[Zawgyi]

ခ်ယ္လ္ဆီးနည္းျပေဟာင္း ကြန္တီ Antonio Conte ကုိ ပစ္မွတ္ထားေနတဲ့ ရီးယဲလ္

ဒီရာသီမွာ ရလဒ္ေတြ ဆုိးရြားေနတ့ဲ ရီးယဲလ္အသင္းဟာ သူတို႔အသင္းရဲ႕ နည္းျပလုိပယ္တက္ဂီ Julen Lopetegui ေနရာမွာ အစားထုိးဖုိ႔အတြက္ ခ်ယ္လ္ဆီးနည္းျပေဟာင္း အန္တိုနီယုိကြန္တီ Antonio Conte ကုိ ပစ္မွတ္ထားေနတယ္လုိ႔ သတင္းေတြထြက္ေပၚေနတယ္။ ရီးယဲလ္အသင္းဟာ ဒီရာသီ လာလီဂါ(၈)ပဲြ ကစားၿပီးခ်ိန္မွာ အဆင့္(၄)ေနရာအထိ က်ဆင္းသြားၿပီး ေနာက္ဆုံ(၄)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ေနသလုိ အဲဒီပဲြေတြမွာလည္း ဂုိးမသြင္းႏုိင္ခဲ့တဲ့အတြက္ (၃၅)ႏစ္အတြင္း အဆုိးရြားဆုံး ဂုိးေပါက္ေပ်ာက္ဆုံးမႈနဲ႔ ရင္ဆုိင္ေနရတယ္။

Julen-Lopetegui

Julen-Lopetegui

ဒါေၾကာင့္ ရီးယဲလ္အသင္း တာ၀န္ရွိသူေတြက လုိပယ္တက္ဂီရဲ႕ စြမ္းေဆာင္ရည္ကုိ အားမရျဖစ္ေနၿပီး ေရွ႕လာမယ့္ (၃)ပဲြမွာသာ ရလဒ္မေကာင္းခဲ့ရင္ နည္းျပအေျပာင္းအလဲလုပ္ဖုိ႔ စဥ္းစားေနပါၿပီ။ ရီးယဲလ္အသင္းရဲ႕ ပစ္မွတ္ထဲမွာ ခ်ယ္လ္ဆီးနည္းျပေဟာင္း ကြန္တီက ထိပ္ဆုံးက ပါ၀င္ေနၿပီး ကြန္တီဟာလည္း ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ခ်ယ္လ္ဆီးနဲ႔ လမ္းခဲြခဲ့ၿပီးတဲ့ေနာက္ အသင္းလက္မဲ့ျဖစ္ေနသူပါ။ ကြန္တီဟာ ဂ်ဴဗင္တပ္စ္၊ ခ်ယ္လ္ဆီးအသင္းတို႔ကုိ ဆုဖလားေအာင္ျမင္မႈ ရေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီး ရီးယဲလ္အသင္းက ကြန္တီကုိ ကနဦးေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လုိ႔လည္း အီတလီမီဒီယာေတြက ေဖာ္ျပေနၾကတယ္။ ရီးယဲလ္အသင္းဟာ အခုတစ္ပတ္မွာ လီဗန္ေတး၊ ၿပီးရင္ ဗစ္တိုးရီးယားပါလ္ဇန္နဲ႔ ခ်န္ပီယံလိဂ္၊ အဲဒီႏွစ္ပဲြၿပီးရင္ေတာ့ ဘာစီလုိနာနဲ႔ El Clasico ပဲြႀကီးပဲြေကာင္း ဆင္ႏဲႊရမွာျဖစ္ၿပီး လုိပယ္တက္ဂီအေနနဲ႔ ရီးယဲလ္နည္းျပရာထူးမွာ ဆက္ရွိေနခ်င္တယ္ဆုိရင္ေတာ့ အမွားလုပ္လုိ႔ မရေတာ့ပါဘူး။

REF:Daily Mail
Photo:Chelsea Season,AS English
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီ Antonio Conte ကို ပစ်မှတ်ထားနေတဲ့ ရီးယဲလ်

ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ရီးယဲလ်အသင်းဟာ သူတို့အသင်းရဲ့ နည်းပြလိုပယ်တက်ဂီ Julen Lopetegui နေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီးနည်းပြဟောင်း အန်တိုနီယိုကွန်တီ Antonio Conte ကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတယ်။ ရီးယဲလ်အသင်းဟာ ဒီရာသီ လာလီဂါ(၈)ပွဲ ကစားပြီးချိန်မှာ အဆင့်(၄)နေရာအထိ ကျဆင်းသွားပြီး နောက်ဆုံ(၄)ပွဲဆက် နိုင်ပွဲပျောက်နေသလို အဲဒီပွဲတွေမှာလည်း ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် (၃၅)နစ်အတွင်း အဆိုးရွားဆုံး ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရတယ်။

Julen-Lopetegui

Julen-Lopetegui

ဒါကြောင့် ရီးယဲလ်အသင်း တာဝန်ရှိသူတွေက လိုပယ်တက်ဂီရဲ့ စွမ်းဆောင်ရည်ကို အားမရဖြစ်နေပြီး ရှေ့လာမယ့် (၃)ပွဲမှာသာ ရလဒ်မကောင်းခဲ့ရင် နည်းပြအပြောင်းအလဲလုပ်ဖို့ စဉ်းစားနေပါပြီ။ ရီးယဲလ်အသင်းရဲ့ ပစ်မှတ်ထဲမှာ ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီက ထိပ်ဆုံးက ပါဝင်နေပြီး ကွန်တီဟာလည်း ပြီးခဲ့တဲ့နွေရာသီတုန်းက ချယ်လ်ဆီးနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် အသင်းလက်မဲ့ဖြစ်နေသူပါ။ ကွန်တီဟာ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီးအသင်းတို့ကို ဆုဖလားအောင်မြင်မှု ရအောင် စွမ်းဆောင်ပေးခဲ့ပြီး ရီးယဲလ်အသင်းက ကွန်တီကို ကနဦးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း အီတလီမီဒီယာတွေက ဖော်ပြနေကြတယ်။ ရီးယဲလ်အသင်းဟာ အခုတစ်ပတ်မှာ လီဗန်တေး၊ ပြီးရင် ဗစ်တိုးရီးယားပါလ်ဇန်နဲ့ ချန်ပီယံလိဂ်၊ အဲဒီနှစ်ပွဲပြီးရင်တော့ ဘာစီလိုနာနဲ့ El Clasico ပွဲကြီးပွဲကောင်း ဆင်နွဲှရမှာဖြစ်ပြီး လိုပယ်တက်ဂီအနေနဲ့ ရီးယဲလ်နည်းပြရာထူးမှာ ဆက်ရှိနေချင်တယ်ဆိုရင်တော့ အမှားလုပ်လို့ မရတော့ပါဘူး။

REF:Daily Mail
Photo:Chelsea Season,AS English
Naing Linn(Akhayar)
www.akhayar.com