ရီးယဲလ်အသင်းနည်းပြ ဇီဒန်း Zidane ဟာ တောင်ပံတိုက်စစ်ကစားသမား ဘေးလ် Bale ရဲ့ အနာဂတ်ကို ရာသီကုန်မှာ ဆုံးဖြတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဇီဒန်း ဟာ ရီးယဲလ်အသင်းကို ပထမတစ်ကြိမ်တာဝန်ယူကိုင်တွယ် ကတည်းက ဘေးလ်ကို ပုံမှန်ပွဲထွက်ခွင့် သိပ်မပေးသူဖြစ်ပြီး ရီးယဲလ်အသင်းနည်းပြပြန်ဖြစ်လာချိန်မှာတော့ ရာသီကုန်မှာ ရီးယဲလ်အသင်းကနေ ဘေးလ် ထွက်ခွာတော့မယ်လို့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ ဘေးလ် ဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပေမယ့် မကြာခဏ ဒဏ်ရာရတတ်တာက ရီးယဲလ်အသင်းအတွက် စိတ်ပျက်စရာဖြစ်နေပြီး လာမယ့်နွေမှာ ရီးယဲလ်အသင်းက ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ကစားသမားသစ်တွေခေါ်ယူသွားဖို့ရှိနေတာကြောင့် ဘေးလ် က ရီးယဲလ်အသင်းကနေ ထွက်ခွာရဖို့ ရာခိုင်နှုန်းများနေပါတယ်။

လက်ရှိမှာတော့ ဘေးလ် ဟာ မန်ယူ ၊ အသင်းဟောင်း စပါးအသင်းတို့နဲ့ အသံတွေထွက်နေပြီး မန်ယူအသင်းကတော့ ဘေးလ် ကို စပါးအသင်းမှာ ကစားတဲ့အချိန်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာပဲဖြစ်ပါတယ်။ လတ်တလော ရီးယဲလ်အသင်းမှာ ဘေးလ် ဟာ ပုံမှန်ပွဲထွက်ခွင့်ရနေပေမယ့် ရေရှည်မှာ ဘာတွေဖြစ်မလာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဘေးလ် ဟာ ရီးယဲလ်အသင်းအတွက် လက်ရှိအချိန်ထိ ပွဲပေါင်း(၃၆)ပွဲကစား (၁၄)ဂိုးသွင်းယူထားပါတယ်။

Ref: BBC Sports
Photo: Daily Mail , Bleacher Report
Ko Kyue(Akhayar)
www.akhayar.com