[Zawgyi]

စီေရာ္နယ္လ္ဒုိ C.Ronaldo ကုိ တစ္ပတ္ေပါင္(၅)သိန္းခဲြအထိေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖုိ႔ ကမ္းလွမ္းခဲ့တ့ဲ ရီးယဲလ္

ရီးယဲလ္အသင္းဟာ သူတို႔ရဲ႕ အဓိက တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ C.Ronaldo ကုိ တစ္ပတ္လစာ ေပါင္(၅)သိန္းခဲြအထိ ေပးၿပီး စာခ်ဳပ္သက္တမ္းတိုးဖုိ႔ ကမ္းလွမ္းခဲ့တယ္ဆုိၿပီး သတင္းေတြထြက္ေပၚေနပါတယ္။ စပိန္အားကစားဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ မာႏုိလုိလာမာ Manolo Lama က ရီးယဲလ္အသင္းဟာ စီေရာ္နယ္လ္ဒုိကုိ အေျခခံလစာအျဖစ္ ေပါင္(၂၂)သန္း၊ ေအာင္ျမင္မႈအေပၚ မူတည္ၿပီး ေပါင္ (၆.၅)သန္းနဲ႔ ကမ္းလွမ္းခဲ့တယ္လုိ႔ ဆုိခဲ့တယ္။ ဒီကမ္းလွမ္းမႈအရ စီေရာ္နယ္လ္ဒုိအေနနဲ႔ (၁)ႏွစ္ကုိ ေပါင္(၂၈.၅)သန္းအထိ လစာေငြရရွိမွာျဖစ္ေပမယ့္လည္း သူ႔ရဲ႕အဓိကၿပိဳင္ဘက္ မက္ဆီ Messi ထက္ေတာ့ လစာေငြက နည္းပါးေနဆဲပါ။ ဘာစီလုိနာအသင္းရဲ႕ အာဂ်င္တီးနားနာမည္ေက်ာ္တိုက္စစ္မွဴး မက္ဆီဟာ စာခ်ဳပ္သစ္အရ တစ္ပတ္ကုိ ေပါင္(၆)သိန္းအထိ ရရွိမွာျဖစ္တာေၾကာင့္ (၁)ႏွစ္ဆုိရင္ ေပါင္(၃၁.၂)သန္းအထိရွိမွာျဖစ္ပါတယ္။

CRISTIANO-RONALDO-has-been-offered-a-new-contract-worth-a-whopping-£550000-a-week

CRISTIANO-RONALDO-has-been-offered-a-new-contract-worth-a-whopping-£550000-a-week

လက္ရွိအခ်ိန္မွာ စီေရာ္နယ္လ္ဒုိရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ခန္႔မွန္းသတင္းမ်ိဳးစုံ ထြက္ေပၚေနၿပီး PSG နဲ႔ အသင္းေဟာင္း မန္ယူတို႔က စီေရာ္နယ္လ္ဒုိကုိ ေခၚယူလုိေနတယ္လုိ႔ မီဒီယာေတြက ေဖာ္ျပေနၾကတယ္။ စီေရာ္နယ္လ္ဒုိအေနနဲ႔ မက္ဆီ၊ ေနမာတို႔နဲ႔ တန္းတူ လစာေငြရရွိဖုိ႔ ဆႏၵရွိေနတာေၾကာင့္ အခု ရီးယဲလ္ရဲ႕ ကမ္းလွမ္းမႈကုိ လက္ခံမလား၊ လက္မခံဘူးလားဆုိတာ ေစာင့္ၾကည့္ရမွာပါ။ စီေရာ္နယ္လ္ဒုိဟာ အခုရက္ပုိင္းအတြင္းမွာ စပိန္အခြန္ဌာနကုိ အခြန္ေငြေပါင္(၁၆.၇)သန္း ေပးေခ်ဖုိ႔ သေဘာတူညီမႈရရွိခဲ့ၿပီးပါၿပီ။ စီေရာ္နယ္လ္ဒုိဟာ အခြန္ေငြေရွာင္လႊဲခဲ့တယ္လုိ႔ စပိန္အခြန္ဌာနက စြပ္စဲြခဲ့ၿပီး အခုေတာ့ ေျပလည္မႈရရွိသြားၿပီျဖစ္ပါတယ္။ စပိန္ေျမကုိ စီေရာ္နယ္လ္ဒုိ စြန္႔ခြာလုိတဲ့အေၾကာင္းရင္းထဲမွာ အခြန္ေငြျပႆနာကလည္း တစ္ခ်က္အပါအ၀င္ျဖစ္တယ္လုိ႔ စပိန္မီဒီယာေတြက ေဖာ္ျပခဲ့တယ္။

REF: Thesun.co.uk
Photo:TheSun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

စီရော်နယ်လ်ဒို C.Ronaldo ကို တစ်ပတ်ပေါင်(၅)သိန်းခွဲအထိပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တဲ့ ရီးယဲလ်

ရီးယဲလ်အသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို C.Ronaldo ကို တစ်ပတ်လစာ ပေါင်(၅)သိန်းခွဲအထိ ပေးပြီး စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ စပိန်အားကစားဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ မာနိုလိုလာမာ Manolo Lama က ရီးယဲလ်အသင်းဟာ စီရော်နယ်လ်ဒိုကို အခြေခံလစာအဖြစ် ပေါင်(၂၂)သန်း၊ အောင်မြင်မှုအပေါ် မူတည်ပြီး ပေါင် (၆.၅)သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုခဲ့တယ်။ ဒီကမ်းလှမ်းမှုအရ စီရော်နယ်လ်ဒိုအနေနဲ့ (၁)နှစ်ကို ပေါင်(၂၈.၅)သန်းအထိ လစာငွေရရှိမှာဖြစ်ပေမယ့်လည်း သူ့ရဲ့အဓိကပြိုင်ဘက် မက်ဆီ Messi ထက်တော့ လစာငွေက နည်းပါးနေဆဲပါ။ ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူး မက်ဆီဟာ စာချုပ်သစ်အရ တစ်ပတ်ကို ပေါင်(၆)သိန်းအထိ ရရှိမှာဖြစ်တာကြောင့် (၁)နှစ်ဆိုရင် ပေါင်(၃၁.၂)သန်းအထိရှိမှာဖြစ်ပါတယ်။

CRISTIANO-RONALDO-has-been-offered-a-new-contract-worth-a-whopping-£550000-a-week

CRISTIANO-RONALDO-has-been-offered-a-new-contract-worth-a-whopping-£550000-a-week

လက်ရှိအချိန်မှာ စီရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ခန့်မှန်းသတင်းမျိုးစုံ ထွက်ပေါ်နေပြီး PSG နဲ့ အသင်းဟောင်း မန်ယူတို့က စီရော်နယ်လ်ဒိုကို ခေါ်ယူလိုနေတယ်လို့ မီဒီယာတွေက ဖော်ပြနေကြတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ မက်ဆီ၊ နေမာတို့နဲ့ တန်းတူ လစာငွေရရှိဖို့ ဆန္ဒရှိနေတာကြောင့် အခု ရီးယဲလ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာ စောင့်ကြည့်ရမှာပါ။ စီရော်နယ်လ်ဒိုဟာ အခုရက်ပိုင်းအတွင်းမှာ စပိန်အခွန်ဌာနကို အခွန်ငွေပေါင်(၁၆.၇)သန်း ပေးချေဖို့ သဘောတူညီမှုရရှိခဲ့ပြီးပါပြီ။ စီရော်နယ်လ်ဒိုဟာ အခွန်ငွေရှောင်လွှဲခဲ့တယ်လို့ စပိန်အခွန်ဌာနက စွပ်စွဲခဲ့ပြီး အခုတော့ ပြေလည်မှုရရှိသွားပြီဖြစ်ပါတယ်။ စပိန်မြေကို စီရော်နယ်လ်ဒို စွန့်ခွာလိုတဲ့အကြောင်းရင်းထဲမှာ အခွန်ငွေပြဿနာကလည်း တစ်ချက်အပါအဝင်ဖြစ်တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့တယ်။

REF: Thesun.co.uk
Photo:TheSun
Naing Linn(Akhayar)
www.akhayar.com