[Zawgyi]

မက္ဆီ Messi ရဲ႕ ပရိသတ္တစ္ဦးျဖစ္တဲ့ ရီးယဲလ္ ယာယီနည္းျပ ဆုိလာရီ Santiago Solari

ၿပီးခဲ့တဲ့တစ္ပတ္က ကစားခဲ့တ့ဲ El Clasico ပဲြမွာ ရီးယဲလ္အသင္း အရွက္တကဲြ ႐ႈံးနိမ့္ခဲ့ၿပီးေနာက္မွာေတာ့ နညး္ျပလုိပယ္တက္ဂီ Julen Lopetegui ရာထူးက ထုတ္ပယ္ခံခဲ့ရၿပီး လူငယ္အသင္းကုိ ကုိင္တြယ္ေနတဲ့ ကစားသမားေဟာင္း စကုိလာရီ Santiago Solari ဟာ ယာယီနည္းျပျဖစ္လာခဲ့တယ္။ အသက္(၄၂)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဆုိလာရီဟာ ရီးယဲလ္အသင္းမွာ ၂၀၀၀ ကေန ၂၀၀၅ ခုႏွစ္အထိ ကစားခဲ့ဖူးၿပီး လာလီဂါ၊ ခ်န္ပီယံလိဂ္ဖလား အပါအ၀င္ အဓိက ဆုဖလားေတြ ရယူခဲ့တယ္။

Solari

Solari

ရီးယဲလ္အသင္းမွာ ကစားခ့ဲၿပီး ရီးယဲလ္အသင္းမွာပဲ နည္းျပဘ၀ စတင္ခဲ့သူ ဆုိလာရီဟာ သူတို႔ရဲ႕ အဓိက ၿပိဳင္ဘက္လုိ႔ ေျပာရမယ့္ ဘာစီလုိနာအသင္းက အာဂ်င္တီးနားနာမည္ေက်ာ္ တိုက္စစ္မွဴး မက္ဆီ Messi ရဲ႕ ပရိသတ္တစ္ဦးျဖစ္ေနတာက အံ့အားသင့္စရာပါပဲ။ တစ္ခါတုန္းက ESPN သတင္းဌာနန႔ဲ အင္တာဗ်ဴးမွာ မက္ဆီကုိ ရီးယဲလ္အသင္းအက်ႌနဲ႔ ကစားတာ ျမင္ေတြ႕လုိပါတယ္လုိ႔ ဖြင့္ဟေျပာဆုိခဲ့ဖူးတယ္။ ရီးယဲလ္လူငယ္အသင္းကုိ မကုိင္တြယ္ခင္ သတင္းစာတစ္ေစာင္မွာ အားကစားအေၾကာင္းေတြ ေရးသားခဲ့သူ ဆုိလာရီဟာ မက္ဆီကုိ ခ်ီးက်ဴးတဲ့ ေဆာင္းပါးတစ္ပုဒ္ ေရးသားခဲ့တယ္။

Messi

Messi

”ေဘာလုံးနဲ႔ မက္ဆီ ထိလုိက္တဲ့အခ်ိန္မွာ ကမၻာေျမႀကီးတစ္ခုလုံး တုန္လႈပ္သြားတာပါပဲ။ လူေတြ အကုန္လုံး ပါးစပ္အေဟာင္းသား၊ ၿပိဳင္ဘက္နည္းျပေတြဆုိရင္ ဘာမွ မတတ္ႏုိင္တဲ့ပုံစံ ေပါက္သြားခဲ့ရတယ္။ မုိးႀကိဳးပစ္တာကုိ ျမင္လုိက္ရတဲ့ လူတစ္ေယာက္ မုိးၿခိမ္းသံကုိ စိတ္မသက္မသာနဲ႔ ေစာင့္ေနရသလုိပါ။ စကၠန္႔ပုိင္းေလာက္အၾကာဆုိရင္ပဲ ဂုိး ဆုိတဲ့ အသံကုိ ကၽြန္ေတာ္တို႔ ၾကားရတာပါပဲ” လုိ႔ ေရးသားခဲ့တယ္။ စကုိလာရီဟာ ဗုဒၶဟူးေန႔တုန္းက စပိန္ဘုရင့္ဖလားပဲြျဖစ္တဲ့ Melilla နဲ႔ပဲြမွာ ရီးယဲလ္အသငး္ကုိ စတင္ကုိင္တြယ္ခဲ့ၿပီး (၄)ဂုိးျပတ္ အႏုိင္ရခဲ့လုိ႔ တာထြက္လွခဲ့တယ္လုိ႔ ဆုိရမွာပါ။

REF:.sportskeeda
Photo:YouTube,NBC Sports,sportsbe
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မက်ဆီ Messi ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ ရီးယဲလ် ယာယီနည်းပြ ဆိုလာရီ Santiago Solari

ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ El Clasico ပွဲမှာ ရီးယဲလ်အသင်း အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ နည်းပြလိုပယ်တက်ဂီ Julen Lopetegui ရာထူးက ထုတ်ပယ်ခံခဲ့ရပြီး လူငယ်အသင်းကို ကိုင်တွယ်နေတဲ့ ကစားသမားဟောင်း စကိုလာရီ Santiago Solari ဟာ ယာယီနည်းပြဖြစ်လာခဲ့တယ်။ အသက်(၄၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆိုလာရီဟာ ရီးယဲလ်အသင်းမှာ ၂၀၀၀ ကနေ ၂၀၀၅ ခုနှစ်အထိ ကစားခဲ့ဖူးပြီး လာလီဂါ၊ ချန်ပီယံလိဂ်ဖလား အပါအဝင် အဓိက ဆုဖလားတွေ ရယူခဲ့တယ်။

Solari

Solari

ရီးယဲလ်အသင်းမှာ ကစားခဲ့ပြီး ရီးယဲလ်အသင်းမှာပဲ နည်းပြဘ၀ စတင်ခဲ့သူ ဆိုလာရီဟာ သူတို့ရဲ့ အဓိက ပြိုင်ဘက်လို့ ပြောရမယ့် ဘာစီလိုနာအသင်းက အာဂျင်တီးနားနာမည်ကျော် တိုက်စစ်မှူး မက်ဆီ Messi ရဲ့ ပရိသတ်တစ်ဦးဖြစ်နေတာက အံ့အားသင့်စရာပါပဲ။ တစ်ခါတုန်းက ESPN သတင်းဌာနနဲ့ အင်တာဗျူးမှာ မက်ဆီကို ရီးယဲလ်အသင်းအင်္ကျီနဲ့ ကစားတာ မြင်တွေ့လိုပါတယ်လို့ ဖွင့်ဟပြောဆိုခဲ့ဖူးတယ်။ ရီးယဲလ်လူငယ်အသင်းကို မကိုင်တွယ်ခင် သတင်းစာတစ်စောင်မှာ အားကစားအကြောင်းတွေ ရေးသားခဲ့သူ ဆိုလာရီဟာ မက်ဆီကို ချီးကျူးတဲ့ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့တယ်။

Messi

Messi

”ဘောလုံးနဲ့ မက်ဆီ ထိလိုက်တဲ့အချိန်မှာ ကမ္ဘာမြေကြီးတစ်ခုလုံး တုန်လှုပ်သွားတာပါပဲ။ လူတွေ အကုန်လုံး ပါးစပ်အဟောင်းသား၊ ပြိုင်ဘက်နည်းပြတွေဆိုရင် ဘာမှ မတတ်နိုင်တဲ့ပုံစံ ပေါက်သွားခဲ့ရတယ်။ မိုးကြိုးပစ်တာကို မြင်လိုက်ရတဲ့ လူတစ်ယောက် မိုးခြိမ်းသံကို စိတ်မသက်မသာနဲ့ စောင့်နေရသလိုပါ။ စက္ကန့်ပိုင်းလောက်အကြာဆိုရင်ပဲ ဂိုး ဆိုတဲ့ အသံကို ကျွန်တော်တို့ ကြားရတာပါပဲ” လို့ ရေးသားခဲ့တယ်။ စကိုလာရီဟာ ဗုဒ္ဓဟူးနေ့တုန်းက စပိန်ဘုရင့်ဖလားပွဲဖြစ်တဲ့ Melilla နဲ့ပွဲမှာ ရီးယဲလ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး (၄)ဂိုးပြတ် အနိုင်ရခဲ့လို့ တာထွက်လှခဲ့တယ်လို့ ဆိုရမှာပါ။

REF:.sportskeeda
Photo:YouTube,NBC Sports,sportsbe
Naing Linn(Akhayar)
www.akhayar.com