[Zawgyi]

အိမ္ကြင္းမွာ အက္စပန္ညိဳအသင္းကို အႏိုင္ရဖို႔ ခက္ခဲခဲ႔တဲ႔ ရီးယဲလ္မက္ဒရစ္

လာလီဂါမွာ ႏိုင္ပြဲလိုအပ္ေနတဲ႔ ရီးယဲလ္အသင္းဟာ အိမ္ကြင္းမွာ အက္စပန္ညိဳအသင္းကို အႏိုင္ရဖို႔ ခက္ခက္ခဲခဲ ကစားခဲ႔ရပါတယ္။ ရီးယဲလ္အသင္းဟာ အသင္းရဲ႕အဓိကကစားသမားတခ်ိဳ႕ကို အသံုးမျပဳခဲ႔တာေၾကာင္႔လည္း အခုလိုခက္ခဲခဲ႔တယ္လို႔ ယူဆရပါလိမ္႔မယ္။

ရီးယဲလ္မက္ဒရစ္ ( ၁ – ၀ ) အက္စပန္ညိဳ

Asensio-Celebrate

Asensio-Celebrate

ရီးယဲလ္အသင္းဟာ အသင္းရဲ႕အဓိက ကစားသမားေတြျဖစ္ၾကတဲ႔ ေဘးလ္ Bale ၊ မာဆယ္လို Marcelo တို႔ကိုအသံုးမျပဳခဲ႔သလို အသင္းရဲ႕ဂိုးေပါက္ကိုလည္း ေကာ္တိုအာ Courtois က တာ၀န္ယူခဲ႔ပါတယ္။ အေ၀းကြင္း ေျခစြမ္းမေကာင္းတဲ႔ အက္စပန္ညိဳအသင္းဟာ ဒီပြဲမွာေတာ႔ အေကာင္းဆံုးပံုစံနဲ႔ ရီးယဲလ္အသင္းကို တံု႔ျပန္ကစားခဲ႔ပါတယ္။ အက္စပန္ညိဳအသင္းရဲ႕ ကစားပံုေၾကာင္႔ ရီးယဲလ္အသင္းဟာ ခက္ခဲခဲ႔ျပီး ႏွစ္သင္းလံုးဟာလည္း ကိုယ္စီဂိုးရႏိုင္မယ္႔ အခြင္႔အေရးေတြရခဲ႔ၾကေပမယ္႔ ဂိုးသမားေတြက လက္စြမ္းျပကာကြယ္ ေနခဲ႔ၾကတာေၾကာင္႔ သြင္းဂိ္ုးေတြနည္းခဲ႔ၾကတာပါ။ ရီးယဲလ္အသင္းအတြက္ တစ္လံုးထဲေသာ အဖိုးတန္ အႏိုင္ဂိုးကိုေတာ႔ အဆန္စီယို Asensio ကပြဲခ်ိန္(၄၁)မိနစ္မွာ သြင္းယူခဲ႔တာျဖစ္ပါတယ္။ လက္ရိွမွာေတာ႔ ရီးယဲလ္အသင္းဟာ လာလီဂါ(၅)ပြဲကစားအျပီးမွာ ရမွတ္(၁၃)မွတ္နဲ႔ လာလီဂါအမွတ္ေပးဇယားကို ဦးေဆာင္ထားပါတယ္။

လာလီဂါပြဲစဥ္(၅)ရလဒ္မ်ား

Huesca 0 – 1 Real Sociedad
Rayo Vallecano 1 – 5 Deportivo Alavés
Celta de Vigo 3 – 3 Real Valladolid
Eibar 1 – 0 Leganés
Getafe 0 – 2 Atlético Madrid
Real Madrid 1 – 0 Espanyol

Photo: Yahoo Sports , 10z Soccer
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အိမ်ကွင်းမှာ အက်စပန်ညိုအသင်းကို အနိုင်ရဖို့ ခက်ခဲခဲ့တဲ့ ရီးယဲလ်မက်ဒရစ်

လာလီဂါမှာ နိုင်ပွဲလိုအပ်နေတဲ့ ရီးယဲလ်အသင်းဟာ အိမ်ကွင်းမှာ အက်စပန်ညိုအသင်းကို အနိုင်ရဖို့ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ ရီးယဲလ်အသင်းဟာ အသင်းရဲ့အဓိကကစားသမားတချို့ကို အသုံးမပြုခဲ့တာကြောင့်လည်း အခုလိုခက်ခဲခဲ့တယ်လို့ ယူဆရပါလိမ့်မယ်။

ရီးယဲလ်မက်ဒရစ် ( ၁ – ၀ ) အက်စပန်ညို

Asensio-Celebrate

Asensio-Celebrate

ရီးယဲလ်အသင်းဟာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဘေးလ် Bale ၊ မာဆယ်လို Marcelo တို့ကိုအသုံးမပြုခဲ့သလို အသင်းရဲ့ဂိုးပေါက်ကိုလည်း ကော်တိုအာ Courtois က တာဝန်ယူခဲ့ပါတယ်။ အဝေးကွင်း ခြေစွမ်းမကောင်းတဲ့ အက်စပန်ညိုအသင်းဟာ ဒီပွဲမှာတော့ အကောင်းဆုံးပုံစံနဲ့ ရီးယဲလ်အသင်းကို တုံ့ပြန်ကစားခဲ့ပါတယ်။ အက်စပန်ညိုအသင်းရဲ့ ကစားပုံကြောင့် ရီးယဲလ်အသင်းဟာ ခက်ခဲခဲ့ပြီး နှစ်သင်းလုံးဟာလည်း ကိုယ်စီဂိုးရနိုင်မယ့် အခွင့်အရေးတွေရခဲ့ကြပေမယ့် ဂိုးသမားတွေက လက်စွမ်းပြကာကွယ် နေခဲ့ကြတာကြောင့် သွင်းဂိုးတွေနည်းခဲ့ကြတာပါ။ ရီးယဲလ်အသင်းအတွက် တစ်လုံးထဲသော အဖိုးတန် အနိုင်ဂိုးကိုတော့ အဆန်စီယို Asensio ကပွဲချိန်(၄၁)မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရီးယဲလ်အသင်းဟာ လာလီဂါ(၅)ပွဲကစားအပြီးမှာ ရမှတ်(၁၃)မှတ်နဲ့ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။

လာလီဂါပွဲစဉ်(၅)ရလဒ်များ

Huesca 0 – 1 Real Sociedad
Rayo Vallecano 1 – 5 Deportivo Alavés
Celta de Vigo 3 – 3 Real Valladolid
Eibar 1 – 0 Leganés
Getafe 0 – 2 Atlético Madrid
Real Madrid 1 – 0 Espanyol

Photo: Yahoo Sports , 10z Soccer
Ko Kyue(Akhayar)
www.akhayar.com