[Zawgyi]



Real-Madrid-Fans

Real-Madrid-Fans


REF:AS
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ခုနှစ် အတွင်း Google မှာ ရှာဖွေမှုအများဆုံးဖြစ်နေတဲ့ ရီးယဲလ်

Google data အဖွဲ့ရဲ့ စမ်းတမ်းကောက်ခံမှုအရ စပိန်ထိပ်သီးကလပ် ရီးယဲလ်အသင်းဟာ ၂၀၁၈ ခုနှစ်အတွင်း Google မှာ ရှာဖွေခံရမှု အများဆုံးအသင်းဖြစ်နေပါတယ်။ ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက်ရယူခဲ့တဲ့ ရီးယဲလ်အသင်းကို ဥရောပ၊ အာရှ၊ အာဖရိက၊ အမေရိကမှာရှိတဲ့ နိုင်ငံပေါင်း (၉၇)နိုင်ငံက Google မှာ ရှာဖွေခဲ့ပြီး အထူးသဖြင့် ဥရောပတိုက်က ဆွစ်ဇာလန်၊ ရုရှား၊ ဆားဘီးယား၊ ခရိုအေးရှားနိုင်ငံတွေမှာ ရှာဖွေမှု အများဆုံးဖြစ်ခဲ့တယ်။

Real-Madrid-Fans

Real-Madrid-Fans

Google မှာ ရီးယဲလ်အသင်းကို ရှာဖွေမှုအများဆုံးဖြစ်ခဲ့တဲ့ အကြောင်းတွေက ဒီနွေရာသီမှာ နာမည်ကျော် ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တာ၊ ၂၀၁၇-၁၈ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်အသင်း ဗိုလ်စွဲခဲ့တာကြောင့်ပါပဲ။ တခြားနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ တောင်အမေရိကတိုက်က ကိုလံဘီယာ၊ ပီရူး၊ ချီလီ၊ ဘိုလစ်ဗီးယား၊ ပါရာဂွေးနိုင်ငံတွေမှာလည်း ရီးယဲလ်အသင်းကို ရှာဖွေမှု အများဆုံးဖြစ်ခဲ့ပါတယ်။ အာဖရိကတိုက် မြောက်ဘက်ပိုင်းဒေသတွေမှာ ရီးယဲလ်အသင်းကို ရှာဖွေမှု အများဆုံးဖြစ်ခဲ့ပြီး တောင်ဘက်နဲ့ အရှေ့ဘက်မှာတော့ အာဆင်နယ်၊ မန်ယူအသင်းတွေက အများဆုံးဖြစ်ခဲ့တယ်။ ရီးယဲလ်အသင်းရဲ့ နောက်မှာတော့ ပရီးမီးယားလိဂ် နာမည်ကျော်အသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေ အစဉ်လိုက်အတိုင်း ရပ်တည်နေကြတယ်။

REF:AS
Photo:Latin Times,standard
Naing Linn(Akhayar)
www.akhayar.com