[Zawgyi]

Cristiano Ronaldo ကုိ လက္လႊတ္ခဲ့တဲ့ အက်ိဳးဆက္ကုိ ရီးယဲလ္ ခံစားေနရၿပီလား

လုိပယ္တက္ဂီ Lopetegui ရဲ႕ ရီးယဲလ္အသင္းဟာ အခုအခ်ိန္မွာ စတင္႐ုန္းကန္ေနရပါၿပီ။ ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းက CSKA ေမာ္စကုိနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြမွာ (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့ၿပီးတ့ဲေနာက္ ရီးယဲလ္အသင္းဟာ ၿပိဳင္ပဲြစုံ ေနာက္ဆုံး(၃)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ခဲ့သလုိ အဲဒီ(၃)ပဲြစလုံးမွာလည္း ဂုိးမသြင္းႏုိင္ခဲ့ဘူး။ (၃)ပဲြဆက္ ဂုိးေပါက္ေပ်ာက္ခဲ့တာဟာ ၂၀၀၆-၀၇ ရာသီေနာက္ပုိင္း ပထမဆုံးအႀကိမ္ျဖစ္ခဲ့ၿပီး စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ကစားခဲ့တဲ့ (၉)ႏွစ္တာကာလအတြင္း အဲဒီလုိမ််ိဳး တစ္ခါမွ မျဖစ္ခဲ့ဘူး။

Real-Madrid

Real-Madrid

၂၀၀၆-၀၇ ရာသီေနာက္ပုိင္းကတည္းက ရီးယဲလ္အသငး္ဟာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ (၂)ပဲြမွာ ႐ႈံးနိမ့္ခဲ့ျခင္း မရွိေပမယ့္ အခုေတာ့ (၂)ပဲြကစား (၁)ပဲြ႐ႈံးနိမ့္ၿပီးပါၿပီ။ ေနာက္ထပ္ ဆုိးရြားတဲ့မွတ္တမ္းက ရီးယဲလ္အသင္းဟာ ၂၀၁၆၊ ဧၿပီလ (၂၇)ရက္တုန္းက ခ်န္ပီယံလိဂ္ ဆီမီးဖုိင္နယ္မွာ မန္စီးတီးနဲ႔ ဂုိးမရွိသေရက်ခဲ့ၿပီးေနာက္ပုိင္း ဂုိးမသြင္းႏုိင္တဲ့ ပဲြမရွိခဲ့ဘဲ (၂၉)ပဲြအၾကာမွာ ပထမဆုံး ဂုိးမသြင္းႏုိင္ခဲ့တာပါ။ ဒီရာသီအစမွာ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ဘန္ဇီမာ Benzema ၊ ဂါရတ္ေဘးလ္ Gareth Bale တို႔ ေျခစြမ္းျပၿပီး ဂုိးေတြ သြင္းယူခဲ့လုိ႔ စီေရာ္နယ္လ္ဒုိ မရွိလည္း ဘာမွမျဖစ္ပါဘူးဆုိတဲ အသံေတြ ထြက္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ဒီႏွစ္ေယာက္စလုံး ဂုိးေပါက္ေပ်ာက္ေနသလုိ က်န္တဲ့ကစားသမားေတြရဲ႕ ေျခစြမ္းကလည္း သာမန္အဆင့္သာ ရွိပါတယ္။

C-Ronaldo-Stats-At-Real-Madrid

C-Ronaldo-Stats-At-Real-Madrid

ဆီဗီလာကို ႐ႈံးနိမ့္ခဲ့တဲ့ပဲြမွာ ရီးယဲလ္ပရိသတ္ေတြဟာ စီေရာ္နယ္လ္ဒုိရဲ႕ နာမည္ကုိ ဟစ္ေၾကြးခ့ဲတဲ့အထိပါပဲ။ စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္အသင္းကစားသမားဘ၀ (၉)ႏွစ္တာကာလအတြင္း ပထမဆုံးရာသီက လဲြၿပီး က်န္တဲ့ရာသီမွာ တစ္ရာသီကုိ ဂုိး(၄၀)နဲ႔အထက္ သြင္းယူခဲ့သူျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ရီးယဲလ္အသင္းမွာ စီေရာ္နယ္လ္ဒုိလုိ စြမ္းေဆာင္ႏုိင္မယ့္ ကစားသမားမ်ိဳး မရွိတာေၾကာင့္ စီေရာ္နယ္လ္ဒုိကုိ လက္လႊတ္ခံခဲ့တဲ့ အက်ိဳးဆက္ကုိ ရီးယဲလ္ ခံစားေနရၿပီလုိ႔ပဲ ဆုိရေတာ့မွာပါ . . .

REF:Marca
Photo:Sports Illustrated,20 Minuten
Naing Linn(Akhayar)
www.akhayar.com

[Zawgyi]

Cristiano Ronaldo ကို လက်လွှတ်ခဲ့တဲ့ အကျိုးဆက်ကို ရီးယဲလ် ခံစားနေရပြီလား

လိုပယ်တက်ဂီ Lopetegui ရဲ့ ရီးယဲလ်အသင်းဟာ အခုအချိန်မှာ စတင်ရုန်းကန်နေရပါပြီ။ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက CSKA မော်စကိုနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ရီးယဲလ်အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့သလို အဲဒီ(၃)ပွဲစလုံးမှာလည်း ဂိုးမသွင်းနိုင်ခဲ့ဘူး။ (၃)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာဟာ ၂၀၀၆-၀၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး စီရော်နယ်လ်ဒို Cristiano Ronaldo ကစားခဲ့တဲ့ (၉)နှစ်တာကာလအတွင်း အဲဒီလိုမျျိုး တစ်ခါမှ မဖြစ်ခဲ့ဘူး။

Real-Madrid

Real-Madrid

၂၀၀၆-၀၇ ရာသီနောက်ပိုင်းကတည်းက ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့် (၂)ပွဲမှာ ရှုံးနိမ့်ခဲ့ခြင်း မရှိပေမယ့် အခုတော့ (၂)ပွဲကစား (၁)ပွဲရှုံးနိမ့်ပြီးပါပြီ။ နောက်ထပ် ဆိုးရွားတဲ့မှတ်တမ်းက ရီးယဲလ်အသင်းဟာ ၂၀၁၆၊ ဧပြီလ (၂၇)ရက်တုန်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက်ပိုင်း ဂိုးမသွင်းနိုင်တဲ့ ပွဲမရှိခဲ့ဘဲ (၂၉)ပွဲအကြာမှာ ပထမဆုံး ဂိုးမသွင်းနိုင်ခဲ့တာပါ။ ဒီရာသီအစမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာ Benzema ၊ ဂါရတ်ဘေးလ် Gareth Bale တို့ ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူခဲ့လို့ စီရော်နယ်လ်ဒို မရှိလည်း ဘာမှမဖြစ်ပါဘူးဆိုတဲ အသံတွေ ထွက်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဒီနှစ်ယောက်စလုံး ဂိုးပေါက်ပျောက်နေသလို ကျန်တဲ့ကစားသမားတွေရဲ့ ခြေစွမ်းကလည်း သာမန်အဆင့်သာ ရှိပါတယ်။

C-Ronaldo-Stats-At-Real-Madrid

C-Ronaldo-Stats-At-Real-Madrid

ဆီဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရီးယဲလ်ပရိသတ်တွေဟာ စီရော်နယ်လ်ဒိုရဲ့ နာမည်ကို ဟစ်ကြွေးခဲ့တဲ့အထိပါပဲ။ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းကစားသမားဘ၀ (၉)နှစ်တာကာလအတွင်း ပထမဆုံးရာသီက လွဲပြီး ကျန်တဲ့ရာသီမှာ တစ်ရာသီကို ဂိုး(၄၀)နဲ့အထက် သွင်းယူခဲ့သူဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရီးယဲလ်အသင်းမှာ စီရော်နယ်လ်ဒိုလို စွမ်းဆောင်နိုင်မယ့် ကစားသမားမျိုး မရှိတာကြောင့် စီရော်နယ်လ်ဒိုကို လက်လွှတ်ခံခဲ့တဲ့ အကျိုးဆက်ကို ရီးယဲလ် ခံစားနေရပြီလို့ပဲ ဆိုရတော့မှာပါ . . .

REF:Marca
Photo:Sports Illustrated,20 Minuten
Naing Linn(Akhayar)
www.akhayar.com