[Zawgyi]

စပိန္အသင္းေတြ ဆက္လက္ႀကီးစိုးႏိုင္ခဲ့တဲ့ ဥေရာပကလပ္အသင္း အဆင့္သတ္မွတ္ခ်က္

UEFA က ႏွစ္စဥ္ထုတ္ျပန္ေနၾကျဖစ္တဲ့ ဥေရာပကလပ္အသင္း အဆင့္သတ္မွတ္ခ်က္မွာ စပိန္ကလပ္အသင္းအမ်ားစု ဆက္လက္ႀကီးစိုးႏိုင္ခဲ့ပါတယ္။ ဥေရာပကလပ္အသင္းေတြကို အဆင့္သတ္မွတ္ရာမွာ ေနာက္ဆံုး (၅)ႏွစ္အတြင္း ကစားခဲ့တဲ့ ဥေရာပၿပိဳင္ပြဲ ရလဒ္ေတြကို ထည့္သြင္း တြက္ခ်က္တာျဖစ္ၿပီး အဓိက ကလပ္အသင္းၿပိဳင္ပြဲေတြကို ႀကီးစိုးထားတဲ့ စပိန္ကလပ္ေတြကပဲ ထိပ္ဆံုး (၆)ေနရာမွာ (၄)ေနရာအထိကို ရယူထားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဖလားကို (၃)ႀကိမ္ဆက္ ရယူႏိုင္ခဲ့တဲ့ ရီးယဲလ္အသင္းက အဆင့္ (၁)ေနရာကို ေနာက္ဆံုး (၅)ႏွစ္ဆက္ ရယူႏိုင္ခဲ့ၿပီး ယူရိုပါလိဂ္ခ်န္ပီယံ အက္သလက္တီကိုအသင္းက အဆင့္ (၂)ေနရာကို ရယူႏိုင္ခဲ့ပါတယ္။ ရီးယဲလ္အသင္းဟာ ဥေရာပကလပ္အသင္း အဆင့္သတ္မွတ္ခ်က္မွာ ထိပ္ဆံုးေနရာကို ေနာက္ဆံုး (၅)ႏွစ္ဆက္တိုက္ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ေနာက္ဆံုး (၅)ႏွစ္အတြင္း ကစားခဲ့တဲ့ ဥေရာပၿပိဳင္ပြဲ ရလဒ္ေတြကို ထည့္သြင္းတြက္ခ်က္တာျဖစ္လို႔ အခုႏွစ္ ေဘာလံုးရာသီမွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တဲ့ လီဗာပူးလ္အသင္းကေတာ့ အဆင့္ (၂၂) ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

THE-CLUB-RATING-OF-UEFA

THE-CLUB-RATING-OF-UEFA

ဘြန္ဒစ္လီဂါခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းကေတာ့ ျပည္တြင္းဖလား (၂)လံုးခ်န္ပီယံအသင္းေတြျဖစ္တဲ့ လာလီဂါခ်န္ပီယံ ဘာစီလိုနာအသင္းနဲ႔ စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္စ္ အသင္းေတြကို ေက်ာ္ျဖတ္ၿပီး အဆင့္ (၃)ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ အဆင့္ (၆)ေနရာမွာလည္း လာလီဂါကလပ္ ဆီဗီလာအသင္းက ရပ္တည္ႏိုင္ခဲ့လို႔ ထိပ္ဆံုး (၆)ေနရာမွာ (၄)ေနရာအထိကို စပိန္ကလပ္အသင္းေတြက ရယူထားႏိုင္တာ ျဖစ္ပါတယ္။ ယူကရိန္းကလပ္ ရွက္တာဒိုးနတ္အသင္းက အဆင့္ (၁၄)ေနရာမွာ အံ့အားသင့္ဖြယ္ ရပ္တည္ႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ေဘာလံုးရာသီက အဆင့္ (၁၂)ေနရာမွာ ရပ္တည္ခဲ့တဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းကေတာ့ ထိပ္ဆံုး (၁၀)သင္း စာရင္းကို ျပန္လည္ ဝင္ေရာက္လာခဲ့ၿပီး ျပင္သစ္လီဂူးကလပ္ PSG အသင္းရဲ႕ ေနာက္ အဆင့္ (၈)ေနရာမွာ ရပ္တည္ခဲ့ပါတယ္။ ဥေရာပ ထိပ္ဆံုး ကလပ္အသင္း (၁၀)သင္း စာရင္းမွာ ပရီးမီးယားလိဂ္က အသင္း (၂)သင္းသာ ဝင္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲကို (၂)ရာသီဆက္ လြဲေခ်ာ္မယ့္ အာဆင္နယ္အသင္းက အဆင့္  (၉)ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြျဖစ္တဲ့ မန္ယူအသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းေတြကေတာ့ အဆင့္ (၁၂)နဲ႔ အဆင့္ (၁၃)ေနရာေတြမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ႏိုင္ငံအလိုက္ လိဂ္ၿပိဳင္ပြဲ အဆင့္သတ္မွတ္ခ်က္မွာေတာ့ စပိန္က ထိပ္ဆံုးမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ၿပီး သူ႔ေနာက္မွာေတာ့ အဂၤလန္၊ အီတလီ၊ ဂ်ာမနီနဲ႔ ျပင္သစ္လိဂ္ၿပိဳင္ပြဲေတြက အစဥ္လိုက္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

REF:UEFA
Photo:Evening Standard, JOE.co.uk
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

စပိန်အသင်းတွေ ဆက်လက်ကြီးစိုးနိုင်ခဲ့တဲ့ ဥရောပကလပ်အသင်း အဆင့်သတ်မှတ်ချက်

UEFA က နှစ်စဉ်ထုတ်ပြန်နေကြဖြစ်တဲ့ ဥရောပကလပ်အသင်း အဆင့်သတ်မှတ်ချက်မှာ စပိန်ကလပ်အသင်းအများစု ဆက်လက်ကြီးစိုးနိုင်ခဲ့ပါတယ်။ ဥရောပကလပ်အသင်းတွေကို အဆင့်သတ်မှတ်ရာမှာ နောက်ဆုံး (၅)နှစ်အတွင်း ကစားခဲ့တဲ့ ဥရောပပြိုင်ပွဲ ရလဒ်တွေကို ထည့်သွင်း တွက်ချက်တာဖြစ်ပြီး အဓိက ကလပ်အသင်းပြိုင်ပွဲတွေကို ကြီးစိုးထားတဲ့ စပိန်ကလပ်တွေကပဲ ထိပ်ဆုံး (၆)နေရာမှာ (၄)နေရာအထိကို ရယူထားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်ဆက် ရယူနိုင်ခဲ့တဲ့ ရီးယဲလ်အသင်းက အဆင့် (၁)နေရာကို နောက်ဆုံး (၅)နှစ်ဆက် ရယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်ချန်ပီယံ အက်သလက်တီကိုအသင်းက အဆင့် (၂)နေရာကို ရယူနိုင်ခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ဥရောပကလပ်အသင်း အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာကို နောက်ဆုံး (၅)နှစ်ဆက်တိုက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး (၅)နှစ်အတွင်း ကစားခဲ့တဲ့ ဥရောပပြိုင်ပွဲ ရလဒ်တွေကို ထည့်သွင်းတွက်ချက်တာဖြစ်လို့ အခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ အဆင့် (၂၂) နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

THE-CLUB-RATING-OF-UEFA

THE-CLUB-RATING-OF-UEFA

ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကတော့ ပြည်တွင်းဖလား (၂)လုံးချန်ပီယံအသင်းတွေဖြစ်တဲ့ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းနဲ့ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ် အသင်းတွေကို ကျော်ဖြတ်ပြီး အဆင့် (၃)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဆင့် (၆)နေရာမှာလည်း လာလီဂါကလပ် ဆီဗီလာအသင်းက ရပ်တည်နိုင်ခဲ့လို့ ထိပ်ဆုံး (၆)နေရာမှာ (၄)နေရာအထိကို စပိန်ကလပ်အသင်းတွေက ရယူထားနိုင်တာ ဖြစ်ပါတယ်။ ယူကရိန်းကလပ် ရှက်တာဒိုးနတ်အသင်းက အဆင့် (၁၄)နေရာမှာ အံ့အားသင့်ဖွယ် ရပ်တည်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက အဆင့် (၁၂)နေရာမှာ ရပ်တည်ခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကတော့ ထိပ်ဆုံး (၁၀)သင်း စာရင်းကို ပြန်လည် ဝင်ရောက်လာခဲ့ပြီး ပြင်သစ်လီဂူးကလပ် PSG အသင်းရဲ့ နောက် အဆင့် (၈)နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဥရောပ ထိပ်ဆုံး ကလပ်အသင်း (၁၀)သင်း စာရင်းမှာ ပရီးမီးယားလိဂ်က အသင်း (၂)သင်းသာ ဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကို (၂)ရာသီဆက် လွဲချော်မယ့် အာဆင်နယ်အသင်းက အဆင့်  (၉)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတွေကတော့ အဆင့် (၁၂)နဲ့ အဆင့် (၁၃)နေရာတွေမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက် လိဂ်ပြိုင်ပွဲ အဆင့်သတ်မှတ်ချက်မှာတော့ စပိန်က ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး သူ့နောက်မှာတော့ အင်္ဂလန်၊ အီတလီ၊ ဂျာမနီနဲ့ ပြင်သစ်လိဂ်ပြိုင်ပွဲတွေက အစဉ်လိုက် ရပ်တည်နိုင်ခဲ့ပါတယ်။

REF:UEFA
Photo:Evening Standard, JOE.co.uk
Aung Kyaw Wai (Akhayar)
www.akhayar.com