[Zawgyi]

ရီးယဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈရရိွခဲ႔တဲ႔ အက္စ္ပတ္စ္ Aspas

ဆယ္လ္တာဗီဂိုအသင္းရဲ႕ တိုက္စစ္မႈး အက္စ္ပတ္စ္ Aspas ဟာ လာလီဂါထိပ္သီး ရီးယဲလ္အသင္းကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈရရိွခဲ႔ျပီလို႔ အံအားသင္႔ဖြယ္ သတင္းေတြထြက္ေပၚေနပါတယ္။ စီေရာ္နယ္လ္ဒို Cristiano Ronaldo အသင္းကေန ထြက္ခြာခဲ႔ခ်ိန္ကတည္းက ရီးယဲလ္အသင္းဟာ တိုက္စစ္ကစားသမားရွာေဖြခဲ႔ျပီး ေနမာ Neymar ၊ ဘာေပ Mbappé ၊ ဟာဇက္ Hazard တို႔ကိုပစ္မွတ္ထားခဲ႔ပါတယ္။ ရီးယဲလ္အသင္းဟာ နာမည္ၾကီးတိုက္စစ္မႈးေတြကို ပစ္မွတ္ထားခဲ႔ေပမယ္႕ လက္ေတြ႕မွာေတာ႔ အက္စ္ပတ္စ္ Aspas လို သာမန္အဆင္႔တိုက္စစ္မႈးတစ္ဦးနဲ႔ပဲ စခန္းသြားမယ္႔ အေနအထားျဖစ္ေနပါျပီ။ ရီးယဲလ္အသင္းအေနနဲ႔  အက္စ္ပတ္စ္ Aspas ကို  ေျပာင္းေရႊ႕ေၾကး ေပါင္(၃၆)သန္းနဲ႔ ေခၚယူေတာ႔မယ္လို႔ သတင္းေတြအရသိရပါတယ္။

Aspas

Aspas

အသက္(၃၁)ႏွစ္အရြယ္ရိွျပီျဖစ္သူ အက္စ္ပတ္စ္ Aspas ဟာ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးလ္အသင္းမွာကစားခဲ႔သူ ျဖစ္ျပီး ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ႔ရပါတယ္။ အက္စ္ပတ္စ္ Aspas ဟာ ဆယ္လ္တာဗီဂိုအသင္းမွာ ပထမတစ္ၾကိမ္ ကစားခဲ႔ဖူးသူျဖစ္ျပီး ၂၀၁၅ ခုႏွစ္မွာေတာ႔ ဆယ္လ္တာဗီဂိုအသင္းကို ျပန္လည္ေရာက္ရိွလာခဲ႔သူပါ။  အက္စ္ပတ္စ္ Aspas ဟာ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက ဆယ္လ္တာဗီဂိုအသင္းမွာ ေျခစြမ္းျပကစားႏိုင္ခဲ႔ပါတယ္။ ျပီးခဲ႔တဲ႔ ၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲ၀င္ စပိန္အသင္းမွာလည္း အက္စ္ပတ္စ္ Aspas ဟာပါ၀င္ခဲ႔ျပီး အသင္းအတြက္ သြင္းဂိုး(၁)ဂိုး သြင္းယူႏိုင္ခဲ႔ပါတယ္။ ရီးယဲလ္အသင္းနဲ႔ အက္စ္ပတ္စ္ Aspas တို႔ရဲ႕ အေျပာင္းအေရႊ႕ဟာ အမွန္တကယ္ျဖစ္ေပၚလာမလား ဆိုတာကိုေတာ႔ဆက္လက္ ေစာင္႔ၾကည္႔သြားရမွာပဲ ျဖစ္ပါတယ္။

Ref: Daily Mail
Photo: El País , La Región
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အက်စ်ပတ်စ် Aspas

ဆယ်လ်တာဗီဂိုအသင်းရဲ့ တိုက်စစ်မှုး အက်စ်ပတ်စ် Aspas ဟာ လာလီဂါထိပ်သီး ရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ အံအားသင့်ဖွယ် သတင်းတွေထွက်ပေါ်နေပါတယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo အသင်းကနေ ထွက်ခွာခဲ့ချိန်ကတည်းက ရီးယဲလ်အသင်းဟာ တိုက်စစ်ကစားသမားရှာဖွေခဲ့ပြီး နေမာ Neymar ၊ ဘာပေ Mbappé ၊ ဟာဇက် Hazard တို့ကိုပစ်မှတ်ထားခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ နာမည်ကြီးတိုက်စစ်မှုးတွေကို ပစ်မှတ်ထားခဲ့ပေမယ့် လက်တွေ့မှာတော့ အက်စ်ပတ်စ် Aspas လို သာမန်အဆင့်တိုက်စစ်မှုးတစ်ဦးနဲ့ပဲ စခန်းသွားမယ့် အနေအထားဖြစ်နေပါပြီ။ ရီးယဲလ်အသင်းအနေနဲ့  အက်စ်ပတ်စ် Aspas ကို  ပြောင်းရွှေ့ကြေး ပေါင်(၃၆)သန်းနဲ့ ခေါ်ယူတော့မယ်လို့ သတင်းတွေအရသိရပါတယ်။

Aspas

Aspas

အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ အက်စ်ပတ်စ် Aspas ဟာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းမှာကစားခဲ့သူ ဖြစ်ပြီး ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အက်စ်ပတ်စ် Aspas ဟာ ဆယ်လ်တာဗီဂိုအသင်းမှာ ပထမတစ်ကြိမ် ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ ဆယ်လ်တာဗီဂိုအသင်းကို ပြန်လည်ရောက်ရှိလာခဲ့သူပါ။  အက်စ်ပတ်စ် Aspas ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆယ်လ်တာဗီဂိုအသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းမှာလည်း အက်စ်ပတ်စ် Aspas ဟာပါဝင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုး(၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ရီးယဲလ်အသင်းနဲ့ အက်စ်ပတ်စ် Aspas တို့ရဲ့ အပြောင်းအရွှေ့ဟာ အမှန်တကယ်ဖြစ်ပေါ်လာမလား ဆိုတာကိုတော့ဆက်လက် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

Ref: Daily Mail
Photo: El País , La Región
Ko Kyue(Akhayar)
www.akhayar.com