[Zawgyi]

(၁၈)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ စံခ်ိန္တင္ ၀င္ေငြရရွိခ့ဲတဲ့ ရီးယဲလ္

လာလီဂါ ထိပ္သီး ရီးယဲလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ၀င္ေငြအျဖစ္ ယူ႐ုိ(၇၅၀.၉)သန္း ရရွိခဲ့ၿပီး ဒါဟာ ၂၀၀၀ ခုႏွစ္ေနာက္ပုိင္း ပထမဆုံးအႀကိမ္ စံခ်ိန္တင္ ၀င္ေငြပမာဏ ျဖစ္ခဲ့တယ္။ အဲဒီ ယူ႐ုိ(၇၅၀.၉)သန္းထဲမွာ ကစားသမား ေရာင္းခ်တာကေန ရရွိတဲ့ ၀င္ေငြကုိ မထည့္တြက္ရေသးပါဘူး။ ဒီပမာဏဟာ ၿပီးခဲ့တဲ့ ရာသီကထက္ (၁၁.၃) ရာခုိင္ႏႈန္း ၊ ေငြေၾကးအရ ေျပာရင္ေတာ့ ယူ႐ုိ(၇၆.၃)သန္း ပုိမ်ားခဲ့တာျဖစ္ၿပီး ၂၀၀၀ ခုႏွစ္တုန္းက ရခဲ့တဲ့ စံခ်ိန္တင္ ၀င္ေငြပမာဏနဲ႔ အတူတူပါပဲ။

Champions-League-Winner-Real-Madrid

Champions-League-Winner-Real-Madrid

ရီးယဲလ္အသငး္အေနနဲ႔ အသားတင္ အျမတ္ေငြအျဖစ္ ယူ႐ုိ(၃၁.၂)သန္း ရရွိခဲ့ၿပီး ၂၀၁၇-၁၈ ရာသီက ခ်န္ပီယံလိဂ္ဖလားကုိ (၃)ႀကိမ္ဆက္ရယူႏုိင္ခဲ့တာေၾကာင့္ ကြင္းတြင္း၊ ကြင္းျပင္မွာ ေအာင္ျမင္ခဲ့တယ္လုိ႔ ဆုိရမွာပါ။ ရီးယဲလ္အသငး္ဟာ ဒီရာသီမွာ အဓိက တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ကုိ ဂ်ဴဗင္တပ္စ္အသင္းဆီ ယူ႐ုိသန္း(၁၀၀)နဲ႔ ေရာင္းခ်ခဲ့သလုိ အဲဒီမတိုင္ခင္ နည္းျပဇီဒန္း Zidane နဲ႔လည္း လမး္ခဲြခဲ့တယ္။ ဒီေႏြရာသီမွာ မာရီယာႏုိ Mariano ၊ ေကာ္တုိအာ Courtois ၊ ေအာ္ဒီရီယုိဇုိလာ Odriozola စတဲ့ကစားသမားေတြ အပါအ၀င္ ကစားသမားသစ္ေခၚယူမႈအတြက္ ယူ႐ုိသန္း(၁၀၀)ေက်ာ္ အသုံးျပဳခဲ့ၿပီး ရာသီသစ္ကုိ စတင္ခဲ့ပါတယ္။ ကမၻာ႔အဆင့္ ကစားသမားေတြကုိ အရင္လုိ ေငြကုန္ခံၿပီး မေခၚလုိ႔ ေ၀ဖန္ခံေနရတဲ့ ရီးယဲလ္အသငး္ အခုေလာေလာဆယ္ နည္းျပသစ္ လုိပယ္တက္ဂီ Lopetegui လက္ထက္မွာ ရလဒ္ေကာင္းေတြ ရယူေနၿပီး ေ၀ဖန္မႈေတြကုိ ေခ်ဖ်က္ျပေနၿပီျဖစ္ပါတယ္။

REF:Marca
Photo:Daily Herald,standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

(၁၈)နှစ်အတွင်း ပထမဆုံးအကြိမ် စံချိန်တင် ဝင်ငွေရရှိခဲ့တဲ့ ရီးယဲလ်

လာလီဂါ ထိပ်သီး ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဝင်ငွေအဖြစ် ယူရို(၇၅၀.၉)သန်း ရရှိခဲ့ပြီး ဒါဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စံချိန်တင် ဝင်ငွေပမာဏ ဖြစ်ခဲ့တယ်။ အဲဒီ ယူရို(၇၅၀.၉)သန်းထဲမှာ ကစားသမား ရောင်းချတာကနေ ရရှိတဲ့ ဝင်ငွေကို မထည့်တွက်ရသေးပါဘူး။ ဒီပမာဏဟာ ပြီးခဲ့တဲ့ ရာသီကထက် (၁၁.၃) ရာခိုင်နှုန်း ၊ ငွေကြေးအရ ပြောရင်တော့ ယူရို(၇၆.၃)သန်း ပိုများခဲ့တာဖြစ်ပြီး ၂၀၀၀ ခုနှစ်တုန်းက ရခဲ့တဲ့ စံချိန်တင် ဝင်ငွေပမာဏနဲ့ အတူတူပါပဲ။

Champions-League-Winner-Real-Madrid

Champions-League-Winner-Real-Madrid

ရီးယဲလ်အသင်းအနေနဲ့ အသားတင် အမြတ်ငွေအဖြစ် ယူရို(၃၁.၂)သန်း ရရှိခဲ့ပြီး ၂၀၁၇-၁၈ ရာသီက ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်ဆက်ရယူနိုင်ခဲ့တာကြောင့် ကွင်းတွင်း၊ ကွင်းပြင်မှာ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ ရီးယဲလ်အသင်းဟာ ဒီရာသီမှာ အဓိက တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ကို ဂျူဗင်တပ်စ်အသင်းဆီ ယူရိုသန်း(၁၀၀)နဲ့ ရောင်းချခဲ့သလို အဲဒီမတိုင်ခင် နည်းပြဇီဒန်း Zidane နဲ့လည်း လမ်းခွဲခဲ့တယ်။ ဒီနွေရာသီမှာ မာရီယာနို Mariano ၊ ကော်တိုအာ Courtois ၊ အော်ဒီရီယိုဇိုလာ Odriozola စတဲ့ကစားသမားတွေ အပါအဝင် ကစားသမားသစ်ခေါ်ယူမှုအတွက် ယူရိုသန်း(၁၀၀)ကျော် အသုံးပြုခဲ့ပြီး ရာသီသစ်ကို စတင်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ကစားသမားတွေကို အရင်လို ငွေကုန်ခံပြီး မခေါ်လို့ ဝေဖန်ခံနေရတဲ့ ရီးယဲလ်အသင်း အခုလောလောဆယ် နည်းပြသစ် လိုပယ်တက်ဂီ Lopetegui လက်ထက်မှာ ရလဒ်ကောင်းတွေ ရယူနေပြီး ဝေဖန်မှုတွေကို ချေဖျက်ပြနေပြီဖြစ်ပါတယ်။

REF:Marca
Photo:Daily Herald,standard
Naing Linn(Akhayar)
www.akhayar.com