[Zawgyi]

အိမ္ကြင္းမွာ မထင္မွတ္ဘဲ ဘာစီလုိနာ႐ႈံးပဲြေတြ႕ခဲ့ၿပီး ႏုိင္ပဲြဆက္ေနတဲ့ ရီးယဲလ္

လာလီဂါပဲြစဥ္ (၁၂)မွာေတာ့ မထင္မွတ္တဲ့ ရလဒ္ေတြ ထြက္ေပၚခဲ့တယ္။ ဘာစီလုိနာအသင္းဟာ အိမ္ကြင္းမွာ မထင္မွတ္ဘဲ ဘက္တစ္ကုိ ႐ႈံးပဲြေတြ႕ခဲ့တာေၾကာင့္ သူ႔ေနာက္က ဆီဗီလာ၊ အက္သလက္တီကုိ၊ အလာဗတ္စ္တို႔နဲ႔ (၁)မွတ္ပဲ ကြာဟပါေတာ့တယ္။ ယာယီနည္းျပ ဆုိလာရီ Santiago Solari လက္ထက္မွာ ေတာက္ေလွ်ာက္ ရလဒ္ေတြ ေကာင္းေနတဲ့ ရီးယဲလ္အသင္းဟာ ဒီတစ္ပတ္မွာလည္း အိမ္ကြင္းေျခစြမ္းမာတ့ဲ ဆယ္လ္တာဗီဂုိအသင္းကုိ (၄-၂)ဂုိးနဲ႔ အႏုိင္ယူခဲ့ၿပီး ၿပိဳင္ပဲြစုံ (၄)ပဲြဆက္ အႏုိင္ရရွိခဲ့တယ္ . . .

ဘာစီလုိနာ ၃-၄ ဘက္တစ္
ဒီပဲြဟာ ဘာစီလုိနာအတြက္ Upset ျဖစ္ခဲ့ေပမယ့္လည္း ဘက္တစ္အတြက္ ထုိက္သင့္တဲ့ ႏုိင္ပဲြလုိ႔ေျပာရမယ္။ Counter Attacking ကုိ အေကာင္းဆုံး ကစားခဲ့ၿပီး ဘာစီလုိနာအသင္းရဲ႕ ညာျခမ္းက ဆာဂ်ီေရာ္ဘတ္တို Sergi Roberto ဟာ ဘက္တစ္အသင္းရဲ႕ တိုက္စစ္ကုိ ဘယ္လုိမွ မထိန္းခ်ဳပ္ႏုိင္ခဲ့ဘူး။ ဘက္တစ္အသင္း ရခဲ့တဲ့ ဂုိးေတြကလည္း ဆာဂ်ီေရာ္ဘတ္တိုရဲ႕ ညာျခမ္းကေန အဓိက ထုိးေဖာက္တိုက္စစ္ဆင္ရင္းနဲ႔ ရရွိခဲ့တာပါ။ ထုံးစံအတိုင္း ဘာစီလုိနာအသင္းက ေဘာလုံးပုိင္ဆုိင္မႈ အသာစီးရယူၿပီး ဘက္တစ္ဘက္ကုိ ထုိးေဖာက္ခဲ့ေပမယ့္ ဘက္တစ္ခံစစ္က အမွားအယြင္းမရွိခဲ့ဘူး။

Real-Betic-Players-

Real-Betic-Players-

မိနစ္(၂၀)မွာ ဘက္တစ္ အဖြင့္ဂုိးရခဲ့ၿပီး Junior Firpo က ဆာဂ်ီေရာ္ဘတ္တိုရဲ႕ အားနည္းခ်က္ကေန သြင္းယူခဲ့တာပါ။ (၃၄)မိနစ္မွာ ဘက္တစ္ ဒုတိယဂုိးရခဲ့ၿပီး ညာျခမ္းက တယ္ယုိ Cristian Tello ျဖတ္ပုိ႔ေပးတာကုိ ၀ါရင့္ကစားသမား ယာကြင္း Joaquín က အမွားအယြင္းမရွိ ကန္သြင္းခဲ့တယ္။ (၆၈)မိနစ္မွာ ပယ္နယ္တီကေန မက္ဆီ Messi က ေခ်ပဂုိးျပန္သြင္းခဲ့ေပမယ့္ ဘက္တစ္အသင္းရဲ႕ တိုက္စစ္ဆင္မႈေတြကုိ ဘာစီလုိနာ ခံစစ္က မထိန္းခ်ဳပ္ႏုိင္ခဲ့လုိ႔ ဂုိးေတြထပ္ေပးခဲ့ရတယ္။ (၇၁)မိနစ္မွာ သြင္းယူခဲ့တဲ့ Lo Celso ရဲ႕ဂုိးကေတာ့ ဘာစီလုိနာဂုိးသမား စတီဂန္ Stegen ရဲ႕ အားနည္းခ်က္ကေန ေပးခဲ့ရတာပါ။

Messi

Messi

ဘာစီလုိနာအတြက္ ဗီဒယ္လ္ Vidal က ဒုတိယေခ်ပဂုိး သြင္းယူခဲ့ၿပီး မၾကာခင္မွာပဲ ဘက္တစ္ကစားသမား ကာနာလက္စ္ Canales က စတုတၳဂုိး သြင္းခဲ့လုိ႔ ဘာစီလုိနာ ေဆးမမီျဖစ္ခဲ့ရတယ္။ (၉၃)မိနစ္မွာ မက္ဆီ ေခ်ပဂုိး ထပ္သြင္းခဲ့ေပမယ့္ ဘာမွ မတတ္ႏုိင္ေတာ့ပါဘူး။ ဘာစီလုိနာအသင္းဟာ မက္ဆီ (၂)ဂုိးနဲ႔အထက္ သြင္းယူခဲ့တဲ့ပဲြေတြမွာ ပထမဆုံး ႐ႈံးပဲြႀကံဳေတြ႕ခဲ့တာလည္းျဖစ္ပါတယ္။

ဆယ္လ္တာဗီဂုိ ၂-၄ ရီးယဲလ္
ဒီႏုိင္ပဲြအတြက္ ရီးယဲလ္ကစားသမားေတြနဲ႔ နည္းျပ ဆုိလာရီကုိ မျဖစ္မေန ခ်ီးက်ဴးရမွာပါ။ World Class Players ေတြ သိပ္မရွိေတာ့တဲ့ အသင္းမွာ ဒုတိယတန္းစား ကစားသမားေတြနဲ႔ ဒီလုိရလဒ္ထြက္ေပၚေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တာက ဆုိလာရီရဲ႕ အရည္အေသြးကုိ ျပသေနသလုိပါပဲ။ ဆယ္လ္တာဗီဂုိကေတာ့ အိမ္ကြင္းေျခစြမ္းေကာင္းကုိ ထိန္းသိမ္းႏုိင္ခဲ့ၿပီး အခြင့္အေရးေတြလည္း ရခ့ဲေပမယ့္ ဂုိးကံေခခဲ့တယ္။ ရီးယဲလ္အတြက္ အဖြင့္ဂုိးကုိ (၂၃)မိနစ္မွာ မုိဒရစ္ Modric ရဲ႕ ေပးပုိ႔မႈကေန ဘန္ဇီမာ Benzema က သြင္းယူခဲ့တာပါ။ (၅၆)မိနစ္မွာ ဘန္ဇီမာရဲ႕ ကန္ခ်က္က Cabral နဲ႔ထိၿပီး ဂုိး၀င္သြားလုိ႔ ရီးယဲလ္ ဖိအားေလ်ာ႔သြားခဲ့တယ္။

Ramos-Score-From-Penalty

Ramos-Score-From-Penalty

အဲဒီေနာက္မွာ ပယ္နယ္တီကေန ရာမုိ႔စ္ Ramos ၊ (၉၁)မိနစ္မွာ စီဘယ္ယို႔စ္ Ceballos တို႔က ဂုိးေတြ ဆက္တိုက္သြင္းယူခဲ့ၿပီး ဆယ္လ္တာဗီဂုိအတြက္ ဒုတိယေခ်ပဂုိးကုိ Brais Méndez က (၉၄)မိနစ္မွာ သြင္းယူခဲ့တယ္။ ဒီပဲြအႏုိင္ရခဲ့လုိ႔ ဆုိလာရီဟာ ပယ္လီဂရီနီ Manuel Pellegrini (၂၀၀၉- ၇ပဲြ)ေနာက္ပုိင္း ရီးယဲလ္နည္းျပဘ၀ (၄)ပဲြဆက္ ႏုိင္ခဲ့တဲ့ ပထမဆုံးနည္းျပအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။

လာလီဂါ ပဲြစဥ္(၁၂)ရလဒ္မ်ား

UD Levante 1 – 3 Real Sociedad
Real Valladolid 0 – 0 Eibar
Getafe 0 – 1 Valencia CF
Atletico Madrid 3 – 2 Athletic Bilbao
Girona 0 – 0 Leganes
Deportivo Alaves 2 – 1 SD Huesca
Barcelona 3 – 4 Real Betis
FC Sevilla 2 – 1 Espanyol Barcelona
Rayo Vallecano 2 – 2 Villarreal
Celta Vigo 2 – 4 Real Madrid

Photo:DNA India,Real Madrid Twitter,Barcelona Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အိမ်ကွင်းမှာ မထင်မှတ်ဘဲ ဘာစီလိုနာရှုံးပွဲတွေ့ခဲ့ပြီး နိုင်ပွဲဆက်နေတဲ့ ရီးယဲလ်

လာလီဂါပွဲစဉ် (၁၂)မှာတော့ မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့တယ်။ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ မထင်မှတ်ဘဲ ဘက်တစ်ကို ရှုံးပွဲတွေ့ခဲ့တာကြောင့် သူ့နောက်က ဆီဗီလာ၊ အက်သလက်တီကို၊ အလာဗတ်စ်တို့နဲ့ (၁)မှတ်ပဲ ကွာဟပါတော့တယ်။ ယာယီနည်းပြ ဆိုလာရီ Santiago Solari လက်ထက်မှာ တောက်လျှောက် ရလဒ်တွေ ကောင်းနေတဲ့ ရီးယဲလ်အသင်းဟာ ဒီတစ်ပတ်မှာလည်း အိမ်ကွင်းခြေစွမ်းမာတဲ့ ဆယ်လ်တာဗီဂိုအသင်းကို (၄-၂)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ပြိုင်ပွဲစုံ (၄)ပွဲဆက် အနိုင်ရရှိခဲ့တယ် . . .

ဘာစီလိုနာ ၃-၄ ဘက်တစ်
ဒီပွဲဟာ ဘာစီလိုနာအတွက် Upset ဖြစ်ခဲ့ပေမယ့်လည်း ဘက်တစ်အတွက် ထိုက်သင့်တဲ့ နိုင်ပွဲလို့ပြောရမယ်။ Counter Attacking ကို အကောင်းဆုံး ကစားခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ ညာခြမ်းက ဆာဂျီရော်ဘတ်တို Sergi Roberto ဟာ ဘက်တစ်အသင်းရဲ့ တိုက်စစ်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ဘူး။ ဘက်တစ်အသင်း ရခဲ့တဲ့ ဂိုးတွေကလည်း ဆာဂျီရော်ဘတ်တိုရဲ့ ညာခြမ်းကနေ အဓိက ထိုးဖောက်တိုက်စစ်ဆင်ရင်းနဲ့ ရရှိခဲ့တာပါ။ ထုံးစံအတိုင်း ဘာစီလိုနာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ဘက်တစ်ဘက်ကို ထိုးဖောက်ခဲ့ပေမယ့် ဘက်တစ်ခံစစ်က အမှားအယွင်းမရှိခဲ့ဘူး။

Real-Betic-Players-

Real-Betic-Players-

မိနစ်(၂၀)မှာ ဘက်တစ် အဖွင့်ဂိုးရခဲ့ပြီး Junior Firpo က ဆာဂျီရော်ဘတ်တိုရဲ့ အားနည်းချက်ကနေ သွင်းယူခဲ့တာပါ။ (၃၄)မိနစ်မှာ ဘက်တစ် ဒုတိယဂိုးရခဲ့ပြီး ညာခြမ်းက တယ်ယို Cristian Tello ဖြတ်ပို့ပေးတာကို ဝါရင့်ကစားသမား ယာကွင်း Joaquín က အမှားအယွင်းမရှိ ကန်သွင်းခဲ့တယ်။ (၆၈)မိနစ်မှာ ပယ်နယ်တီကနေ မက်ဆီ Messi က ချေပဂိုးပြန်သွင်းခဲ့ပေမယ့် ဘက်တစ်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ဘာစီလိုနာ ခံစစ်က မထိန်းချုပ်နိုင်ခဲ့လို့ ဂိုးတွေထပ်ပေးခဲ့ရတယ်။ (၇၁)မိနစ်မှာ သွင်းယူခဲ့တဲ့ Lo Celso ရဲ့ဂိုးကတော့ ဘာစီလိုနာဂိုးသမား စတီဂန် Stegen ရဲ့ အားနည်းချက်ကနေ ပေးခဲ့ရတာပါ။

Messi

Messi

ဘာစီလိုနာအတွက် ဗီဒယ်လ် Vidal က ဒုတိယချေပဂိုး သွင်းယူခဲ့ပြီး မကြာခင်မှာပဲ ဘက်တစ်ကစားသမား ကာနာလက်စ် Canales က စတုတ္ထဂိုး သွင်းခဲ့လို့ ဘာစီလိုနာ ဆေးမမီဖြစ်ခဲ့ရတယ်။ (၉၃)မိနစ်မှာ မက်ဆီ ချေပဂိုး ထပ်သွင်းခဲ့ပေမယ့် ဘာမှ မတတ်နိုင်တော့ပါဘူး။ ဘာစီလိုနာအသင်းဟာ မက်ဆီ (၂)ဂိုးနဲ့အထက် သွင်းယူခဲ့တဲ့ပွဲတွေမှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့တာလည်းဖြစ်ပါတယ်။

ဆယ်လ်တာဗီဂို ၂-၄ ရီးယဲလ်
ဒီနိုင်ပွဲအတွက် ရီးယဲလ်ကစားသမားတွေနဲ့ နည်းပြ ဆိုလာရီကို မဖြစ်မနေ ချီးကျူးရမှာပါ။ World Class Players တွေ သိပ်မရှိတော့တဲ့ အသင်းမှာ ဒုတိယတန်းစား ကစားသမားတွေနဲ့ ဒီလိုရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့တာက ဆိုလာရီရဲ့ အရည်အသွေးကို ပြသနေသလိုပါပဲ။ ဆယ်လ်တာဗီဂိုကတော့ အိမ်ကွင်းခြေစွမ်းကောင်းကို ထိန်းသိမ်းနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် ဂိုးကံခေခဲ့တယ်။ ရီးယဲလ်အတွက် အဖွင့်ဂိုးကို (၂၃)မိနစ်မှာ မိုဒရစ် Modric ရဲ့ ပေးပို့မှုကနေ ဘန်ဇီမာ Benzema က သွင်းယူခဲ့တာပါ။ (၅၆)မိနစ်မှာ ဘန်ဇီမာရဲ့ ကန်ချက်က Cabral နဲ့ထိပြီး ဂိုးဝင်သွားလို့ ရီးယဲလ် ဖိအားလျော့သွားခဲ့တယ်။

Ramos-Score-From-Penalty

Ramos-Score-From-Penalty

အဲဒီနောက်မှာ ပယ်နယ်တီကနေ ရာမို့စ် Ramos ၊ (၉၁)မိနစ်မှာ စီဘယ်ယို့စ် Ceballos တို့က ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့ပြီး ဆယ်လ်တာဗီဂိုအတွက် ဒုတိယချေပဂိုးကို Brais Méndez က (၉၄)မိနစ်မှာ သွင်းယူခဲ့တယ်။ ဒီပွဲအနိုင်ရခဲ့လို့ ဆိုလာရီဟာ ပယ်လီဂရီနီ Manuel Pellegrini (၂၀၀၉- ၇ပွဲ)နောက်ပိုင်း ရီးယဲလ်နည်းပြဘ၀ (၄)ပွဲဆက် နိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

လာလီဂါ ပွဲစဉ်(၁၂)ရလဒ်များ

UD Levante 1 – 3 Real Sociedad
Real Valladolid 0 – 0 Eibar
Getafe 0 – 1 Valencia CF
Atletico Madrid 3 – 2 Athletic Bilbao
Girona 0 – 0 Leganes
Deportivo Alaves 2 – 1 SD Huesca
Barcelona 3 – 4 Real Betis
FC Sevilla 2 – 1 Espanyol Barcelona
Rayo Vallecano 2 – 2 Villarreal
Celta Vigo 2 – 4 Real Madrid

Photo:DNA India,Real Madrid Twitter,Barcelona Twitter
Naing Linn(Akhayar)
www.akhayar.com