[Zawgyi]

ယခုႏွစ္ေႏြရာသီမွာ Cristiano Ronaldo ကုိ ေရာင္းခ်မယ္လုိ႔ Real Madrid အတည္ျပဳလုိက္ၿပီ

Real Madrid အသင္းဟာ ယခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ အဓိကတုိက္စစ္မွဴး Cristiano Ronaldo ကုိ ေရာင္းခ်ဖြယ္ရွိတယ္လုိ႔ စပိန္အားကစားသတင္းစာ Diario Gol က အတည္ျပဳေဖာ္ျပလုိက္ပါတယ္။ (၃၃) ႏွစ္ရွိလာၿပီျဖစ္တဲ့ Cristiano Ronaldo ဟာ အသင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနၿပီး အဓိကၿပိဳင္ဘက္ Messi ၊ Neymar တုိ႔ထက္ မေလ်ာ့တဲ့ လစာႏႈန္းထားနဲ႔ ကမ္းလွမ္းမွသာ စာခ်ဳပ္သက္တမ္းတုိးဖြယ္ရွိပါတယ္။ Cristiano Ronaldo ဟာ ကမၻာ့ဖလားပြဲၿပီးရင္ အသင္းကေန ထြက္ခြာမယ္လုိ႔ ကစားေဖာ္ေတြကုိ အသိေပးခဲ့ေၾကာင္း စပိန္သတင္းစာက ဆက္လက္ေဖာ္ျပခဲ့ပါတယ္။

Real Madrid အသင္းဥကၠဌ Florentino Pérez အေနနဲ႔ အသက္အရြယ္ရလာၿပီျဖစ္တဲ့ Cristiano Ronaldo ကုိ ျမင့္မားတဲ့ လစာနဲ႔ စာခ်ဳပ္သက္တမ္းရွည္ တုိးဖြယ္မရွိဘဲ Neymar ၊ Salah တုိ႔လုိ လူငယ္တုိက္စစ္မွဴးေတြနဲ႔သာ အစားထုိးဖြယ္ရွိပါတယ္။

Cristiano Ronaldo ဟာ တစ္ပတ္လုပ္ခ ၃၆၅,ဝဝဝ ေပါင္ (အခြန္ေဆာင္ၿပီး) ရရွိေနၿပီး ၂ဝ၂၁ခုႏွစ္ ဇြန္လ (၃ဝ) ရက္ေန႔မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Real Madrid အသင္းအေနနဲ႔လည္း Cristiano Ronaldo ေျခစြမ္းေကာင္းတုန္းမွာ ေရာင္းခ်ဖြယ္ရွိပါတယ္။

PSG အသင္းကလည္း Cristiano Ronaldo ကုိ စိတ္ဝင္စားေနၿပီး အသင္းေဟာင္း Manchester United ကလည္း မ်က္စိက်ေနပါတယ္။ သူ႕အေနနဲ႔ လက္ရွိအခ်ိန္မွာ ကမၻာ့ဖလားပြဲကုိသာ အာရုံစုိက္ေနၿပီး ေပၚတူဂီလက္ေရြးစင္အသင္းအတြက္ (၄) ဂုိးသြင္းယူထားပါတယ္။

Cristiano Ronaldo အေနနဲ႔ သူက်င္လည္ခဲ့ဖူးတဲ့ Manchester United ကုိသာ ျပန္လည္ေရာက္လာဖြယ္ရွိတယ္လုိ႔ စပိန္သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ ဒါ့ေၾကာင့္ Manchester United အသင္းမွာ ဆရာေဟာင္း José Mourinho နဲ႔ Cristiano Ronaldo ကုိ တစ္ေက်ာ့့့ျပန္ျမင့္ေတြ႕ ဖြယ္ရွိေၾကာင္း သုံးသပ္တင္ျပလုိက္ရပါတယ္။

ကုိးကား (သတင္းဓာတ္ပုံ) – Manchester United Evening News

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ယခုနှစ်နွေရာသီမှာ Cristiano Ronaldo ကို ရောင်းချမယ်လို့ Real Madrid အတည်ပြုလိုက်ပြီ

Real Madrid အသင်းဟာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အဓိကတိုက်စစ်မှူး Cristiano Ronaldo ကို ရောင်းချဖွယ်ရှိတယ်လို့ စပိန်အားကစားသတင်းစာ Diario Gol က အတည်ပြုဖော်ပြလိုက်ပါတယ်။ (၃၃) နှစ်ရှိလာပြီဖြစ်တဲ့ Cristiano Ronaldo ဟာ အသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး အဓိကပြိုင်ဘက် Messi ၊ Neymar တို့ထက် မလျော့တဲ့ လစာနှုန်းထားနဲ့ ကမ်းလှမ်းမှသာ စာချုပ်သက်တမ်းတိုးဖွယ်ရှိပါတယ်။ Cristiano Ronaldo ဟာ ကမ္ဘာ့ဖလားပွဲပြီးရင် အသင်းကနေ ထွက်ခွာမယ်လို့ ကစားဖော်တွေကို အသိပေးခဲ့ကြောင်း စပိန်သတင်းစာက ဆက်လက်ဖော်ပြခဲ့ပါတယ်။

Real Madrid အသင်းဥက္ကဌ Florentino Pérez အနေနဲ့ အသက်အရွယ်ရလာပြီဖြစ်တဲ့ Cristiano Ronaldo ကို မြင့်မားတဲ့ လစာနဲ့ စာချုပ်သက်တမ်းရှည် တိုးဖွယ်မရှိဘဲ Neymar ၊ Salah တို့လို လူငယ်တိုက်စစ်မှူးတွေနဲ့သာ အစားထိုးဖွယ်ရှိပါတယ်။

Cristiano Ronaldo ဟာ တစ်ပတ်လုပ်ခ ၃၆၅,ဝဝဝ ပေါင် (အခွန်ဆောင်ပြီး) ရရှိနေပြီး ၂ဝ၂၁ခုနှစ် ဇွန်လ (၃ဝ) ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Real Madrid အသင်းအနေနဲ့လည်း Cristiano Ronaldo ခြေစွမ်းကောင်းတုန်းမှာ ရောင်းချဖွယ်ရှိပါတယ်။

PSG အသင်းကလည်း Cristiano Ronaldo ကို စိတ်ဝင်စားနေပြီး အသင်းဟောင်း Manchester United ကလည်း မျက်စိကျနေပါတယ်။ သူ့အနေနဲ့ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားပွဲကိုသာ အာရုံစိုက်နေပြီး ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် (၄) ဂိုးသွင်းယူထားပါတယ်။

Cristiano Ronaldo အနေနဲ့ သူကျင်လည်ခဲ့ဖူးတဲ့ Manchester United ကိုသာ ပြန်လည်ရောက်လာဖွယ်ရှိတယ်လို့ စပိန်သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဒါ့ကြောင့် Manchester United အသင်းမှာ ဆရာဟောင်း José Mourinho နဲ့ Cristiano Ronaldo ကို တစ်ကျော့ပြန်မြင့်တွေ့ ဖွယ်ရှိကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ကိုးကား (သတင်းဓာတ်ပုံ) – Manchester United Evening News

ကျော်စိုးအောင် (အခရာ)

www.akhayar.com