[Zawgyi]

ရီးယဲလ္အသင္းကို ေျပာင္းေရႊ႕ေတာ႔မယ္႔ ခ်ယ္လ္ဆီးဂိုးသမား ေကာ္တိုအာ Courtois

သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚေနတဲ႔ အတိုင္း ခ်ယ္လ္ဆီးဂိုးသမား ေကာ္တိုအာ Courtois
ဟာ စပိန္ထိပ္သီးအသင္းၾကီးတစ္သင္းျဖစ္တဲ႔ ရီးယဲလ္မက္ဒရစ္အသင္းကိုေျပာင္းေရႊ႕ေတာ႔မွာျဖစ္ပါတယ္။ေကာ္တိုအာ Courtois ဟာ ရီးယဲလ္မက္ဒရစ္အသင္းကိုေျပာင္းေရႊ႕ဖို႔အတြက္ ခ်ယ္လ္ဆီးအသင္းရဲ႕ေလ႔က်င္႔ခန္းအစီအစဥ္ေတြကို ခြင့္မဲ့ပ်က္ကြက္မႈေတြျပဳလုပ္ခဲ႔သူျဖစ္ျပီး လက္ရိွအခ်ိန္မွာေတာ႔ သူ႔ရဲ႕စိတ္ဆႏၵက ျပည္႕၀သြားခဲ႔ျပီလို႔ဆိုရမွာပါ။ ခ်ယ္လ္ဆီးအသင္းဟာလည္း ဘီလ္ဘာအိုဂိုးသမား ကီပါ Kepa ကို ကမၻာ႔စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူႏိုင္ခဲ႔ျပီျဖစ္တာေၾကာင့္ အခုလိုမ်ိဳး ေကာ္တိုအာ Courtois ကို လက္လႊတ္ခဲ႔တာပဲျဖစ္ပါတယ္။

Courtois

Courtois

ရီးယဲလ္မက္ဒရစ္အသင္းဟာ ေကာ္တိုအာ Courtois ကို ေျပာင္းေရႊ႕ေၾကးေပါင္(၃၅)သန္းနဲ႔ ေခၚယူမွာျဖစ္ျပီး (၆)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာပါ။ အေျပာင္းအေရႊ႕ရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ရီးယဲလ္မက္ဒရစ္အသင္း ဟာ အသင္းရဲ႕ကြင္းလယ္လူ ကိုဗာခ်စ္ Kovacic ကိုတစ္ရာသီအငွားနဲ႔ ခ်ယ္လ္ဆီးအသင္းထံ ေျပာင္းေရႊ႕ခြင္႔ျပဳခဲ႔ရပါတယ္။ ေကာ္တိုအာ Courtois ဟာ ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ ျမိဳ႕ခံျပိဳင္ဘက္ အက္သလက္တီကိုမက္ဒရစ္အသင္းမွာ ကစားဖူးသူျဖစ္ျပီး လက္ရိွအခ်ိန္မွာေတာ႔ မက္ဒရစ္ျမိဳ႕ခံႏွစ္သင္းစလံုး မွာကစားဖူးတဲ႔ ဂိုးသမားျဖစ္လာေတာ႔မွာပါ။ေကာ္တိုအာ Courtois ဟာ ရီးယဲလ္မက္ဒရစ္အသင္းနဲ႔ ဒီေန႔မွာ ေဆးစစ္မႈခံယူသြားမွာလည္း ျဖစ္ပါတယ္။

Courtois-With-Premier-League-Trophy

Courtois-With-Premier-League-Trophy

အသက္(၂၆)ႏွစ္အရြယ္ရိွျပီျဖစ္သူ ေကာ္တိုအာ Courtois ဟာ ခ်ယ္လ္ဆီးအသင္းအတြက္ ပြဲေပါင္း(၁၅၄)ပြဲကစားခဲ႔ျပီး အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို (၂)ၾကိမ္ ၊ FA Cup ခ်န္ပီယံဆုကို (၁)ၾကိမ္ ၊ လိဂ္ဖလား ခ်န္ပီယံဆုကို (၁)ၾကိမ္ရရိွခဲ႔ပါတယ္။

REF: Daily Mail
Photo: Metro , Evening Standard , Sport Intelligence
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်အသင်းကို ပြောင်းရွှေ့တော့မယ့် ချယ်လ်ဆီးဂိုးသမား ကော်တိုအာ Courtois

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ အတိုင်း ချယ်လ်ဆီးဂိုးသမား ကော်တိုအာ Courtois
ဟာ စပိန်ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ကော်တိုအာ Courtois ဟာ ရီးယဲလ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို ခွင့်မဲ့ပျက်ကွက်မှုတွေပြုလုပ်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့စိတ်ဆန္ဒက ပြည့်ဝသွားခဲ့ပြီလို့ဆိုရမှာပါ။ ချယ်လ်ဆီးအသင်းဟာလည်း ဘီလ်ဘာအိုဂိုးသမား ကီပါ Kepa ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် အခုလိုမျိုး ကော်တိုအာ Courtois ကို လက်လွှတ်ခဲ့တာပဲဖြစ်ပါတယ်။

Courtois

Courtois

ရီးယဲလ်မက်ဒရစ်အသင်းဟာ ကော်တိုအာ Courtois ကို ပြောင်းရွှေ့ကြေးပေါင်(၃၅)သန်းနဲ့ ခေါ်ယူမှာဖြစ်ပြီး (၆)နှစ်စာချုပ်ချုပ်ဆိုသွားမှာပါ။ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်း ဟာ အသင်းရဲ့ကွင်းလယ်လူ ကိုဗာချစ် Kovacic ကိုတစ်ရာသီအငှားနဲ့ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ခွင့်ပြုခဲ့ရပါတယ်။ ကော်တိုအာ Courtois ဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ကစားဖူးသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ မက်ဒရစ်မြို့ခံနှစ်သင်းစလုံး မှာကစားဖူးတဲ့ ဂိုးသမားဖြစ်လာတော့မှာပါ။ကော်တိုအာ Courtois ဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဒီနေ့မှာ ဆေးစစ်မှုခံယူသွားမှာလည်း ဖြစ်ပါတယ်။

Courtois-With-Premier-League-Trophy

Courtois-With-Premier-League-Trophy

အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ ကော်တိုအာ Courtois ဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း(၁၅၄)ပွဲကစားခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၂)ကြိမ် ၊ FA Cup ချန်ပီယံဆုကို (၁)ကြိမ် ၊ လိဂ်ဖလား ချန်ပီယံဆုကို (၁)ကြိမ်ရရှိခဲ့ပါတယ်။

REF: Daily Mail
Photo: Metro , Evening Standard , Sport Intelligence
Ko Kyue(Akhayar)
www.akhayar.com