လာလီဂါထိပ်သီးကလပ် ရီးယဲလ်အသင်းဟာ ဥရောပရဲ့ တန်ဖိုးအရှိဆုံးကလပ်အဖြစ် ရပ်တည်ခဲ့ပြီး မန်ယူအသင်း (၃)နှစ်ဆက် လွှမ်းမိုးထားမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဥရောပဘောလုံးကလပ်အသင်း (၁၂၀)ကျော်ရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာအချက်အလက်တွေကို လေ့လာစောင့်ကြည့်ရေးအဖွဲ့ KPMG Football Benchmark က ၂၀၁၉ ခုနှစ်အတွက် ဥရောပမှာ တန်ဖိုးအရှိဆုံးကလပ်အသင်းစာရင်းကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ရီးယဲလ်အသင်းဟာ ၂၀၁၈-၁၉ ရာသီမှာ အဓိက ဆုဖလားမရခဲ့ပေမယ့် သူတို့အသင်းရဲ့ တန်ဖိုးက ပေါင်(၂.၉)ဘီလီယံရှိတာကြောင့် ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်အသင်းလိုပဲ ပြီးခဲ့တဲ့ရာသီမှာ ဆုဖလားအောင်မြင်မှု မရခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့တဲ့ မန်ယူအသင်းဟာ အသင်းတန်ဖိုးပါ ကျဆင်းခဲ့ပြီး ပေါင်(၂.၈၃)ဘီလီယံနဲ့ ထိပ်ဆုံးနေရာကို ရီးယဲလ်အသင်းဆီ လွှဲပြောင်းပေးခဲ့ရပါတယ်။ ရီးယဲလ်နဲ့ မန်ယူတို့ရဲ့နောက်မှာတော့ ဂျာမန်ပြည်တွင်းဖလား(၃)လုံး ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ပေါင်(၂.၄၃)ဘီလီယံနဲ့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ လာလီဂါထိပ်သီး ဘာစီလိုနာအသင်းဟာ အံ့အားသင့်စရာကောင်းလောက်အောင် ထိပ်ဆုံး(၃)သင်းစာရင်းမှာ မပါဝင်ခဲ့ဘဲ အဆင့်(၄)နေရာသာရခဲ့ပြီး အဆင့်ကျရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ဒီရာသီမှာ ဥရောပအောင်မြင်မှု မရခဲ့တာကြောင့်လည်း ပါဝင်ပါတယ်။

ဥရောပရဲ့ တန်ဖိုးအရှိဆုံးကလပ်ထိပ်ဆုံး(၁၀)သင်းစာရင်းမှာ ပရီးမီးယားလိဂ်ကလပ် အများစုပါဝင်ခဲ့ပြီး မန်ယူအပြင် မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ စပါးအသင်းတို့ ပါဝင်ခဲ့ကြတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့တဲ့ စပါးအသင်းရဲ့ ဘဏ္ဍာရေးအနေအထားက အရင်နှစ်တွေကထက် မြင့်တက်လာခဲ့ပြီး ပေါင်(၁.၅)ဘီလီယံအထိ ရှိခဲ့တာပါ။ အခုစာရင်းဟာ ၂၀၁၉၊ ဇန်န၀ါရီလ(၁)ရက်အထိ နောက်ဆုံးထားပြီး ဥရောပထိပ်သီးကလပ်(၃၂)သင်းရဲ့ ကဏ္ဍအသီးသီးမှာ ရရှိခဲ့တဲ့ ဘဏ္ဍာရေးအခြေအနေကို ထည့်သွင်းတွက်ချက်ထားတာလည်းဖြစ်ပါတယ်။

TOP 10 WORLD’S MOST VALUABLE CLUBS
1) Real Madrid – £2.9billion

2) Manchester United – £2.83billion

3) Bayern Munchen – £2.43billion

4) Barcelona – £2.41billion

5) Manchester City – £2.2billion

6) Chelsea – £2billion

7) Liverpool – £1.9billion

8) Arsenal – £1.8billion

9) Tottenham Hotspur – £1.5billion

10) Juventus – £1.3billion

REF:Daily Mail
Photo:AS,FOX Sports Asia,AFP
Naing Linn(Akhayar)
www.akhayar.com