[Zawgyi]

နည္းျပသစ္အတြက္ လ်ာထားစာရင္းမွာ ဘုိအက္ရွ္ Boas ကုိ အံ့အားသင့္ဖုိ႔ေကာင္းေလာက္ေအာင္ ထည့္သြင္းထားတဲ့ ရီးယဲလ္

လာလီဂါထိပ္သီးကလပ္ ရီးယဲလ္အသင္းဟာ သူတို႔နဲ႔လမ္းခဲြခဲ့တဲ့ ဇီဒန္း Zidane ေနရာမွာအစားထုိးဖုိ႔အတြက္ လ်ာထားတဲ့ နည္းျပစာရငး္မွာ ခ်ယ္လ္ဆီးနဲ႔ စပါးအသင္းနည္းျပေဟာင္း အန္ဒေရဗီလာဘုိအက္ရွ္ Andre Villas-Boas ကုိ အံ့အားသင့္စရာ ထည့္သြင္းထားတယ္လုိ႔ စပိန္မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။ အသက္(၄၀)ႏွစ္အရြယ္သာရွိေသးတဲ့ ေပၚတူဂီလူမ်ိဳးနည္းျပ ဘုိအက္ရွ္ဟာ ေပၚတိုအသင္းနဲ႔အတူ ေအာင္ျမင္မႈေတြရယူခဲ့ၿပီး “ေမာ္ရင္ဟုိ Mourinho လက္သစ္”လုိ႔ တင္စားခံခဲ့ရေပမယ့္ ခ်ယ္လ္ဆီး၊ စပါးအသင္းတို႔မွာ ႐ုန္းကန္ခဲ့ရၿပီး ရာထူးက ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ပုိင္း သူ႔ရဲ႕နာမည္ကလည္း ေဘာလုံးေလာကမွာ တျဖည္းျဖည္း ေမွးမိွန္ေပ်ာက္ကြယ္သြားခဲ့တယ္။

Andre-Villas-Boas

Andre-Villas-Boas

ဘုိအက္ရွ္ဟာ ဇင္းနစ္၊ တ႐ုတ္စူပါလိဂ္ကလပ္ ရွန္ဟုိင္း SIPG အသင္းတို႔ကုိလည္း ကုိင္တြယ္ခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္၊ ႏုိ၀င္ဘာလက ရွန္ဟုိင္းနဲ႔ လမ္းခဲြခဲ့ၿပီးကတည္းက နည္းျပေလာကကေန ေခတၱအနားယူေနသူလည္းျဖစ္ပါတယ္။ ရီးယဲလ္အသင္းက လီဗာပူးလ္နည္းျပယာဂန္ကေလာ့ပ္ Jurgen Klopp၊ စပါးအသင္းနည္းျပ ပုိခ်က္တီႏုိ Pochettino ကုိ ေခၚယူဖုိ႔ စိတ္၀င္စားခဲ့ေပမယ့္လည္း ႏွစ္ဦးစလုံးက ကုိယ့္အသငး္မွာပဲ ဆက္လက္ကုိင္တြယ္ဖုိ႔ ဆႏၵရွိေနၾကတယ္။ ဘုိအက္ရွ္အေနနဲ႔ အရည္အေသြးရွိတဲ့ လူငယ္နည္းျပထဲမွာ တစ္ဦးအပါအ၀င္ျဖစ္ေပမယ့္ နည္းျပေလာကနဲ႔ လအေတာ္ၾကာ ေ၀းကြာေနတဲ့အျပင္ သူ႔ရဲ႕ Career Record ကုိ ၾကည့္ရင္လည္း ေပၚတိုအသင္းနဲ႔လြဲၿပီး က်န္တဲ့အသင္းေတြမွာ ထင္ရွားတဲ့ေအာင္ျမင္မႈ မရခဲ့ဖူးတာေၾကာင့္ ဘုိအက္ရွ္ကုိ နည္းျပသစ္လ်ာထားစာရင္းထဲမွာ ထည့္သြင္းခဲ့တဲ့ ရီးယဲလ္အသင္းရဲ႕အစီအစဥ္ကေတာ့ တကယ့္ကုိ အံ့ၾသစရာပါပဲ။

Boas-and-Gareth-Bale

Boas-and-Gareth-Bale

ဒါေပမဲ့ စပိန္မီဒီယာတစ္ခုျဖစ္တ့ဲ RMC က ဘုိအက္ရွ္နဲ႔ဂါရတ္ေဘးလ္ Gareth Bale ၾကားက ဆက္ဆံေရးအေျခအေနေၾကာင့္ သူ႔ကုိ ရီးယဲလ္အသငး္က စိတ္၀င္စားေနတာျဖစ္ႏုိင္တယ္လုိ႔ ခန္႔မွန္းခဲ့တယ္။ စပါးအသင္းကုိ ဘုိအက္ရွ္ စကုိင္တဲ့ ၂၀၁၂-၁၃ ရာသီတုနး္က သူ႔ရဲ႕လက္ထက္မွာ ဂါရတ္ေဘးလ္ရဲ႕ ေျခစြမ္းက အေကာင္းဆုံးအေနအထားျဖစ္ခဲ့ၿပီး ျပည္တြင္းအေကာင္းဆုံးကစားသမားဆုေတြ ရယူခဲ့တဲ့အျပင္ ရာသီကုန္မွာ ရီးယဲလ္အသင္းကုိ အဲဒီအခ်ိန္က ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

ဘုိအက္ရွ္ရဲ႕ နည္းျပဘ၀မွတ္တမ္း/ေအာင္ျမင္မႈ

2009–2010 Académica
2010–2011 Porto
2011–2012 Chelsea
2012–2013 Tottenham Hotspur
2014–2016 Zenit Saint Petersburg
2016–2017 Shanghai SIPG

Porto
Primeira Liga: 2010–11
Taça de Portugal: 2010–11
Supertaça Cândido de Oliveira: 2010
UEFA Europa League: 2010–11

Zenit Saint Petersburg
Russian Premier League: 2014–15
Russian Cup: 2015–16
Russian Super Cup: 2015

REF:The Sun
Photo:Metro,CNN,WordPress
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နည်းပြသစ်အတွက် လျာထားစာရင်းမှာ ဘိုအက်ရှ် Boas ကို အံ့အားသင့်ဖို့ကောင်းလောက်အောင် ထည့်သွင်းထားတဲ့ ရီးယဲလ်

လာလီဂါထိပ်သီးကလပ် ရီးယဲလ်အသင်းဟာ သူတို့နဲ့လမ်းခွဲခဲ့တဲ့ ဇီဒန်း Zidane နေရာမှာအစားထိုးဖို့အတွက် လျာထားတဲ့ နည်းပြစာရင်းမှာ ချယ်လ်ဆီးနဲ့ စပါးအသင်းနည်းပြဟောင်း အန်ဒရေဗီလာဘိုအက်ရှ် Andre Villas-Boas ကို အံ့အားသင့်စရာ ထည့်သွင်းထားတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အသက်(၄၀)နှစ်အရွယ်သာရှိသေးတဲ့ ပေါ်တူဂီလူမျိုးနည်းပြ ဘိုအက်ရှ်ဟာ ပေါ်တိုအသင်းနဲ့အတူ အောင်မြင်မှုတွေရယူခဲ့ပြီး “မော်ရင်ဟို Mourinho လက်သစ်”လို့ တင်စားခံခဲ့ရပေမယ့် ချယ်လ်ဆီး၊ စပါးအသင်းတို့မှာ ရုန်းကန်ခဲ့ရပြီး ရာထူးက ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း သူ့ရဲ့နာမည်ကလည်း ဘောလုံးလောကမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့တယ်။

Andre-Villas-Boas

Andre-Villas-Boas

ဘိုအက်ရှ်ဟာ ဇင်းနစ်၊ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလက ရှန်ဟိုင်းနဲ့ လမ်းခွဲခဲ့ပြီးကတည်းက နည်းပြလောကကနေ ခေတ္တအနားယူနေသူလည်းဖြစ်ပါတယ်။ ရီးယဲလ်အသင်းက လီဗာပူးလ်နည်းပြယာဂန်ကလော့ပ် Jurgen Klopp၊ စပါးအသင်းနည်းပြ ပိုချက်တီနို Pochettino ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း နှစ်ဦးစလုံးက ကိုယ့်အသင်းမှာပဲ ဆက်လက်ကိုင်တွယ်ဖို့ ဆန္ဒရှိနေကြတယ်။ ဘိုအက်ရှ်အနေနဲ့ အရည်အသွေးရှိတဲ့ လူငယ်နည်းပြထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပေမယ့် နည်းပြလောကနဲ့ လအတော်ကြာ ဝေးကွာနေတဲ့အပြင် သူ့ရဲ့ Career Record ကို ကြည့်ရင်လည်း ပေါ်တိုအသင်းနဲ့လွဲပြီး ကျန်တဲ့အသင်းတွေမှာ ထင်ရှားတဲ့အောင်မြင်မှု မရခဲ့ဖူးတာကြောင့် ဘိုအက်ရှ်ကို နည်းပြသစ်လျာထားစာရင်းထဲမှာ ထည့်သွင်းခဲ့တဲ့ ရီးယဲလ်အသင်းရဲ့အစီအစဉ်ကတော့ တကယ့်ကို အံ့သြစရာပါပဲ။

Boas-and-Gareth-Bale

Boas-and-Gareth-Bale

ဒါပေမဲ့ စပိန်မီဒီယာတစ်ခုဖြစ်တဲ့ RMC က ဘိုအက်ရှ်နဲ့ဂါရတ်ဘေးလ် Gareth Bale ကြားက ဆက်ဆံရေးအခြေအနေကြောင့် သူ့ကို ရီးယဲလ်အသင်းက စိတ်ဝင်စားနေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့တယ်။ စပါးအသင်းကို ဘိုအက်ရှ် စကိုင်တဲ့ ၂၀၁၂-၁၃ ရာသီတုန်းက သူ့ရဲ့လက်ထက်မှာ ဂါရတ်ဘေးလ်ရဲ့ ခြေစွမ်းက အကောင်းဆုံးအနေအထားဖြစ်ခဲ့ပြီး ပြည်တွင်းအကောင်းဆုံးကစားသမားဆုတွေ ရယူခဲ့တဲ့အပြင် ရာသီကုန်မှာ ရီးယဲလ်အသင်းကို အဲဒီအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဘိုအက်ရှ်ရဲ့ နည်းပြဘဝမှတ်တမ်း/အောင်မြင်မှု

2009–2010 Académica
2010–2011 Porto
2011–2012 Chelsea
2012–2013 Tottenham Hotspur
2014–2016 Zenit Saint Petersburg
2016–2017 Shanghai SIPG

Porto
Primeira Liga: 2010–11
Taça de Portugal: 2010–11
Supertaça Cândido de Oliveira: 2010
UEFA Europa League: 2010–11

Zenit Saint Petersburg
Russian Premier League: 2014–15
Russian Cup: 2015–16
Russian Super Cup: 2015

REF:The Sun
Photo:Metro,CNN,WordPress
Naing Linn(Akhayar)
www.akhayar.com