[Zawgyi]

ဥေရာပစူပါဖလား ႐ႈံးပဲြက ကစားသမားသစ္ေခၚယူဖုိ႔ ရီးယဲလ္အတြက္ သတိေပးေခါင္းေလာင္းသံလား

ဒီေႏြရာသီေစ်းကြက္အတြင္းမွာ အဓိက ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ကုိ လက္လႊတ္ခဲ့ရေပမယ့္ ရီးယဲလ္အသင္းဥကၠဌ ဖေလာ္ရင္တီႏုိပီရက္ဇ္ Florentino Perez က ကစားသမားသစ္ ေခၚယူစရာ မလုိဘူးဆုိၿပီး ေခါင္းမာခဲ့တယ္။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ပီရက္ဇ္တစ္ေယာက္ သူ႔ရဲ႕ ခံယူခ်က္ကုိ ေျပာင္းလဲဖုိ႔ရွိေနၿပီ။ ဥေရာပစူပါဖလားပဲြမွာ ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကုိအသင္းကုိ (၄-၂)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တဲ့အတြက္ ရီးယဲလ္အသင္း အေျပာင္းအေရႊ႕ေစ်းကြက္ထဲကုိ မျဖစ္မေန၀င္ဖုိ႔ ဖိအားမ်ားလာခဲ့တယ္။

Florentino-Perez-and-C-Ronaldo

Florentino-Perez-and-C-Ronaldo

အခုေလာေလာဆယ္ ရီးယဲလ္မွာ လုိအပ္ေနတာက ကမၻာ႔အဆင့္ တိုက္စစ္ကစားသမားတစ္ဦးနဲ႔ ေနာက္ခံလူ တစ္ဦးပါပဲ။ ရီးယဲလ္နည္းျပသစ္ လုိပယ္တက္ဂီ Lopetegui ကေတာ့ တိုက္စစ္ထက္ ခံစစ္ပုိင္းကုိ ပုိၿပီး စုိးရိမ္ေနတယ္။ အသင္းေခါင္းေဆာင္ ၀ါရင့္ေနာက္ခံလူ ရာမုိ႔စ္ Ramos ရဲ႕ေျခစြမ္းက အက်ဘက္ကို ေရာက္လာခ်ိန္မွာ သူ႔ရဲ႕တဲြဖက္ကစားသမားေတြပါ တိုင္ပတ္ေတာ့တာပါပဲ။ အဲဒါကုိ အက္သလက္တီကုိနဲ႔ပဲြမွာ ထင္ထင္ရွားရွားႀကီးကို ေတြ႕လုိက္ရတယ္။

Diego-Costa-Strike-For-Goal

Diego-Costa-Strike-For-Goal

ပဲြအစ(၄၉)စကၠန္႔မွာ ေပးလုိက္ရတဲ့ဂုိးက ဒီေယဂုိေကာ္စတာ Diego Costa ကုိ ရာမုိ႔စ္ေရာ၊ ဗာရန္း Varane ပါ မထိန္းႏုိင္ခဲ့လုိ႔ ေပးခဲ့ရတာ။ ဒီေယဂုိေကာ္စတာရဲ႕ ေနာက္ထပ္ ေခ်ပဂုိးမွာလည္း ရီးယဲလ္ခံစစ္ အမွားမကင္းခဲ့ဘူး။ ေနာက္ျပႆနာတစ္ခုက ရီးယဲလ္ကစားသမားဘ၀ (၉)ႏွစ္တာကာလအတြင္း တစ္ရာသီကုိ ဂုိး(၅၀)ေလာက္သြင္းခဲ့တဲ့ စီေရာ္နယ္လ္ဒုိလုိ ကစားသမားေနရာမွာ ဘယ္သူနဲ႔အစားထုိးမလဲဆုိတာပါ။ ၿပီးခဲ့တဲ့ အက္သလက္တီကုိနဲ႔ပဲြမွာ ရီးယဲလ္အသင္းရဲ႕ တိုက္စစ္ကုိ ဂါရတ္ေဘးလ္ Gareth Bale နဲ႔ ဘန္ဇီမာ Benzema တို႔က ဦးေဆာင္ခဲ့ၿပီး ႏွစ္ေယာက္စလုံး အေကာင္းဆုံးကစားႏုိင္ခဲ့တယ္။ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္သာ ဒဏ္ရာရခဲ့ရင္ အစားထုိးမယ့္သူက ဘယ္သူလဲ။

Real-Madrid-Players-Disappoint

Real-Madrid-Players-Disappoint

အခုေလာေလာဆယ္ ပရီးမီးယားလိဂ္ကေတာ့ အေျပာင္းအေရႊ႕ေစ်းကြက္ ပိတ္သြားၿပီျဖစ္ေပမယ့္ လာလီဂါက ၾသဂုတ္(၃၁)ရက္မွ ကုန္ဆုံးမွာျဖစ္လုိ႔ ရီးယဲလ္အသင္း ကစားသမားသစ္ေခၚယူဖုိ႔ ျပင္ဆင္ခ်ိန္ရပါေသးတယ္။ ေအာင္ျမင္မႈေတြကုိ ဆက္လက္ ထိန္းသိမ္းထားခ်င္တယ္ဆုိရင္ေတာ့ ရီးယဲလ္အသင္း မျဖစ္မေန ကစားသမားသစ္ ေခၚယူအားျဖည့္ဖုိ႔ လုိေနၿပီလုိ႔ပဲ ဆုိရေတာ့မွာပါ . . .

REF:Daily Mail
Photo:The Mercury,Viralcast,Madridista News
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဥရောပစူပါဖလား ရှုံးပွဲက ကစားသမားသစ်ခေါ်ယူဖို့ ရီးယဲလ်အတွက် သတိပေးခေါင်းလောင်းသံလား

ဒီနွေရာသီဈေးကွက်အတွင်းမှာ အဓိက ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ကို လက်လွှတ်ခဲ့ရပေမယ့် ရီးယဲလ်အသင်းဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ် Florentino Perez က ကစားသမားသစ် ခေါ်ယူစရာ မလိုဘူးဆိုပြီး ခေါင်းမာခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ပီရက်ဇ်တစ်ယောက် သူ့ရဲ့ ခံယူချက်ကို ပြောင်းလဲဖို့ရှိနေပြီ။ ဥရောပစူပါဖလားပွဲမှာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို (၄-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ရီးယဲလ်အသင်း အပြောင်းအရွှေ့ဈေးကွက်ထဲကို မဖြစ်မနေဝင်ဖို့ ဖိအားများလာခဲ့တယ်။

Florentino-Perez-and-C-Ronaldo

Florentino-Perez-and-C-Ronaldo

အခုလောလောဆယ် ရီးယဲလ်မှာ လိုအပ်နေတာက ကမ္ဘာ့အဆင့် တိုက်စစ်ကစားသမားတစ်ဦးနဲ့ နောက်ခံလူ တစ်ဦးပါပဲ။ ရီးယဲလ်နည်းပြသစ် လိုပယ်တက်ဂီ Lopetegui ကတော့ တိုက်စစ်ထက် ခံစစ်ပိုင်းကို ပိုပြီး စိုးရိမ်နေတယ်။ အသင်းခေါင်းဆောင် ဝါရင့်နောက်ခံလူ ရာမို့စ် Ramos ရဲ့ခြေစွမ်းက အကျဘက်ကို ရောက်လာချိန်မှာ သူ့ရဲ့တွဲဖက်ကစားသမားတွေပါ တိုင်ပတ်တော့တာပါပဲ။ အဲဒါကို အက်သလက်တီကိုနဲ့ပွဲမှာ ထင်ထင်ရှားရှားကြီးကို တွေ့လိုက်ရတယ်။

Diego-Costa-Strike-For-Goal

Diego-Costa-Strike-For-Goal

ပွဲအစ(၄၉)စက္ကန့်မှာ ပေးလိုက်ရတဲ့ဂိုးက ဒီယေဂိုကော်စတာ Diego Costa ကို ရာမို့စ်ရော၊ ဗာရန်း Varane ပါ မထိန်းနိုင်ခဲ့လို့ ပေးခဲ့ရတာ။ ဒီယေဂိုကော်စတာရဲ့ နောက်ထပ် ချေပဂိုးမှာလည်း ရီးယဲလ်ခံစစ် အမှားမကင်းခဲ့ဘူး။ နောက်ပြဿနာတစ်ခုက ရီးယဲလ်ကစားသမားဘ၀ (၉)နှစ်တာကာလအတွင်း တစ်ရာသီကို ဂိုး(၅၀)လောက်သွင်းခဲ့တဲ့ စီရော်နယ်လ်ဒိုလို ကစားသမားနေရာမှာ ဘယ်သူနဲ့အစားထိုးမလဲဆိုတာပါ။ ပြီးခဲ့တဲ့ အက်သလက်တီကိုနဲ့ပွဲမှာ ရီးယဲလ်အသင်းရဲ့ တိုက်စစ်ကို ဂါရတ်ဘေးလ် Gareth Bale နဲ့ ဘန်ဇီမာ Benzema တို့က ဦးဆောင်ခဲ့ပြီး နှစ်ယောက်စလုံး အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ထဲက တစ်ယောက်သာ ဒဏ်ရာရခဲ့ရင် အစားထိုးမယ့်သူက ဘယ်သူလဲ။

Real-Madrid-Players-Disappoint

Real-Madrid-Players-Disappoint

အခုလောလောဆယ် ပရီးမီးယားလိဂ်ကတော့ အပြောင်းအရွှေ့ဈေးကွက် ပိတ်သွားပြီဖြစ်ပေမယ့် လာလီဂါက သြဂုတ်(၃၁)ရက်မှ ကုန်ဆုံးမှာဖြစ်လို့ ရီးယဲလ်အသင်း ကစားသမားသစ်ခေါ်ယူဖို့ ပြင်ဆင်ချိန်ရပါသေးတယ်။ အောင်မြင်မှုတွေကို ဆက်လက် ထိန်းသိမ်းထားချင်တယ်ဆိုရင်တော့ ရီးယဲလ်အသင်း မဖြစ်မနေ ကစားသမားသစ် ခေါ်ယူအားဖြည့်ဖို့ လိုနေပြီလို့ပဲ ဆိုရတော့မှာပါ . . .

REF:Daily Mail
Photo:The Mercury,Viralcast,Madridista News
Naing Linn(Akhayar)
www.akhayar.com