[Zawgyi]

ရီးယဲလ္မက္ဒရစ္အသင္းနဲ႔ သေဘာတူညီမႈရရိွခဲ႔တဲ႔ ဒီဘားလား Dybala

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တိုက္စစ္ကစားသမား ဒီဘားလား Dybala ဟာ စပိန္ထိပ္သီး ရီးယဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖို႔သေဘာတူညီမႈရရိွခဲ႔ျပီလို႔ ေကာလာဟလ သတင္းေတြထြက္ေပၚေနပါတယ္။ စီေရာ္နယ္လ္ဒို Cristiano Ronaldo အသင္းကေန ထြက္ခြာသြားခ်ိန္မွာေတာ႔ ရီးယဲလ္မက္ဒရစ္အသင္းဟာ ထိပ္တန္းအဆင္႔ရိွတိုက္စစ္ကစားသမား ရွာေဖြေနတဲ႔အသင္းျဖစ္ျပီး လက္ရိွမွာေတာ႔ ဒီဘားလား Dybala ကို ယူ႐ိုသန္း(၁၈၀)နဲ႔ေခၚယူဖို႔ သေဘာတူညီခဲ႔တယ္လို႔ အသံေတြထြက္ေနခဲ႔တာပါ။

Dybala

Dybala

ရီးယဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ႕တိုက္စစ္ကို ေတာ္ေတာ္ေလးအာ႐ံုစိုက္ေနတယ္လို႔ ယူဆရမွာျဖစ္ျပီး လူငယ္တိုက္စစ္မႈး မာရီယာႏို Mariano ကိုေခၚယူျပီးသိပ္မၾကာခင္မွာပဲ ဒီဘားလား Dybala နဲ႔ပတ္သက္တဲ႔သတင္းေတြဟာ ဆက္တိုက္ဆိုသလို ထြက္ေပၚလာခဲ႔တာပါ။ ဒီဘားလား Dybala ဟာ ျပီးခဲ႔တဲ႔ လာဇီယိုအသင္းနဲ႔ပြဲစဥ္မွာ ပြဲကစားခြင္႔ေပ်ာက္ဆံုးခဲ႔ျပီး အသင္းရဲ႕နည္းျပအယ္လီဂရီ Allegri နဲ႔လည္းဆက္ဆံေရးမေျပလည္မႈေတြရိွေနတယ္လို႔ သိရပါတယ္။ အသက္(၂၄)နွစ္အရြယ္ရိွျပီျဖစ္သူ ဒီဘားလား Dybala ဟာ လက္ရိွအခ်ိန္ထိ ဂ်ဴဗင္တပ္စ္အသင္းအတြက္ သြင္းဂိုး(၆၈)ဂိုးသြင္းယူထားသူပါ။ အေျပာင္းအေရႊ႕ကာလဟာ ျပီးဆံုးဖို႔သိပ္မလိုေတာ႔သလို ဒီဘားလား Dybala အေနနဲ႔ ရီးယဲလ္မက္ဒရစ္အသင္းကို ေရာက္ရိွလာရင္ ေက်ာနံပါတ္(၇)ကို၀တ္ဆင္ဖို႔ရိွတယ္လို႔ သတင္းေတြကေဖာ္ျပေနၾကပါတယ္။ ရီးယဲလ္မက္ဒရစ္အသင္းဟာ တန္ဖိုးျမင္႔ အေျပာင္းအေရႊ႕ေတြျပဳလုပ္ေလ႔ရိွတဲ႔ အသင္းျဖစ္တာေၾကာင္႔ လက္ရိွအေနအထားဟာ ေစာင္႔ၾကည္႔ခ်င္စရာျဖစ္လာခဲ႔ပါျပီ။

Ref:Onefootball
Photo: Squawka , The Independent
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့တဲ့ ဒီဘားလား Dybala

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒီဘားလား Dybala ဟာ စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီလို့ ကောလာဟလ သတင်းတွေထွက်ပေါ်နေပါတယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo အသင်းကနေ ထွက်ခွာသွားချိန်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ထိပ်တန်းအဆင့်ရှိတိုက်စစ်ကစားသမား ရှာဖွေနေတဲ့အသင်းဖြစ်ပြီး လက်ရှိမှာတော့ ဒီဘားလား Dybala ကို ယူရိုသန်း(၁၈၀)နဲ့ခေါ်ယူဖို့ သဘောတူညီခဲ့တယ်လို့ အသံတွေထွက်နေခဲ့တာပါ။

Dybala

Dybala

ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့တိုက်စစ်ကို တော်တော်လေးအာရုံစိုက်နေတယ်လို့ ယူဆရမှာဖြစ်ပြီး လူငယ်တိုက်စစ်မှုး မာရီယာနို Mariano ကိုခေါ်ယူပြီးသိပ်မကြာခင်မှာပဲ ဒီဘားလား Dybala နဲ့ပတ်သက်တဲ့သတင်းတွေဟာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့တာပါ။ ဒီဘားလား Dybala ဟာ ပြီးခဲ့တဲ့ လာဇီယိုအသင်းနဲ့ပွဲစဉ်မှာ ပွဲကစားခွင့်ပျောက်ဆုံးခဲ့ပြီး အသင်းရဲ့နည်းပြအယ်လီဂရီ Allegri နဲ့လည်းဆက်ဆံရေးမပြေလည်မှုတွေရှိနေတယ်လို့ သိရပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ဒီဘားလား Dybala ဟာ လက်ရှိအချိန်ထိ ဂျူဗင်တပ်စ်အသင်းအတွက် သွင်းဂိုး(၆၈)ဂိုးသွင်းယူထားသူပါ။  အပြောင်းအရွှေ့ကာလဟာ ပြီးဆုံးဖို့သိပ်မလိုတော့သလို ဒီဘားလား Dybala အနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာရင် ကျောနံပါတ်(၇)ကိုဝတ်ဆင်ဖို့ရှိတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ တန်ဖိုးမြင့် အပြောင်းအရွှေ့တွေပြုလုပ်လေ့ရှိတဲ့ အသင်းဖြစ်တာကြောင့် လက်ရှိအနေအထားဟာ စောင့်ကြည့်ချင်စရာဖြစ်လာခဲ့ပါပြီ။

Ref:Onefootball
Photo: Squawka , The Independent
Ko Kyue(Akhayar)
www.akhayar.com