This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

လာလီဂါကစားသမားအမ်ားစု လႊမ္းမုိးထားတဲ့ ၂၀၁၈ ကမၻာ႔ဖလားဗုိလ္လုပဲြ

တစ္ကမၻာလုံးက ေဘာလုံးပရိသတ္ေတြ စိတ္၀င္တစားေစာင့္ၾကည့္ေနၾကတဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြကေတာ့ အဆုံးသတ္မယ့္အခ်ိန္ကုိ ေရာက္ရွိလုိ႔လာပါၿပီ။ အခုဆုိရင္ ဗုိလ္လုပဲြ၊ တတိယေနရာလုပဲြေတြသာ ကစားဖုိ႔ က်န္ရွိေတာ့ၿပီး ဗုိလ္လုပဲြမွာေတာ့ ၁၉၉၈ ခ်န္ပီယံေဟာင္း ျပင္သစ္နဲ႔ ပထမအဆုံးအႀကိမ္ ဗုိလ္လုပဲြကုိ တက္လွမ္းခဲ့တဲ့ ခ႐ုိေအးရွားအသင္းတို႔ ဆုံေတြ႕ၾကမွာပါ။ ထူးျခားတာတစ္ခုက ႏွစ္သင္းစလုံးမွာ လာလီဂါကစားသမား အမ်ားစုပါ၀င္ေနတာျဖစ္ၿပီး လာလီဂါထိပ္သီးအသင္းေတြျဖစ္ၾကတဲ့ ဒီႏွစ္သငး္ရဲ႕ အဓိက ကစားသမားအေတာ္မ်ားမ်ားက အက္သလက္တီကုိ၊ ဘာစီလုိနာ၊ ရီးယဲလ္အသင္းေတြမွာ ကစားေနၾကတာေၾကာင့္ လာလီဂါဟာ ဥေရာပေဘာလုံးေလာကသာမက ကမၻာ႔ဖလားၿပိဳင္ပဲြအထိ လႊမ္းမုိးမႈရွိေနၿပီလုိ႔ ဆုိရမယ္။

France-Players

France-Players

ျပင္သစ္အသင္းမွာ ရီးယဲလ္ေနာက္ခံလူ ဗာရန္း Varane ၊ ဘာစီလုိနာေနာက္ခံလူ အမ္တီတီ Umtiti ၊ အက္သလက္တီကုိေနာက္ခံလူ လူးကပ္စ္ဟာနန္ဒက္ဇ္ Lucas Hernández ၊ အက္သလက္တီကုိ ကြင္းလယ္ကစားသမားသစ္ လူမာ Lemar ၊ ဆီဗီလာ ကြင္းလယ္လူ အန္ဇြန္ဇီ Nzonzi ၊ အက္သလက္တီကုိ တိုက္စစ္မွဴး ဂရစ္ဇ္မန္း Griezmann ၊ ဘာစီလုိနာအသင္းက အူစမန္ဒမ္ဘီလီ Ousmane Dembélé စတဲ့ ကစားသမားေတြ ပါ၀င္ေနတယ္။

Croatia-Players2

Croatia-Players2

ခ႐ုိေအးရွားအသင္းမွာေတာ့ အက္သလက္တီကုိေနာက္ခံလူ ဗာဆယ္လ္ကုိ Vrsaljko ၊ ဘာစီလုိနာကြင္းလယ္လူ ရာကီတစ္ Rakitić ၊ ရီးယဲလ္ကြင္းလယ္လူေတြျဖစ္ၾကတဲ့ ကုိဗာခ်စ္ Kovačić ၊ မုိဒရစ္ Modrić စတဲ့ကစားသမားေတြ ပါ၀င္ေနတာျဖစ္ပါတယ္။ အသင္းလုိက္ ကစားသမားအမ်ားဆုံးအျဖစ္ အက္သလက္တီကုိအသင္းက (၄)ဦး၊ ရီးယဲလ္နဲ႔ဘာစီလုိနာက(၃)ဦး၊ ဆီဗီလာက (၁)ဦးစီ ပါ၀င္ခဲ့ၾကတာပါ။ ကဲ ပရိသတ္ႀကီးေရ ..လာမယ့္ ကမၻာ႔ဖလားကုိ အက္သလက္တီကုိ၊ ဘာစီလုိနာ၊ ရီးယဲလ္အသင္းက ဘယ္ကစားသမားေတြ ကုိင္ေျမႇာက္ခြင့္ရမလဲဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္လား . . .

REF:Marca
Photo:cannockchaseradio,basildonstandard
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

လာလီဂါကစားသမားအများစု လွှမ်းမိုးထားတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲ

တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အဆုံးသတ်မယ့်အချိန်ကို ရောက်ရှိလို့လာပါပြီ။ အခုဆိုရင် ဗိုလ်လုပွဲ၊ တတိယနေရာလုပွဲတွေသာ ကစားဖို့ ကျန်ရှိတော့ပြီး ဗိုလ်လုပွဲမှာတော့ ၁၉၉၈ ချန်ပီယံဟောင်း ပြင်သစ်နဲ့ ပထမအဆုံးအကြိမ် ဗိုလ်လုပွဲကို တက်လှမ်းခဲ့တဲ့ ခရိုအေးရှားအသင်းတို့ ဆုံတွေ့ကြမှာပါ။ ထူးခြားတာတစ်ခုက နှစ်သင်းစလုံးမှာ လာလီဂါကစားသမား အများစုပါဝင်နေတာဖြစ်ပြီး လာလီဂါထိပ်သီးအသင်းတွေဖြစ်ကြတဲ့ ဒီနှစ်သင်းရဲ့ အဓိက ကစားသမားအတော်များများက အက်သလက်တီကို၊ ဘာစီလိုနာ၊ ရီးယဲလ်အသင်းတွမှာ ကစားနေကြတာကြောင့် လာလီဂါဟာ ဥရောပဘောလုံးလောကသာမက ကမ္ဘာ့ဖလားပြိုင်ပွဲအထိ လွှမ်းမိုးမှုရှိနေပြီလို့ ဆိုရမယ်။

France-Players

France-Players

ပြင်သစ်အသင်းမှာ ရီးယဲလ်နောက်ခံလူ ဗာရန်း Varane ၊ ဘာစီလိုနာနောက်ခံလူ အမ်တီတီ Umtiti ၊ အက်သလက်တီကိုနောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ် Lucas Hernández ၊ အက်သလက်တီကို ကွင်းလယ်ကစားသမားသစ် လူမာ Lemar ၊ ဆီဗီလာ ကွင်းလယ်လူ အန်ဇွန်ဇီ Nzonzi ၊ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်း Griezmann ၊ ဘာစီလိုနာအသင်းက အူစမန်ဒမ်ဘီလီ Ousmane Dembélé စတဲ့ ကစားသမားတွေ ပါဝင်နေတယ်။

Croatia-Players2

Croatia-Players2

ခရိုအေးရှားအသင်းမှာတော့ အက်သလက်တီကိုနောက်ခံလူ ဗာဆယ်လ်ကို Vrsaljko ၊ ဘာစီလိုနာကွင်းလယ်လူ ရာကီတစ် Rakitić ၊ ရီးယဲလ်ကွင်းလယ်လူတွေဖြစ်ကြတဲ့ ကိုဗာချစ် Kovačić ၊ မိုဒရစ် Modrić စတဲ့ကစားသမားတွေ ပါဝင်နေတာဖြစ်ပါတယ်။ အသင်းလိုက် ကစားသမားအများဆုံးအဖြစ် အက်သလက်တီကိုအသင်းက (၄)ဦး၊ ရီးယဲလ်နဲ့ဘာစီလိုနာက(၃)ဦး၊ ဆီဗီလာက (၁)ဦးစီ ပါဝင်ခဲ့ကြတာပါ။ ကဲ ပရိသတ်ကြီးရေ ..လာမယ့် ကမ္ဘာ့ဖလားကို အက်သလက်တီကို၊ ဘာစီလိုနာ၊ ရီးယဲလ်အသင်းက ဘယ်ကစားသမားတွေ ကိုင်မြှောက်ခွင့်ရမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်လား . . .

REF:Marca
Photo:cannockchaseradio,basildonstandard
Naing Linn(Akhayar)
www.akhayar.com