ဘောလုံးလောကရဲ့ အပြောင်းအရွှေ့သမိုင်းကြောင်းကို ပြန်ကြည့်ရင် Spanish Giants ရီးယဲလ်အသင်း အပြောင်းအရွှေ့ လှုပ်ရှားမှုတွေက စိတ်ဝင်စားစရာကောင်းတာကို တွေ့ရလိမ့်မယ်။ နာမည်ကျော် ကစားသမားတွေကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့တာ၊ ဘက်ခမ် Beckham ၊ ဇီဒန်း Zidane ၊ ဖီဂို Figo စတဲ့ ထိပ်တန်းကစားသမားတွေ ခေါ်ယူပြီး Galácticos (ကြယ်စင်စု) အသင်းအဖြစ် ဖွဲ့စည်းခဲ့တာတွေက ဘောလုံးသမိုင်းမှာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ရီးယဲလ်အသင်း သမိုင်းမှာ အသင်းအတွက် အကျိုးရှိစေတဲ့ Best Signings Players တွေက အများကြီးပါပဲ။

အဲဒီအများကြီးထဲကမှ ရီးယဲလ်အသင်းအတွက် စံချိန်တင်လောက်တဲ့ မှတ်တမ်းတွေ ရယူနိုင်ခဲ့ကြတဲ့ ကစားသမား(၅)ဦးကို ရွေးချယ်ပြီး Akhayar Sports ပရိသတ်တွေ ဗဟုသုတဖြစ်အောင် ဖော်ပြလိုက်ပါတယ် . . .

၁. ဒီစတီဖာနို Di Stefano (1953–1964)

Di-Stefano

Di-Stefano

ဒီစာရင်းမှာ ထိပ်ဆုံးက ဖော်ပြရမယ့်ကစားသမားက ရီးယဲလ်အသင်းရဲ့ ထာဝရ အကောင်းဆုံး ဂန္ထ၀င်တိုက်စစ်မှူး ဖြစ်တဲ့ ဒီစတီဖာနို။ ရာအူးလ် Raul ဂိုးသွင်းကောင်းတာကို မေ့လိုက်၊ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ မှော်ဆန်တဲ့ ခြေစွမ်းတွေ ခဏနားထား။ ဒီစတီဖာနိုလိုမျိုး ရီးယဲလ်အသင်းအတွက် ဥရောပဖလား (ချန်ပီယံလိဂ်) (၅)ကြိမ်ဆက် ရယူပေးနိုင်မယ့် ကစားသမား နောက်ထပ် ပေါ်လာဖို့က မလွယ်သေးဘူး။

ရီးယဲလ်အသင်းအတွက် ဒီစတီဖာနို ရယူခဲ့တဲ့ ဆုဖလားများ

La Liga: 2011–12, 2016–17
Copa del Rey: 2013–14
Supercopa de España: 2012, 2017
UEFA Champions League: 2013–14, 2015–16, 2016–17, 2017–18
UEFA Super Cup: 2014, 2016, 2017[77]
FIFA Club World Cup: 2014, 2016, 2017

၂. စီရော်နယ်လ်ဒို Cristiano Ronaldo (2009–2018)

Cristiano-Ronaldo

Cristiano-Ronaldo

ရီးယဲလ်ကစားသမားဘ၀မှာ တစ်ပွဲကို တစ်ဂိုးနှုန်း သွင်းခဲ့သူက လက်ချိုးရေလို့ ရနိုင်တယ်။ အဲဒီ လက်ချိုးရေရမယ့်သူတွေထဲ စီရော်နယ်လ်ဒိုကို နံပါတ်(၁)ပေးရမယ်။ ၂၀၀၉ ခုနှစ်တုန်းက စီရော်နယ်လ်ဒိုအတွက် ရီးယဲလ် သုံးစွဲခဲ့ရတဲ့ ကမ္ဘာ့စံချိန်တင် (အဲဒီအချိန်က) ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)ဆိုတာက သူ ပြန်ပေးဆပ်ခဲ့တာနဲ့ ယှဉ်ကြည့်ရင် ဘာမှ မပြောပလောက်ဘူး။ ရီးယဲလ်ကစားသမားဘ၀ စီရော်နယ်လ်ဒို ရယူခဲ့တဲ့ တစ်ဦးချင်း စံချိန်မှတ်တမ်းတွေကို ပြောရရင် ”တော သုံးထောင်” ဖြစ်သွားမယ်။ ရီးယဲလ်ကို စပြောင်းတဲ့အချိန်မှာ ခေါင်းမော့ပြီး ရောက်လာသလို အသင်းနဲ့ လမ်းခွဲချိန်မှာလည်း ရင်ကော့ပြီး နှုတ်ဆက်ခဲ့သူပါ။

စီရော်နယ်လ်ဒိုရဲ့ ရီးယဲလ်ကစားသမားဘ၀ အောင်မြင်မှုများ
La Liga: 2011–12, 2016–17
Copa del Rey: 2010–11, 2013–14
Supercopa de España: 2012, 2017
UEFA Champions League: 2013–14, 2015–16, 2016–17, 2017–18
UEFA Super Cup: 2014, 2017
FIFA Club World Cup: 2014, 2016, 2017

၃. ဇီဒန်း Zidane (2001–2006)

Zidane-Goal-Against-Leverkusen

Zidane-Goal-Against-Leverkusen

‘ဇီဇူး’ ဆိုတဲ့ Nickname ပိုင်ရှင် ဇီဒန်းဟာ တစ်ခေတ်တစ်ခါတုန်းက ဘောလုံးလောကကို ကိုင်လှုပ်ခဲ့သူ။ ၂၀၀၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက လေဗာကူဆင်အသင်းဘက်ကို ပဉ္စလက်ဆန်တဲ့ Volley ကန်ချက်နဲ့ သွင်းယူခဲ့တဲ့ ဂိုးက အခုအထိ ပရိသတ်တွေရင်ထဲ အမှတ်ရနေဆဲ။ ရီးယဲလ်အသင်းအတွက် ကစားသမား ဘ၀မှာသာ အောင်မြင်မှုတွေ ရယူပေးခဲ့တာ မဟုတ်ဘဲ နည်းပြဘ၀မှာပါ စံချိန်တင် အောင်မြင်မှုတွေ ရယူခဲ့သူ ဇီဒန်းဟာ ရီးယဲလ်အသင်းအတွက် ဖြစ်တည်လာတဲ့ သူများလားဆိုပြီး မေးခွန်းထုတ်ရမယ့်အထိပါပဲ။

ရီးယဲလ်အသင်းအတွက် ဇီဒန်း ရယူခဲ့တဲ့ ဆုဖလားများ
La Liga: 2002–03
Supercopa de España: 2001, 2003
UEFA Champions League: 2001–02
UEFA Super Cup: 2002
Intercontinental Cup: 2002

၎. ရော်ဘတ်တိုကားလို့စ် Roberto Carlos (1996–2007)

Roberto-Carlos

Roberto-Carlos

ငယ်ငယ်တုန်းက Play Station 1 (P1) ကစားဖူးတဲ့ ပရိသတ်တွေ ရှိမှာပေါ့။ ဒါဆိုရင် Speed 9 ၊ Kick 9 လို့ နာမည်ပြောင်ပေးတဲ့ ကစားသမားထဲမှာ ရော်ဘတ်တိုကားလို့စ်လည်း အပါအ၀င်ဆိုတာ မှတ်မိကြမှာပါ။ တကယ်လည်း ရော်ဘတ်တိုကားလို့စ်ဟာ ပြင်ပဘ၀မှာ ဘောလုံးလောကရဲ့ Greatest Left Back တွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ။ Dynamic ကန်ချက်တွေနဲ့ သွင်းယူခဲ့တဲ့ Free Kick ဂိုးတွေက အခုအချိန်မှာ လွမ်းစရာတွေ ဖြစ်ခဲ့ရပြီ။ ရီးယဲလ်အသင်း ဘယ်နောက်ခံလူထဲမှာ ရော်ဘတ်တိုကားလို့စ်က No 1 လို့ ဆိုရမယ်။

ရီးယဲလ်အသင်းအတွက် ရော်ဘတ်တိုကားလို့စ် ရယူခဲ့တဲ့ ဆုဖလားများ

La Liga (4): 1996–97, 2000–01, 2002–03, 2006–07
Supercopa de España (3): 1997, 2001, 2003
UEFA Champions League (3): 1997–98, 1999–2000, 2001–02
Intercontinental Cup (2): 1998, 2002
UEFA Super Cup: 2002

၅. ဟူဂိုဆန်းချက်ဇ် Hugo Sanchez (1985–1992)

Hugo-Sanchez

Hugo-Sanchez

တစ်ချိန်တုန်းက မက်ဒရစ်မြို့ရဲ့ အသည်းနှလုံးဖြစ်ခဲ့ဖူးသူပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဟူဂိုဆန်းချက်ဇ်က အက်သလက်တီကိုမှာရော၊ ရီးယဲလ်မှာပါ ကစားခဲ့လို့ဖြစ်ပါတယ်။ သူဟာ ရီးယဲလ်အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူး စာရင်းထဲမှာ ပါဝင်နေသလို အက်သလက်တီကိုအသင်းရဲ့ အမုန်းဆုံး ကစားသမားထဲမှာ ပါကောင်း ပါနေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဟူဂိုဆန်းချက်ဇ်ရဲ့ စွမ်းဆောင်ရည်တွေက ရီးယဲလ် ပရိသတ်တွေအတွက် အမြဲအမှတ်ရနေမယ့် Figure တစ်ဦးလို့ပဲ ဆိုရမှာပါ။

ရီးယဲလ်အသင်းအတွက် ဟူဂိုဆန်းချက်ဇ် ရယူခဲ့တဲ့ဆုဖလားများ
La Liga: 1985–86, 1986–87, 1987–88, 1988–89, 1989–90
Supercopa de España: 1988, 1989 , 1990
Copa del Rey: 1988–89
UEFA Cup: 1985–86

 

ရီးယဲလ်အသင်းလို ကြယ်စင်စုအသင်းမှာ တောက်ပခဲ့တဲ့ ကြယ်ပွင့်တွေ အများကြီးပါပဲ။ အဲဒီထဲကမှ အတောက်ပဆုံးလို့ သတ်မှတ်ရမယ့် ကြယ်ပွင့်တွေကို ရွေးချယ်ရတာကြောင့် ကျန်ခဲ့တဲ့သူတွေ ရှိကောင်းရှိလိမ့်မယ်။ ဒါကြောင့် ပရိသတ်တွေရင်ထဲ အမှတ်နေရတဲ့ ရီးယဲလ် ဂန္ထ၀င်ကစားသမားတွေက ဘယ်သူလဲဆိုတာ Comment ပေးခဲ့ကြပါလား . . .

REF:ronaldo.com
Photo:Remezcla,Trivela,You tube,The Week UK,Metro
Naing Linn(Akhayar)
www.akhayar.com