[Zawgyi]

ခ်န္ပီယံလိဂ္ (၃)ႏွစ္ဆက္ ခ်န္ပီယံဘဲြ႔အျပင္ WWE ခ်န္ပီယံဘဲြ႕ပါ ထပ္တိုးလာတဲ့ ရီးယဲလ္

လာလီဂါထိပ္သီး ရီးယဲလ္ Real Madrid အသငး္ကေတာ့ ခ်န္ပီယံလိဂ္ဖလားကုိ (၃)ႏွစ္ဆက္ရရွိခဲ့တဲ့ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္း၀င္ခ့ဲရုံသာမကဘဲ အခုဆုိရင္ နာမည္ေက်ာ္ WWE ခ်န္ပီယံဘြဲ႕ကုိပါ ပုိင္ဆုိင္ခဲ့ပါၿပီ။ WWE ဆုိတာက အားလုံးသိတဲ့အတိုင္းပဲ ကမၻာတစ္၀ွမ္းက ပရိသတ္ေတြ အ႐ူးအမူးၾကည့္႐ူအားေပးေနတဲ့ Wrestle ၿပိဳင္ပဲြတစ္ခုျဖစ္ၿပီး အဲဒီၿပိဳင္ပဲြရဲ႕ အမႈေဆာင္ဒုဥကၠဌျဖစ္သူ Triple H (နာမည္ရင္း Paul Michael Levesque)က ခ်န္ပီယံလိဂ္ဖလား (၃)ႏွစ္ဆက္ရခဲ့တဲ့ ရီးယဲလ္အသင္းကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ရီးယဲလ္တံဆိပ္ပါ WWE ခါးပတ္ကုိ ျပဳလုပ္ေပးအပ္ခဲ့တာျဖစ္ပါတယ္။

Triple-H-congratulated-Los-Blancos-on-social-media

Triple-H-congratulated-Los-Blancos-on-social-media

Triple H က သူ႔ Twitter စာမ်က္ႏွာမွာ “ခ်န္ပီယံလိဂ္ဖလားကုိ (၃)ႏွစ္ဆက္ရခဲ့ၿပီးတဲ့ေနာက္ အခုအခ်ိန္ဟာ ရီးယဲလ္အသင္းအေနနဲ႔ WWE ခ်န္ပီယံလုိ ေအာင္ပဲြခံရမယ့္အခ်ိန္ေရာက္လာပါၿပီ။ Hala Madrid”ဆုိၿပီး ဂုဏ္ျပဳေရးသားခဲ့တယ္။ အဲဒီ ခါးပတ္ကုိ ၿပီးခဲ့တဲ့တနလၤာေန႔က ရီးယဲလ္ကစားသမားႏွစ္ဦးျဖစ္တဲ့ ဗက္ဇ္ေကး Vazquez ၊ ကာဗာဟယ္လ္ Carvajal တို႔က လက္ခံရယူခဲ့ၿပီး သူတို႔ရဲ႕ Twitter စာမ်က္ႏွာမွာ Post တင္ခဲ့ပါေသးတယ္။

Dani-Carvajal-and-Lucas-Vazquez-received-the-title

Dani-Carvajal-and-Lucas-Vazquez-received-the-title

WWE ၿပိဳင္ပဲြဟာ အရင္ကတည္းက အားကစားေလာကရဲ႕ နာမည္ေက်ာ္လူပုဂၢိဳလ္ေတြနဲ႔ အသင္းေတြကုိ ေအာင္ျမင္မႈအေပၚ မူတည္ၿပီး WWE ဂုဏ္ထူးေဆာင္ခါးပတ္ ခ်ီးျမႇင့္ခဲ့တာပါ။ WWE ဂုဏ္ထူးေဆာင္ ခါးပတ္ကုိ ခ်ယ္လ္ဆီး၊ မန္စီးတီး၊ ဘုိကာဂ်ဴနီယာ၊ the Golden State Warriors (ဘက္စကတ္ေဘာ)၊ Cleveland Cavaliers (ဘက္စကတ္ေဘာ) စတဲ့အသင္းေတြအျပင္ နာမည္ႀကီး တင္းနစ္မယ္ ဆရီနာ၀ီလီယံ Serena Williams တို႔လည္း ရရွိခဲ့ဖူးပါတယ္။

ရီးယဲလ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ မွတ္တမ္း

UEFA Champions League-13 Times – 1955–56, 1956–57, 1957–58, 1958–59, 1959–60, 1965–66, 1997–98, 1999–2000, 2001–02, 2013–14, 2015–16, 2016–17, 2017–18

REF:AS,Express
Photo:Twitter,The National,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ် (၃)နှစ်ဆက် ချန်ပီယံဘွဲ့အပြင် WWE ချန်ပီယံဘွဲ့ပါ ထပ်တိုးလာတဲ့ ရီးယဲလ်

လာလီဂါထိပ်သီး ရီးယဲလ် Real Madrid အသင်းကတော့ ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက်ရရှိခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ရုံသာမကဘဲ အခုဆိုရင် နာမည်ကျော် WWE ချန်ပီယံဘွဲ့ကိုပါ ပိုင်ဆိုင်ခဲ့ပါပြီ။ WWE ဆိုတာက အားလုံးသိတဲ့အတိုင်းပဲ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ အရူးအမူးကြည့်ရူအားပေးနေတဲ့ Wrestle ပြိုင်ပွဲတစ်ခုဖြစ်ပြီး အဲဒီပြိုင်ပွဲရဲ့ အမှုဆောင်ဒုဥက္ကဌဖြစ်သူ Triple H (နာမည်ရင်း Paul Michael Levesque)က ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက်ရခဲ့တဲ့ ရီးယဲလ်အသင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ရီးယဲလ်တံဆိပ်ပါ WWE ခါးပတ်ကို ပြုလုပ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

Triple-H-congratulated-Los-Blancos-on-social-media

Triple-H-congratulated-Los-Blancos-on-social-media

Triple H က သူ့ Twitter စာမျက်နှာမှာ “ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက်ရခဲ့ပြီးတဲ့နောက် အခုအချိန်ဟာ ရီးယဲလ်အသင်းအနေနဲ့ WWE ချန်ပီယံလို အောင်ပွဲခံရမယ့်အချိန်ရောက်လာပါပြီ။ Hala Madrid”ဆိုပြီး ဂုဏ်ပြုရေးသားခဲ့တယ်။ အဲဒီ ခါးပတ်ကို ပြီးခဲ့တဲ့တနင်္လာနေ့က ရီးယဲလ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဗက်ဇ်ကေး Vazquez ၊ ကာဗာဟယ်လ် Carvajal တို့က လက်ခံရယူခဲ့ပြီး သူတို့ရဲ့ Twitter စာမျက်နှာမှာ Post တင်ခဲ့ပါသေးတယ်။

Dani-Carvajal-and-Lucas-Vazquez-received-the-title

Dani-Carvajal-and-Lucas-Vazquez-received-the-title

WWE ပြိုင်ပွဲဟာ အရင်ကတည်းက အားကစားလောကရဲ့ နာမည်ကျော်လူပုဂ္ဂိုလ်တွေနဲ့ အသင်းတွေကို အောင်မြင်မှုအပေါ် မူတည်ပြီး WWE ဂုဏ်ထူးဆောင်ခါးပတ် ချီးမြှင့်ခဲ့တာပါ။ WWE ဂုဏ်ထူးဆောင် ခါးပတ်ကို ချယ်လ်ဆီး၊ မန်စီးတီး၊ ဘိုကာဂျူနီယာ၊ the Golden State Warriors (ဘက်စကတ်ဘော)၊ Cleveland Cavaliers (ဘက်စကတ်ဘော) စတဲ့အသင်းတွေအပြင် နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလီယံ Serena Williams တို့လည်း ရရှိခဲ့ဖူးပါတယ်။

ရီးယဲလ်အသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှု မှတ်တမ်း

UEFA Champions League-13 Times – 1955–56, 1956–57, 1957–58, 1958–59, 1959–60, 1965–66, 1997–98, 1999–2000, 2001–02, 2013–14, 2015–16, 2016–17, 2017–18

REF:AS,Express
Photo:Twitter,The National,
Naing Linn(Akhayar)
www.akhayar.com