[Zawgyi]

FIFA ဂိမ္းဇာတ္ေကာင္ရဲ႕ နာမည္ပါဂ်ာစီကို ရိုက္ႏွိပ္ေရာင္းခ်ခဲ့တဲ့ ရီးယဲလ္အသင္း

စပိန္လာလီဂါ ထိပ္သီးရီးယဲလ္အသင္းဟာ FIFA ေဘာလံုးဂိမ္းထဲမွာ ပါဝင္တဲ့ ဇာတ္ေကာင္ရဲ႕ နာမည္ပါဂ်ာစီကို တရားဝင္ ရိုက္ႏွိပ္ေရာင္းခ်ခဲ့ပါတယ္။ နာမည္ေက်ာ္ ေဘာလံုးဂိမ္းတစ္ခုျဖစ္တဲ့ FIFA ဂိမ္းထဲမွာ လူႀကိဳက္မ်ားတဲ့ ဇာတ္ေကာင္တစ္ဦးျဖစ္တဲ့ အဲလက္စ္ဟန္တာ Alex Hunter ရဲ႕ နာမည္နဲ႔ ေက်ာနံပါတ္ပါဂ်ာစီကို ရီးယဲလ္အသင္းက ရိုက္ႏွိပ္ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကစတင္ၿပီး FIFA ဂိမ္းဇာတ္ေကာင္ Hunter အမည္နဲ႔ ေက်ာနံပါတ္ (၂၉)ပါ ဂ်ာစီကို (၁၃၂)ေပါင္နဲ႔ ရီးယဲလ္အသင္းက တရားဝင္ေရာင္းခ်ခဲ့တာပါ။

Alex-Hunter

Alex-Hunter

အဲလက္စ္ဟန္တာ Alex Hunter ဟာ FIFA 19 ဂိမ္းထဲမွာပါဝင္တဲ့ ‘The Journey’ ဆိုတဲ့ Game Mode မွာ အဓိကဇာတ္ေကာင္အျဖစ္ ပါဝင္ခဲ့တာျဖစ္ၿပီး ေက်ာင္းသားဘဝကေန ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘဝကို ကူးေျပာင္းခဲ့တဲ့ ဇာတ္ေကာင္တစ္ဦးပါပဲ။ ၿပီးခဲ့တဲ့ တစ္ပတ္က Story Mode ပံုစံနဲ႔ ကစားရတဲ့ အဲဒီ Game Mode မွာ အဲလက္စ္ဟန္တာ Alex Hunter ဟာ ရီးယဲလ္အသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ FIFA ဂိမ္းကို ဖန္တီးေရးဆြဲခဲ့တဲ့ EA Sports နဲ႔ ရီးယဲလ္အသင္းတို႔ ညွိႏႈိင္းမႈေတြ ျပဳလုပ္ခဲ့ၿပီး အဲလက္စ္ဟန္တာ Alex Hunter ရဲ႕ အေျပာင္းအေရႊ႕ ဗီဒီယိုဖိုင္ကို လူမႈကြန္ရက္စာမ်က္ႏွာေတြထက္မွာေဖာ္ျပခဲ့ပါတယ္။  အဲလက္စ္ဟန္တာ Alex Hunter ရဲ႕ အေျပာင္းအေရႊ႕ဗီဒီယိုဖိုင္မွာ ဗာရန္း Varane ၊ ကာဗာဟယ္လ္ Cavajal ၊ သီယုိဟာနန္ဒက္ဇ္ Theo Hernandez နဲ႔ စီဘယ္လ္ယို႔စ္ Ceballos တို႔ပါ ဇာတ္ေကာင္ေတြအေနနဲ႔ ပါဝင္ခဲ့ပါတယ္။

Real-Madrid-are-selling-a-shirt-for-a-player

Real-Madrid-are-selling-a-shirt-for-a-player

ရီးယဲလ္အသင္းရဲ႕ တရားဝင္ဝက္ဘ္ဆိုက္ကေန တကယ့္အေျပာင္းအေရႊ႕တစ္ခုလို အသင္းလူစာရင္းမွာ အဲလက္စ္ဆန္ဒရို Alex Sandro ရဲ႕ နာမည္ကိုပါ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။ အဲလက္စ္ဟန္တာ Alex Hunter အမည္ပါ လက္ရွည္အက်ႌကို (၁၃၂.၉၀)ေပါင္နဲ႔ ေရာင္းခ်ခဲ့ၿပီး Replica လက္တိုအက်ႌကို (၇၇.၉၀)ေပါင္နဲ႔ ေရာင္းခ်ခဲ့ပါတယ္။ “Hunter 29” ဂ်ာစီကို အျဖဴေရာင္အိမ္ကြင္းဂ်ာစီ၊ အမဲေရာင္အေဝးကြင္းဂ်ာစီနဲ႔ ပန္းေရာင္ တတိယအေဝးကြင္းဂ်ာစီေတြပါ ဝယ္ယူႏုိင္ေၾကာင္း အသင္းပိုင္ Online Store ကေန ေဖာ္ျပခဲ့ပါတယ္။

REF:The Sun
Photo:The Sun, EA Sports
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

FIFA ဂိမ်းဇာတ်ကောင်ရဲ့ နာမည်ပါဂျာစီကို ရိုက်နှိပ်ရောင်းချခဲ့တဲ့ ရီးယဲလ်အသင်း

စပိန်လာလီဂါ ထိပ်သီးရီးယဲလ်အသင်းဟာ FIFA ဘောလုံးဂိမ်းထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်ရဲ့ နာမည်ပါဂျာစီကို တရားဝင် ရိုက်နှိပ်ရောင်းချခဲ့ပါတယ်။ နာမည်ကျော် ဘောလုံးဂိမ်းတစ်ခုဖြစ်တဲ့ FIFA ဂိမ်းထဲမှာ လူကြိုက်များတဲ့ ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ အဲလက်စ်ဟန်တာ Alex Hunter ရဲ့ နာမည်နဲ့ ကျောနံပါတ်ပါဂျာစီကို ရီးယဲလ်အသင်းက ရိုက်နှိပ်ရောင်းချခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစတင်ပြီး FIFA ဂိမ်းဇာတ်ကောင် Hunter အမည်နဲ့ ကျောနံပါတ် (၂၉)ပါ ဂျာစီကို (၁၃၂)ပေါင်နဲ့ ရီးယဲလ်အသင်းက တရားဝင်ရောင်းချခဲ့တာပါ။

Real-Madrid-have-made-the-announcement-ahead-of-the-release-of-FIFA-19

Real-Madrid-have-made-the-announcement-ahead-of-the-release-of-FIFA-19

အဲလက်စ်ဟန်တာ Alex Hunter ဟာ FIFA 19 ဂိမ်းထဲမှာပါဝင်တဲ့ ‘The Journey’ ဆိုတဲ့ Game Mode မှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး ကျောင်းသားဘဝကနေ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို ကူးပြောင်းခဲ့တဲ့ ဇာတ်ကောင်တစ်ဦးပါပဲ။ ပြီးခဲ့တဲ့ တစ်ပတ်က Story Mode ပုံစံနဲ့ ကစားရတဲ့ အဲဒီ Game Mode မှာ အဲလက်စ်ဟန်တာ Alex Hunter ဟာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ FIFA ဂိမ်းကို ဖန်တီးရေးဆွဲခဲ့တဲ့ EA Sports နဲ့ ရီးယဲလ်အသင်းတို့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး အဲလက်စ်ဟန်တာ Alex Hunter ရဲ့ အပြောင်းအရွှေ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်စာမျက်နှာတွေထက်မှာဖော်ပြခဲ့ပါတယ်။ အဲလက်စ်ဟန်တာ Alex Hunter ရဲ့ အပြောင်းအရွှေ့ဗီဒီယိုဖိုင်မှာ ဗာရန်း Varane ၊ ကာဗာဟယ်လ် Cavajal ၊ သီယိုဟာနန်ဒက်ဇ် Theo Hernandez နဲ့ စီဘယ်လ်ယို့စ် Ceballos တို့ပါ ဇာတ်ကောင်တွေအနေနဲ့ ပါဝင်ခဲ့ပါတယ်။

Real-Madrid-officially-announced-the-signing-of-Alex-Hunter-on-social-media

Real-Madrid-officially-announced-the-signing-of-Alex-Hunter-on-social-media

ရီးယဲလ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ တကယ့်အပြောင်းအရွှေ့တစ်ခုလို အသင်းလူစာရင်းမှာ အဲလက်စ်ဆန်ဒရို Alex Sandro ရဲ့ နာမည်ကိုပါ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အဲလက်စ်ဟန်တာ Alex Hunter အမည်ပါ လက်ရှည်အင်္ကျီကို (၁၃၂.၉၀)ပေါင်နဲ့ ရောင်းချခဲ့ပြီး Replica လက်တိုအင်္ကျီကို (၇၇.၉၀)ပေါင်နဲ့ ရောင်းချခဲ့ပါတယ်။ “Hunter 29” ဂျာစီကို အဖြူရောင်အိမ်ကွင်းဂျာစီ၊ အမဲရောင်အဝေးကွင်းဂျာစီနဲ့ ပန်းရောင် တတိယအဝေးကွင်းဂျာစီတွေပါ ဝယ်ယူနိုင်ကြောင်း အသင်းပိုင် Online Store ကနေ ဖော်ပြခဲ့ပါတယ်။

REF:The Sun
Photo:The Sun, EA Sports
Aung Kyaw Wai (Akhayar)
www.akhayar.com