[Zawgyi]

လီဗာပူးလ္နဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြမွာ စီေရာ္နယ္လ္ဒုိ C.Ronaldo ပါ၀င္ႏုိင္မယ္

ရီးယဲလ္အသင္းနည္းျပ ဇီဒန္း Zidane က ဘာစီလုိနာနဲ႔ကစားခဲ့တဲ့ El Clásico ပဲြမွာ ေျခခ်င္း၀တ္ ဒဏ္ရာေၾကာင့္ စီေရာ္နယ္လ္ဒုိ C.Ronaldo ကုိ လူစားလဲခဲ့တာျဖစ္တယ္လုိ႔ ဖြင့္ဟေျပာဆုိခဲ့ေပမယ့္ အဲဒီ ဒဏ္ရာက လီဗာပူးလ္နဲ႔ကစားမယ့္ ဗုိလ္လုပဲြကုိ လဲြေခ်ာ္ေလာက္တဲ့အထိ စုိးရိမ္စရာမရွိဘူးလုိ႔ ဆုိခဲ့တယ္။ စီေရာ္နယ္လ္ဒုိ ဟာ ဘာစီလုိနာနဲ႔ပဲြမွာ ရီးယဲလ္အသငး္အတြက္ ပထမေခ်ပဂုိးကုိ သြင္းယူခဲ့ရာမွာ ၿပိဳင္ဘက္ေနာက္ခံလူ ပီေကး Pique နဲ႔ ထိခိုက္မိခဲ့တာေၾကာင့္ ေျခခ်င္း၀တ္ဒဏ္ရာရရွိခဲ့တာပါ။

Ronaldo-will-have-a-scan-on-his-ankle-on-onday-to-discover-the-extent-of-the-injury

Ronaldo-will-have-a-scan-on-his-ankle-on-onday-to-discover-the-extent-of-the-injury

ဇီဒန္းဟာ ပထမပိုင္းအၿပီးမွာ စီေရာ္နယ္လ္ဒုိကုိ အဆန္စီယုိ Asensio နဲ႔ လူစားလဲခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒုိရဲ႕ ဒဏ္ရာျပင္းထန္မွာကုိ ရီးယဲလ္ပရိသတ္ေတြက စုိးရိမ္ေနၾကတာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဇီဒန္းက “အခုေလာေလာဆယ္ေတာ့ စီေရာ္နယ္လ္ဒုိရဲ႕ ဒဏ္ရာက ျပန္မေကာင္းေသးပါဘူး။ ဒါေပမဲ့ သူ႔ရဲ႕ဒဏ္ရာက အေသးစားပဲျဖစ္ပါလိမ့္မယ္။ သူ ဘယ္ေလာက္အနားယူရမလဲဆုိတာ ကၽြန္ေတာ္ မသိေသးဘဲ ဒီေန႔(တနလၤာ)မွာ စီေရာ္နယ္လ္ဒုိရဲ႕ ဒဏ္ရာကုိ Scan နဲ႔ စမ္းသပ္စစ္ေဆးသြားမွာပါ။ လာမယ့္ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြက်ရင္ စီေရာ္နယ္လ္ဒုိ မပါႏုိင္မွာကုိ မစုိးရိမ္ၾကပါနဲ႔”ဆုိၿပီး ေျပာၾကားခဲ့ပါတယ္။ အသက္(၃၃)ႏွစ္အရြယ္ရွိေန ၿပီျဖစ္ေပမယ့္လည္း စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္အသင္း တိုက္စစ္အတြက္ အဓိက ကစားသမားအျဖစ္ ပါ၀င္ ေနဆဲျဖစ္ၿပီး ဒီရာသီ လာလီဂါမွာ (၂၅)ဂုိးသြင္းယူထားသလုိ ၿပိဳင္ပဲြစုံမွာေတာ့ (၄၃)ဂုိးအထိ သြင္းထားပါတယ္။ ရီးယဲလ္အသင္းဟာ အခု ေမလ(၂၆)ရက္မွာ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြအျဖစ္ လီဗာပူးလ္အသင္းနဲ႔ ကိဗ္ၿမိဳ႕မွာ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ဒီႏွစ္သင္းဟာ ၁၉၈၀- ၈၁ ရာသီတုန္းက ဥေရာပဖလားဗုိလ္လုပဲြအျဖစ္ ဆုံေတြ႕ခဲ့ဖူးၿပီး လီဗာပူးလ္အသင္းက (၁-၀)ဂုိးနဲ႔ အႏုိင္ရဗုိလ္စဲြခဲ့ပါတယ္။

REF:Daily Mail,BBC
Photo:Yahoo,Starposts.com
Naing Linn (Akhayar)
www.akhayar.com

[Unicode]

လီဗာပူးလ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စီရော်နယ်လ်ဒို C.Ronaldo ပါဝင်နိုင်မယ်

ရီးယဲလ်အသင်းနည်းပြ ဇီဒန်း Zidane က ဘာစီလိုနာနဲ့ကစားခဲ့တဲ့ El Clásico ပွဲမှာ ခြေချင်းဝတ် ဒဏ်ရာကြောင့် စီရော်နယ်လ်ဒို C.Ronaldo ကို လူစားလဲခဲ့တာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပေမယ့် အဲဒီ ဒဏ်ရာက လီဗာပူးလ်နဲ့ကစားမယ့် ဗိုလ်လုပွဲကို လွဲချော်လောက်တဲ့အထိ စိုးရိမ်စရာမရှိဘူးလို့ ဆိုခဲ့တယ်။ စီရော်နယ်လ်ဒို ဟာ ဘာစီလိုနာနဲ့ပွဲမှာ ရီးယဲလ်အသင်းအတွက် ပထမချေပဂိုးကို သွင်းယူခဲ့ရာမှာ ပြိုင်ဘက်နောက်ခံလူ ပီကေး Pique နဲ့ ထိခိုက်မိခဲ့တာကြောင့် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာပါ။

Ronaldo-will-have-a-scan-on-his-ankle-on-onday-to-discover-the-extent-of-the-injury

Ronaldo-will-have-a-scan-on-his-ankle-on-onday-to-discover-the-extent-of-the-injury

ဇီဒန်းဟာ ပထမပိုင်းအပြီးမှာ စီရော်နယ်လ်ဒိုကို အဆန်စီယို Asensio နဲ့ လူစားလဲခဲ့တာကြောင့် စီရော်နယ်လ်ဒိုရဲ့ ဒဏ်ရာပြင်းထန်မှာကို ရီးယဲလ်ပရိသတ်တွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဇီဒန်းက “အခုလောလောဆယ်တော့ စီရော်နယ်လ်ဒိုရဲ့ ဒဏ်ရာက ပြန်မကောင်းသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ဒဏ်ရာက အသေးစားပဲဖြစ်ပါလိမ့်မယ်။ သူ ဘယ်လောက်အနားယူရမလဲဆိုတာ ကျွန်တော် မသိသေးဘဲ ဒီနေ့(တနင်္လာ)မှာ စီရော်နယ်လ်ဒိုရဲ့ ဒဏ်ရာကို Scan နဲ့ စမ်းသပ်စစ်ဆေးသွားမှာပါ။ လာမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကျရင် စီရော်နယ်လ်ဒို မပါနိုင်မှာကို မစိုးရိမ်ကြပါနဲ့”ဆိုပြီး ပြောကြားခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိနေ ပြီဖြစ်ပေမယ့်လည်း စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်း တိုက်စစ်အတွက် အဓိက ကစားသမားအဖြစ် ပါဝင် နေဆဲဖြစ်ပြီး ဒီရာသီ လာလီဂါမှာ (၂၅)ဂိုးသွင်းယူထားသလို ပြိုင်ပွဲစုံမှာတော့ (၄၃)ဂိုးအထိ သွင်းထားပါတယ်။ ရီးယဲလ်အသင်းဟာ အခု မေလ(၂၆)ရက်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် လီဗာပူးလ်အသင်းနဲ့ ကိဗ်မြို့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီနှစ်သင်းဟာ ၁၉၈၀- ၈၁ ရာသီတုန်းက ဥရောပဖလားဗိုလ်လုပွဲအဖြစ် ဆုံတွေ့ခဲ့ဖူးပြီး လီဗာပူးလ်အသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

REF:Daily Mail,BBC
Photo:Yahoo,Starposts.com
Naing Linn (Akhayar)
www.akhayar.com