[Zawgyi]

Adidas နဲ႔ ယူ႐ုိသန္း(၁၁၀၀)တန္ဖုိးရွိတဲ့ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိဖုိ႔ ရီးယဲလ္ သေဘာတူညီမႈရခဲ့ၿပီ

လာလီဂါထိပ္သီး ရီးယဲလ္အသင္းဟာ ကြင္းတြင္းမွာ ရလဒ္ဆုိးေတြနဲ႔ ရင္ဆုိင္ေနရေပမယ့္ စီးပြားေရး ေစ်းကြက္အတြင္းမွာ သူတို႔ရဲ႕ အမွတ္တံဆိပ္ကေတာ့ ခုိင္မာေနဆဲပါပဲ။ ၿပီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီမွာ ရီးယဲလ္အသင္းရဲ႕ ၀င္ေငြက ယူ႐ုိ(၇၅၁)သန္းအထိ ရရွိခဲ့ၿပီး ၂၀၁၆-၁၇ ရာသီကထက္ (၁၁)ရာခုိင္ႏႈန္း ပုိမ်ားျပားခဲ့တယ္။ ရီးယဲလ္အသင္းရဲ႕ စီးပြားေရးေစ်းကြက္က ပုိမုိႀကီးမားလာၿပီး အခုဆုိရင္ နာမည္ေက်ာ္ အားကစား ကုမၸဏီျဖစ္တဲ့ Adidas နဲ႔ (၁၀)ႏွစ္ စာခ်ဳပ္သက္တမ္းတိုးေတာ့မွာျဖစ္သလုိ အဲဒီကေန စုစုေပါင္း ယူ႐ုိသန္း(၁၁၀၀)အထိ ရရွိမွာျဖစ္ပါတယ္။

Real-madrid-players

Real-madrid-players

အခုေလာေလာဆယ္ Adidas နဲ႔ ခ်ဳပ္ဆုိထားတဲ့ စပြန္ဆာစာခ်ဳပ္အရ ရီးယဲလ္အသင္းဟာ (၁)ႏွစ္ကုိ ယူ႐ုိ(၃၈)သန္း ရရွိေနၿပီး ၂၀၂၀ က်ရင္ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာ ျဖစ္ပါတယ္။ စာခ်ဳပ္သစ္အရ အဲဒီပမာဏရဲ႕ (၃)ဆနီးပါးျဖစ္တဲ့ ယူ႐ုိသန္း(၁၁၀)အထိ ရရွိသြားမွာပါ။ ဒါ့အျပင္ ေစ်းကြက္၀ယ္လုိအားအေပၚ မူတည္ၿပီး ယူ႐ုိသန္း(၁၁၀)ကေန ယူ႐ုိသန္း(၁၅၀)အထိ ျမင့္တက္လာဖုိ႔ ရွိေနပါတယ္။ ရီးယဲလ္အသငး္ဟာ ၁၉၈၆ ခုႏွစ္မွာ Adidas ကုမၸဏီနဲ႔ စတင္လက္တဲြခဲ့ၿပီး သူတို႔အသင္းရဲ႕ သမုိင္းတစ္ေလွ်ာက္ ပထမဆုံး၀တ္စုံစပြန္ဆာ ကုမၸဏီလည္းျဖစ္ပါတယ္။ ၁၉၉၄ အထိ လက္တဲြခဲ့ၿပီး အဲဒီေနာက္မွာေတာ့ Hummel ၊ Kelme တို႔ကုိ ေျပာင္းလဲခ့ဲေပမယ့္ ၁၉၉၈ မွာေတာ့ Adidas နဲ႔ ျပန္လည္လက္တဲြခဲ့ပါတယ္။ အဲဒီကစလုိ႔ အခုအခ်ိန္အထိ Adidas ကုမၸဏီတစ္ခုတည္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး အခုလည္း ေနာက္ထပ္(၁၀)ႏွစ္ သက္တမ္းတိုးလုိက္ၿပီျဖစ္ပါတယ္။ အခုေလာေလာဆယ္ ၀တ္စုံစပြန္ဆာ တန္ဖုိးအမ်ားဆုံး အသင္းစာရင္းမွာ ဘာစီလုိနာအသင္းက ဦးေဆာင္ေနၿပီး ရီးယဲလ္အသင္းက အဆင့္(၅)ေနရာမွာ ရပ္တည္ေနပါတယ္။

Real-Madrid-and-Adidas

Real-Madrid-and-Adidas

၀တ္စုံစပြန္ဆာ တန္ဖုိးအမ်ားဆုံး အသငး္မ်ား
ဘာစီလုိနာ- Nike – ယူ႐ုိ ၁၁၄.၅ သန္း
မန္ယူ – Adidas – ယူ႐ုိ ၈၅.၈၇ သန္း
ခ်ယ္လ္ဆီး – Nike – ယူ႐ုိ ၆၈.၇ သန္း
ဘုိင္ယန္ျမဴးနစ္ – Adidas – ယူ႐ုိ ၄၈.၆၆ သန္း
ရီးယဲလ္ – Adidas – ယူ႐ုိ (၃၈)သန္း

REF:Marca
Photo:AS English, Youtube,AFP
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Adidas နဲ့ ယူရိုသန်း(၁၁၀၀)တန်ဖိုးရှိတဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ရီးယဲလ် သဘောတူညီမှုရခဲ့ပြီ

လာလီဂါထိပ်သီး ရီးယဲလ်အသင်းဟာ ကွင်းတွင်းမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပေမယ့် စီးပွားရေး ဈေးကွက်အတွင်းမှာ သူတို့ရဲ့ အမှတ်တံဆိပ်ကတော့ ခိုင်မာနေဆဲပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီမှာ ရီးယဲလ်အသင်းရဲ့ ဝင်ငွေက ယူရို(၇၅၁)သန်းအထိ ရရှိခဲ့ပြီး ၂၀၁၆-၁၇ ရာသီကထက် (၁၁)ရာခိုင်နှုန်း ပိုများပြားခဲ့တယ်။ ရီးယဲလ်အသင်းရဲ့ စီးပွားရေးဈေးကွက်က ပိုမိုကြီးမားလာပြီး အခုဆိုရင် နာမည်ကျော် အားကစား ကုမ္ပဏီဖြစ်တဲ့ Adidas နဲ့ (၁၀)နှစ် စာချုပ်သက်တမ်းတိုးတော့မှာဖြစ်သလို အဲဒီကနေ စုစုပေါင်း ယူရိုသန်း(၁၁၀၀)အထိ ရရှိမှာဖြစ်ပါတယ်။

Real-madrid-players

Real-madrid-players

အခုလောလောဆယ် Adidas နဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်အရ ရီးယဲလ်အသင်းဟာ (၁)နှစ်ကို ယူရို(၃၈)သန်း ရရှိနေပြီး ၂၀၂၀ ကျရင် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ စာချုပ်သစ်အရ အဲဒီပမာဏရဲ့ (၃)ဆနီးပါးဖြစ်တဲ့ ယူရိုသန်း(၁၁၀)အထိ ရရှိသွားမှာပါ။ ဒါ့အပြင် ဈေးကွက်ဝယ်လိုအားအပေါ် မူတည်ပြီး ယူရိုသန်း(၁၁၀)ကနေ ယူရိုသန်း(၁၅၀)အထိ မြင့်တက်လာဖို့ ရှိနေပါတယ်။ ရီးယဲလ်အသင်းဟာ ၁၉၈၆ ခုနှစ်မှာ Adidas ကုမ္ပဏီနဲ့ စတင်လက်တွဲခဲ့ပြီး သူတို့အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးဝတ်စုံစပွန်ဆာ ကုမ္ပဏီလည်းဖြစ်ပါတယ်။ ၁၉၉၄ အထိ လက်တွဲခဲ့ပြီး အဲဒီနောက်မှာတော့ Hummel ၊ Kelme တို့ကို ပြောင်းလဲခဲ့ပေမယ့် ၁၉၉၈ မှာတော့ Adidas နဲ့ ပြန်လည်လက်တွဲခဲ့ပါတယ်။ အဲဒီကစလို့ အခုအချိန်အထိ Adidas ကုမ္ပဏီတစ်ခုတည်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အခုလည်း နောက်ထပ်(၁၀)နှစ် သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။ အခုလောလောဆယ် ဝတ်စုံစပွန်ဆာ တန်ဖိုးအများဆုံး အသင်းစာရင်းမှာ ဘာစီလိုနာအသင်းက ဦးဆောင်နေပြီး ရီးယဲလ်အသင်းက အဆင့်(၅)နေရာမှာ ရပ်တည်နေပါတယ်။

Real-Madrid-and-Adidas

Real-Madrid-and-Adidas

ဝတ်စုံစပွန်ဆာ တန်ဖိုးအများဆုံး အသင်းများ
ဘာစီလိုနာ- Nike – ယူရို ၁၁၄.၅ သန်း
မန်ယူ – Adidas – ယူရို ၈၅.၈၇ သန်း
ချယ်လ်ဆီး – Nike – ယူရို ၆၈.၇ သန်း
ဘိုင်ယန်မြူးနစ် – Adidas – ယူရို ၄၈.၆၆ သန်း
ရီးယဲလ် – Adidas – ယူရို (၃၈)သန်း

REF:Marca
Photo:AS English, Youtube,AFP
Naing Linn(Akhayar)
www.akhayar.com