[Zawgyi]

ေက္ာတိုအာ Courtois အတြက္ ခ်ယ္လ္ဆီးနဲ႔ သေဘာတူညီမႈရခဲ့တဲ့ ရီးယဲလ္

ဂိုးသမားသစ္တစ္ဦး ေခၚယူဖို႔ စီစဥ္ေနခဲ့တဲ့ ရီးယဲလ္အသင္းအေနနဲ႔ ေကာ္တိုအာ Courtois ကို ေခၚယူဖို႔ ခ်ယ္လ္ဆီးအသင္းနဲ႔ သေဘာတူညီမႈ ရယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ေနာက္ဆံုးရသတင္းေတြအရ ခ်ယ္လ္ဆီးအသင္းရဲ႕ အဓိကဂိုးသမား ေကာ္တိုအာ Courtois အတြက္ သေဘာတူညီမႈ ရယူႏိုင္ခဲ့တာျဖစ္ၿပီး ကလပ္ (၂)သင္းအၾကား ေနာက္ဆံုးအဆင့္ ေဆြးေႏြးမႈေတြကို ျပဳလုပ္ေနခဲ့ၿပီျဖစ္ပါတယ္။ စပိန္လာလီဂါထိပ္သီး ရီးယဲလ္အသင္းက ေကာ္တိုအာ Courtois စိတ္ဝင္စားေနေၾကာင္း သတင္းေတြ ထြက္ေပၚလာထဲက ကစားသမားကိုယ္တိုင္က ဥေရာပခ်န္ပီယံလိဂ္ (၃)ႀကိမ္ဆက္ ခ်န္ပီယံ ရီးယဲလ္အသင္းကို ေျပာင္းေရႊ႕ကစားဖို႔ ဆႏၵရွိေနခဲ့တာပါ။ အေစာပိုင္းက ျပင္သစ္အသင္းနဲ႔အတူ ကမၻာ႔ဖလားရယူႏိုင္ခဲ့တဲ့ စပါးဂိုးသမား လိုရစ္ Loris ကိုလည္း ပစ္မွတ္ထားခဲ့ေပမယ့္ အသက္အရြယ္ပိုင္းအရ အသင္းမွာ ကာလရွည္ ကစားေပးႏိုင္မယ့္ ေကာ္တိုအာ Courtois ကို ေခၚယူဖို႔ စီစဥ္ခဲ့တာပါ။

Thibaut-Courtois

Thibaut-Courtois

ရီးယဲလ္အသင္း တာဝန္ရွိသူေတြ ေျပာၾကားခ်က္အရ ေကာ္တိုအာ Courtois ကို ကမ္းလွမ္းမႈ မေအာင္ျမင္မွသာ ဒုတိယဦးစားေပးအေနနဲ႔ လိုရစ္ Loris ကို ေျပာင္းလဲ ေခၚယူဖို႔ စီစဥ္ထားခဲ့တာျဖစ္ပါတယ္။ စပါးအသင္းဥကၠဌ လီဗိုင္း Levy ကလည္း အသင္းအတြက္ အေရးပါတဲ့ ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ အသင္းကေန ေရာင္းခ်သြားမွာ မဟုတ္ေၾကာင္း အခုႏွစ္ေႏြရာသီ အေျပာင္းအေရႊ႕ကာလ အစပိုင္းထဲက ေျပာၾကားထားခဲ့ပါတယ္။ နည္းျပ ပိုခ်က္တီႏို Pochettino၊ တိုက္စစ္မွဴး ဟယ္ရီကိန္း Harry Kane နဲ႔ ဂိုးသမား လုိရစ္ Loris တို႔လို အသင္းမွာ အေရးပါတဲ့လူေတြအတြက္ ဘယ္ကမ္းလွမ္းမႈမ်ိဳးကိုမွ လက္ခံသြားမွာမဟုတ္ေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒို C.Ronaldo ထြက္ခြာသြားၿပီးေနာက္ပိုင္း အသင္းရဲ႕ ဥေရာပအရွိန္အဝါကို ဆက္ထိန္းႏို္င္ေစဖို႔ ဥေရာပနာမည္ေက်ာ္ ကစားသမားေတြကို ေခၚယူသြားဖို႔ ရီးယဲလ္အသင္းက စီစဥ္ေနခဲ့တာျဖစ္ပါတယ္။

REF:Daily Mail
Photo:Daily Post, The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ကေ်ာတိုအာ Courtois အတွက် ချယ်လ်ဆီးနဲ့ သဘောတူညီမှုရခဲ့တဲ့ ရီးယဲလ်

ဂိုးသမားသစ်တစ်ဦး ခေါ်ယူဖို့ စီစဉ်နေခဲ့တဲ့ ရီးယဲလ်အသင်းအနေနဲ့ ကော်တိုအာ Courtois ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးရသတင်းတွေအရ ချယ်လ်ဆီးအသင်းရဲ့ အဓိကဂိုးသမား ကော်တိုအာ Courtois အတွက် သဘောတူညီမှု ရယူနိုင်ခဲ့တာဖြစ်ပြီး ကလပ် (၂)သင်းအကြား နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေကို ပြုလုပ်နေခဲ့ပြီဖြစ်ပါတယ်။ စပိန်လာလီဂါထိပ်သီး ရီးယဲလ်အသင်းက ကော်တိုအာ Courtois စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာထဲက ကစားသမားကိုယ်တိုင်က ဥရောပချန်ပီယံလိဂ် (၃)ကြိမ်ဆက် ချန်ပီယံ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေခဲ့တာပါ။ အစောပိုင်းက ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ စပါးဂိုးသမား လိုရစ် Loris ကိုလည်း ပစ်မှတ်ထားခဲ့ပေမယ့် အသက်အရွယ်ပိုင်းအရ အသင်းမှာ ကာလရှည် ကစားပေးနိုင်မယ့် ကော်တိုအာ Courtois ကို ခေါ်ယူဖို့ စီစဉ်ခဲ့တာပါ။

Thibaut-Courtois

Thibaut-Courtois

ရီးယဲလ်အသင်း တာဝန်ရှိသူတွေ ပြောကြားချက်အရ ကော်တိုအာ Courtois ကို ကမ်းလှမ်းမှု မအောင်မြင်မှသာ ဒုတိယဦးစားပေးအနေနဲ့ လိုရစ် Loris ကို ပြောင်းလဲ ခေါ်ယူဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ စပါးအသင်းဥက္ကဌ လီဗိုင်း Levy ကလည်း အသင်းအတွက် အရေးပါတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အသင်းကနေ ရောင်းချသွားမှာ မဟုတ်ကြောင်း အခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလ အစပိုင်းထဲက ပြောကြားထားခဲ့ပါတယ်။ နည်းပြ ပိုချက်တီနို Pochettino၊ တိုက်စစ်မှူး ဟယ်ရီကိန်း Harry Kane နဲ့ ဂိုးသမား လိုရစ် Loris တို့လို အသင်းမှာ အရေးပါတဲ့လူတွေအတွက် ဘယ်ကမ်းလှမ်းမှုမျိုးကိုမှ လက်ခံသွားမှာမဟုတ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒို C.Ronaldo ထွက်ခွာသွားပြီးနောက်ပိုင်း အသင်းရဲ့ ဥရောပအရှိန်အဝါကို ဆက်ထိန်းနိုင်စေဖို့ ဥရောပနာမည်ကျော် ကစားသမားတွေကို ခေါ်ယူသွားဖို့ ရီးယဲလ်အသင်းက စီစဉ်နေခဲ့တာဖြစ်ပါတယ်။

REF:Daily Mail
Photo:Daily Post, The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com