ယန်မြူးနစ်
(နှစ်ကျော့ပေါင်း ၄-၃ဂိုးဖြင့် ရီးယဲလ် ဗိုလ်လုပွဲတက်)

Photo:AFP,Getty Images
Naing Linn (Akhayar)
www.akhayar.com